မိုင္းခတ္ၿမိဳ႕နယ္၊ အင္၀မ္မတ္ ေက်းရြာမွ မီးေဘးသင့္ ေဒသခံ တိုင္းရင္းသား ျပည္သူမ်ားအား အသုံးအေဆာင္ ပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ ရာမ်ား ေထာက္ပံ့ေပးအပ္ 

မိုင္းခတ္ၿမိဳ႕နယ္၊ အင္၀မ္မတ္ ေက်းရြာမွ မီးေဘးသင့္ ေဒသခံ တိုင္းရင္းသား ျပည္သူမ်ားအား အသုံးအေဆာင္ ပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ ရာမ်ား ေထာက္ပံ့ေပးအပ္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၂၃ 

 

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မုိင္းခတ္ၿမိဳ႕ နယ္၊ ၀မ္အြန္ေက်းရြာအုပ္စု၊ အင္၀မ္မတ္ ေက်းရြာ၌ ေဖေဖာ္၀ါရီ ၁၂ ရက္ မြန္းလြဲပိုင္း တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ အဆိုပါမီးေဘး သင့္ေဒသခံ တုိင္းရင္းသားျပည္သူမ်ားအား ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ခင္လႈိင္ႏွင့္အဖဲြ႕၀င္မ်ားက ေဖေဖာ္၀ါရီ ၂၂ရက္ ေန႔လယ္ပိုင္းတြင္သြားေရာက္၍ အသံုးအေဆာင္ပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာ မ်ားအား ဒုတိယအႀကိမ္ေထာက္ပံ့ေပးအပ္သည္။ 

 

ထိုသို႔ေထာက္ပ့ံ ေပးအပ္ရာတြင္ တုိင္းမွဴး ႏွင့္အဖဲြ႕၀င္မ်ားက ေငြက်ပ္ ကိုးသိန္းေက်ာ္ တန္ဖိုးရွိ င႐ုတ္သီးေျခာက္ ၁၅ ပိႆာ၊ ဆန္ ၾကာဆံ ၁၂၀ ထုပ္၊ မုန္႔တီေျခာက္ ၁၂၀ ထုပ္၊ အသားတု ၁၄ ပိႆာ၊ အာလူး ၃၀ ပိႆာ၊ ဘီစကြတ္ ၆၀ ထုပ္၊ ေရႊဖီဦးအသင့္ေဖ်ာ္ လက္ဖက္ရည္ ၆၀ ထုပ္၊ အာပဲ့ေျခာက္ ၁၅ ပိႆာ၊ ေခါက္ဆြဲေျခာက္ ၆၀ ဖာႏွင့္ အ၀တ္ ေလွ်ာ္ဆပ္ျပာရည္ ၆၀ ဘူးတို႔အား ေထာက္ပံ့ ေပးအပ္ခဲ့ၿပီး ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈမ်ားအား ၾကည့္႐ႈ၍ ဌာနဆုိင္ရာ မ်ားႏွင့္ လိုအပ္သည္မ်ား ညိႇႏႈိင္း ေဆာင္ရြက္ေပးသည္။ 

 

ယင္းေနာက္ ညေနပုိင္းတြင္ တုိင္းမွဴးႏွင့္ အဖဲြ႕၀င္မ်ားက က်ဳိင္းတံုၿမိဳ႕၊ ႐ိုမန္ကက္သလစ္ ဘုရားေက်ာင္းသို႔ သြားေရာက္ၿပီး ေဖေဖာ္၀ါရီ ၂၀ ရက္တြင္ ခရစ္ေတာ္၌အိပ္ေပ်ာ္သြားသည့္ က်ဳိင္းတံုကက္သလစ္ဂိုဏ္းအုပ္ဆရာေတာ္ ပီတာ လြီးစ္က်ာခူ အတြက္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ေပးပို႔သည့္ ၀မ္းနည္း ေၾကာင္းသ၀ဏ္လႊာအား တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္ ကိုယ္စား တုိင္းမွဴးက ေပးအပ္ရာ ဖာသာရ္ေပါလ္စိုင္းခမ္းမွ လက္ခံရယူသည္။ အဆိုပါ ကက္သလစ္ဂုိဏ္းအုပ္ ဆရာေတာ္၏ ႂကြင္းက်န္ရစ္ေသာ ႐ုပ္ကလာပ္အား ဂူသြင္းသၿဂႋဳဟ္ျခင္းကို ႐ိုမန္ကက္သလစ္ ဘုရား ေက်ာင္း၀င္းအတြင္း ေဖေဖာ္၀ါရီ ၂၄ ရက္တြင္ ျပဳလုပ္ သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။    

 

(Unicode Version)

 

 မိုင်းခတ်မြို့နယ်၊ အင်ဝမ်မတ် ကျေးရွာမှ မီးဘေးသင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား အသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ် 

နေပြည်တော် ဖေဖော်ဝါရီ ၂၃ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့ နယ်၊ ဝမ်အွန်ကျေးရွာအုပ်စု၊ အင်ဝမ်မတ် ကျေးရွာ၌ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်း တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးဘေး သင့်ဒေသခံ တိုင်းရင်းသားပြည်သူများအား တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့်အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၂ရက် နေ့လယ်ပိုင်းတွင်သွားရောက်၍ အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များအား ဒုတိယအကြိမ်ထောက်ပံ့ပေးအပ်သည်။ 

ထိုသို့ထောက်ပံ့ ပေးအပ်ရာတွင် တိုင်းမှူး နှင့်အဖွဲ့ဝင်များက ငွေကျပ် ကိုးသိန်းကျော် တန်ဖိုးရှိ ငရုတ်သီးခြောက် ၁၅ ပိဿာ၊ ဆန် ကြာဆံ ၁၂၀ ထုပ်၊ မုန့်တီခြောက် ၁၂၀ ထုပ်၊ အသားတု ၁၄ ပိဿာ၊ အာလူး ၃၀ ပိဿာ၊ ဘီစကွတ် ၆၀ ထုပ်၊ ရွှေဖီဦးအသင့်ဖျော် လက်ဖက်ရည် ၆၀ ထုပ်၊ အာပဲ့ခြောက် ၁၅ ပိဿာ၊ ခေါက်ဆွဲခြောက် ၆၀ ဖာနှင့် အဝတ် လျှော်ဆပ်ပြာရည် ၆၀ ဘူးတို့အား ထောက်ပံ့ ပေးအပ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှု၍ ဌာနဆိုင်ရာ များနှင့် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 
 

ယင်းနောက် ညနေပိုင်းတွင် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကျိုင်းတုံမြို့၊ ရိုမန်ကက်သလစ် ဘုရားကျောင်းသို့ သွားရောက်ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ခရစ်တော်၌အိပ်ပျော်သွားသည့် ကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်ဆရာတော် ပီတာ လွီးစ်ကျာခူ အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပေးပို့သည့် ဝမ်းနည်း ကြောင်းသဝဏ်လွှာအား တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူးက ပေးအပ်ရာ ဖာသာရ်ပေါလ်စိုင်းခမ်းမှ လက်ခံရယူသည်။ အဆိုပါ ကက်သလစ်ဂိုဏ်းအုပ် ဆရာတော်၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်အား ဂူသွင်းသင်္ဂြိုဟ်ခြင်းကို ရိုမန်ကက်သလစ် ဘုရား ကျောင်းဝင်းအတွင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။             

Recent News