ခႏ္ၱီးၿမိဳ႔နယ္၊ စိန္နန္းေက်းရြာရွိ သံဃာေတာ္မ်ားႏွင္႕ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ 

ခႏ္ၱီးၿမိဳ႔နယ္၊ စိန္နန္းေက်းရြာရွိ သံဃာေတာ္မ်ားႏွင္႕ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ 

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၂၃ 

 

စစ္ကိုင္းတိုင္းေဒသႀကီး၊ ခႏ္ၲီးၿမိဳ႕နယ္၊ စိန္နန္းေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္ေဒသခံျပည္သူမ်ားကို ယေန႔နံနက္ပိုင္းတြင္ အေနာက္ ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆး ကုသေရးအဖြဲ႕က အဆိုပါေက်းရြာရွိ သာသနဟိတေက်ာင္းတိုက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ႏွစ္ပါးႏွင့္ ေဒသခံျပည္သူ ၂၁၆ ဦးတို႔ကို ေသြးတိုးေရာဂါ၊ ဆီးလမ္းေၾကာင္းဆိုင္ရာေရာဂါ၊ အေရျပားေရာဂါ၊ အစာအိမ္ႏွင့္အူလမ္းေၾကာင္းဆိုင္ရာေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အသက္႐ွဴ လမ္းေၾကာင္းဆိုင္ရာေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလုံး စမ္းသပ္ေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ယင္းသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို တိုင္းစစ္ဌာနခ်ဳပ္၊ ခႏ္ၲီးတပ္နယ္မွ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၱေခမိႏၱအား ဖူးေျမာ္၍ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္လွဴဖြယ္ ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္း ခဲ့ေၾကာင္း သတင္း ရရွိသည္။        

(Unicode Version)

 

ခန်္တီးမြို့နယ်၊ စိန်နန်းကျေးရွာရှိ သံဃာတော်များနှင့်ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် 

နေပြည်တော် ဖေဖော်ဝါရီ ၂၃ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန်္တီးမြို့နယ်၊ စိန်နန်းကျေးရွာရှိ သံဃာတော်များနှင့်ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ သာသနဟိတကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်နှစ်ပါးနှင့် ဒေသခံပြည်သူ ၂၁၆ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံး စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်၊ ခန်္တီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တခေမိန္တအား ဖူးမြော်၍ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။  

Recent News