ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူများက အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်နေသည့် အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြား

ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူများက အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်နေသည့် အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့နှင့်သတင်းမီဒီယာများ ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲမှ ကောက်နုတ် ဖော်ပြချက်

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော် ကမေးမြန်းရာတွင် ရခိုင်တိုက်ပွဲများ    ပြင်းပြင်းထန်ထန်ဖြစ်ပွားလာသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်၌ ရဲစခန်းများ အများကြီး ဝင်တိုက်ခံရသည့်နောက်ပိုင်း   တိုက်ပွဲများ ပိုပြင်းထန်လာကြောင်း၊ ယခုဆိုရင် ရခိုင်မှာ တိုက်ပွဲရှောင် ဒုက္ခသည်များ ဒေသတွင်း သတင်းများအရ တစ်သိန်းကျော်ခန့် ရှိသည်ဟု သိရကြောင်း၊ တိုက်ပွဲများကလည်း နေရာအနှံ့ မြောက်ဦး၊ပုဏ္ဏားကျွန်း၊ မင်းပြား၊ ယခုနောက်ပိုင်း ပလက်ဝတို့တွင်လည်း တိုက်ပွဲများပြင်းထန်နေကြောင်း၊ ရခိုင်ပြဿနာက စစ်ရေးနည်းလမ်းဖြင့်      ဖြေရှင်း၍ရနိုင်မလား၊ ပြေလည်မည်ဟု   ဗိုလ်ချုပ်တို့ အနေဖြင့် ထင်ပါ သလား၊ AA ကို အပြတ်တိုက်၍ ရနိုင်မည်လား၊    အကယ်၍    မရပါက ဆွေးနွေးမှုဘက်ကို   ပိုပြီးဦးစားပေးရင် ပြေလည်နိုင်မည်လား မေးမြန်းခဲ့သည်။

ဗိုလ်ချုပ်စိုးနိုင်ဦးက ပြန်လည်ဖြေကြားရာတွင် ယခုမေးခွန်းသည် News Watch သတင်းဌာနမှ မေးမြန်းခဲ့သည့် မေးခွန်းနှင့် ဆက်စပ်နေပါကြောင်း၊ မိမိအနေဖြင့် ပြန်လည်ဖြေကြား လိုသည်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သားများသည် ပြည်သူ၏ အစိတ်အပိုင်းဖြစ်သည်ဟု ပြောကြားခဲ့ပါကြောင်း၊ တပ်မတော်သည် အစိုးရ၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်၏ တာဝန်မှာ ပြည်သူလူထုကို ကာကွယ်ရန်၊   အချုပ်အခြာအာဏာကို ကာကွယ်ရန်တို့ဖြစ်ပါကြောင်း၊ ရခိုင်ဖြစ်စဉ်နှင့် မရှေးမနှောင်းတွင်   ဖိလစ်ပိုင်နိုင်ငံ၌ မာရာဝီဖြစ်စဉ် ဖြစ်ပွားခဲ့ပါကြောင်း၊ ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မိမိအနေဖြင့်  အသေးစိတ် လေ့လာထားရှိကြောင်း၊ မည်သည့်အဆင့်တွင်     မည်သို့လုပ်ဆောင်သည်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိကြောင်း၊ မည်ကဲ့သို့    လုပ်ဆောင်ခဲ့သည်များကို သတင်းထောက်များ အနေဖြင့် အသေးစိတ် လေ့လာကြည့်စေလိုပါကြောင်း၊ မာရာဝီမြို့တွင် လူဦးရေ နှစ်သိန်းကျော်ရှိကြောင်း၊ တိုက်ပွဲများ ပြီးဆုံးသွားသည့်အခါတွင် မြို့၏ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့ပြီး လူဦးရေ နှစ်သိန်းကျော်သည်လည်း ဒုက္ခသည်များ ဖြစ်သွားခဲ့ပါကြောင်း၊ အရပ်သား ၈၇ ဦးခန့် သေဆုံးခဲ့ပါကြောင်း၊ အဆိုပါဖြစ်စဉ်တွင် မောတေနှင့် အဘူဆေရက်ဖ် စစ်သွေးကြွ အဖွဲ့တို့နှစ်ဖွဲ့ပေါင်းပြီး အင်အား ၅၀၀ ခန့်ဖြင့် စတင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် အင်အား ၁၅၀၀ ခန့်ဖြစ်လာကြောင်း၊ ဖိလစ်ပိုင် တပ်မတော်အနေဖြင့် အင်အား ၃၀၀၀ ခန့်ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းတွင် အင်အား ၆၅၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ရကြောင်း၊ ထို့ပြင်လေယာဉ်များ၊ အမြောက်များနှင့် သံချပ်ကာများ အပါအဝင် စစ်နည်းဗျူဟာမျိုးစုံ အသုံးပြုပြီး  တိုက်ခိုက်ခဲ့ကြောင်း၊  ထိုသို့  တိုက်ခိုက်နိုင်စေရန် အတွက် ထုတ်ပြန်ပေးထားသည့် အမိန့်များလည်း ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က မေးမြန်းရာတွင် ရခိုင်အရေးသည် ပြည်ထောင်စု ပြဿနာအဖြစ်   သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်က ပြောဖူးကြောင်း၊ ပြည်ထောင်စု ပြိုကွဲနိုင်သည်အထိ   စိတ်ပူကြောင်း၊ ၎င်းအပေါ်    တပ်မတော်အနေဖြင့် ဘယ်လောက်ထိ   စိတ္ပူလဲဆိုသည္ကို   သိလိုကြောင်း မေးမြန်းခဲ့သည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်းဖြေကြားရာတွင် ရခိုင်တွင် စစ်ရေးနှင့် ပတ်သက်ပြီး အနိမ့်အမြင့်ဖြစ်စဉ်များကို သိမှရမည်ဖြစ်ကြောင်း၊ AA ပြဿနာက ၂၀၁၉  ခုနှစ်  ဇန်နဝါရီလ ၄ ရက်မှာ စဖြစ်သည်ဟု မှတ်ယူကြကြောင်း၊ အမှန်မှာ AA နှင့် တပ်မတော်တိုက်ပွဲ စဖြစ်သည်မှာ ၂၀၁၅ ခုနှစ်  မတ်လ ၂၉ ရက်၌ ပလက်ဝမြို့နယ်   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ပြိုင်စိုရွာနားတွင် စတင်ဖြစ်ပွားကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နှင့် ဆက်စပ်နေသည့်   ပလက်ဝဘက်သို့ နည်းနည်းရောက်လာကြောင်း၊   ဘူးသီးတောင် မြောက်ဘက်ပိုင်းတွင် ရှိသည့်နေရာများတွင်  ဖြစ်ပွားခဲ့ကြောင်း၊  အရှိန်မြင့်လာသည်မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင်  ရဲစခန်းသုံးခုကို  တိုက်ခိုက်ပြီး အရှိန်မြင့်လာကြောင်း၊ ၂၀၁၉ ခုနှစ်တစ်နှစ်လုံးကို ခြုံငုံသုံးသပ်ကြည့်ပါက ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တော်တော်လေး အရှိန်အဟုန်ပြင်းထန်ကြောင်း၊ တပ်မတော် အနေဖြင့်လည်း သောင်းကျန်းမှု နှိမ်နင်းရေးကို တော်တော် လုပ်ယူခဲ့ရကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းခန့်တွင် ၎င်းတို့စတင်၍ 2020-Arakan Dream ပြောနေပြီဖြစ်ကြောင်း၊ ၎င်းတို့အဓိက လုပ်ဆောင်သည်မှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ အမ်းမြောက်ဘက်ခြမ်းတို့တွင် ရှိသည့် ရွာများမှ လူတွေအကုန်လုံးကို ၂၀၂၀ ပြည့်နှစ်တွင် လွတ်လပ်ရေးရရမည်ဟု ပြောဆိုပြီး စည်းရုံးကြောင်း၊    တချို့ရိုးသားသော လူတွေ တော်တော်လေးပါသွားကြောင်း၊ ၂၀၁၉ ခုနှစ် မေလမှသြဂုတ်လအတွင်း တပ်မတော်၏ သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ခြင်း၊ ပြည်သူလူထု ၎င်းတို့အပေါ်    ယုံကြည်ချက်မရှိတော့သည့် အချက်များကြောင့် အရှိန်နည်းနည်း တန့်သွားကြောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း 2020-ArakanDream ကို ၎င်းတို့အထဲမှ ပြန်လည်၍ မေးခွန်းထုတ်လာမှုများ ရှိကြောင်း၊ ၂၀၁၉ ခုနှစ်  နိုဝင္ဘာလ၊   ဒီဇင်ဘာလတို့တွင် တပ်မတော်၏ စခန်းများကို သိမ်းပိုက်နိုင်အောင် ကြိုးစားခဲ့မှုများ ရှိကြောင်း၊ ဥပမာ ပြောရမည်ဆိုပါက    လမ်းမကြီးနားတွင် ရှိသည့်  လင်းမြွေတောင်စခန်းကို သိမ်းပိုက်နိုင်အောင် ကြိုးစားခဲ့ကြောင်း၊ နှုံးဘူးစခန်းကိုလည်း သိမ်းပိုက်နိုင်အောင် ကြိုးစားခဲ့ကြောင်း၊ ကျောက်တော် အရှေ့ဘက်ခြမ်းတွင်ရှိသည့် စခန်းတစ်ခုကို သိမ်းပိုက်နိုင်အောင် ကြိုးစားကြောင်း၊ သို့သော်လည်း မအောင်မြင်ခဲ့ဘဲ ထိုသုံးခုလုံးတွင် ၎င်းတို့အနေဖြင့် အကျအဆုံး တော်တော်လေး များကြောင်း၊     ဧရာဝတီသတင်းဌာနက ထွန်းမြတ်နိုင်ကို သွားရောက် မေးမြန်းခဲ့ကြောင်း၊၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်ကို ရွှေ့သည့်ပုံစံမျိုး    ပြောထားကြောင်း၊ ဘာကြောင့်ရွှေ့လဲဆိုသည်မှာ မအောင်မြင်မှုကြောင့် တစ်မျိုး၊  လူထုက ဖိအားပေးလာပြီး    မေးခွန်းထုတ်တာက တစ်ကြောင်း စသည်တို့ကြောင့်ဖြစ်ကြောင်း၊ ပြန်လည်သုံးသပ်ကြည့်ပါက   2020-Arakan  Dreamနှင့်အတူ  ပြည်သူ့အာဏာပိုင် အဖွဲ့ဖွဲ့မည်ဆိုပြီး    ပြောဆိုထားမှုများ ရှိကြောင်း၊ ပြည်သူ့အာဏာပိုင်အဖွဲ့ ဖွဲ့မည်ဆိုပြီး အချို့အရာများကိုလည်း လုပ်ဆောင်မှုများ ရှိကြောင်း၊  အစားထိုးရန် လုပ်နေကြောင်း၊ သို့သော်လည်း   ဖြစ်ဖြစ်မြောက်မြောက်     မအောင်မြင်ကြောင်း၊ မအောင်မြင်သည့်အတွက် မိမိတို့ နောက်ထပ် ရရှိထားသော သတင်းများအရ ထိုအဖွဲ့ကို အထောက်အကူပေးနိုင်ရန်၊ ရွာတိုင်းတွင် ရှိနိုင်အောင်ဆိုပြီး AAA ဆိုသည့် အဖွဲ့ထပ်ဖွဲ့ကြောင်း၊ AAA ဆိုသည့် အဖွဲ့သည် သီးခြားအဖွဲ့မဟုတ်ဘဲ Arakan Army Assistants ဖြစ်ကြောင်း၊ ၎င်းတို့သည် အရပ်ဝတ်ဖြင့် ရွာထဲတွင်နေပြီး တစ်ရွာလျှင် လူ ၄၊ ၅၊ ၁၀     ယောက်တော့ ရှိရမည်၊ သင်တန်းတက်ရမည်ဆိုပြီး ၎င်းတို့ ညွှန်ကြားထားမှုများ ရှိကြောင်း၊    အကုန်လုံးမှာ လက်နက်မရှိဘဲ အဖွဲ့တစ်ဖွဲ့လျှင် လက်နက် နှစ်လက်၊ သုံးလက်ရှိကြောင်း၊ ၎င်းတို့၏ လုပ်ငန်းသည် သတင်းပေးရန်၊ အရှေ့ပြောခဲ့သည့် ခမီးချောင်း ကျေးရွာထဲတွင် လက်နက်ဖြင့် ပစ်ခတ်သွားမှုမျိုးသည်  ဤ AAA အဖွဲ့က လုပ်ဆောင်သည်ဟု ယူဆကြောင်း၊ ထိုအရာများကို ရွာတိုင်းတွင်ဖွဲ့ပြီး လှုပ်ရှားမှုများ ရှိကြောင်း၊   ၎င်းတို့၏လုပ်ဆောင်ချက်သည်       နောက်ဆုံးလေးလတွင် တော်တော်လေး အရှိန်ကျသွား၍ ၎င်းတို့၏ လုပ်ဆောင်ချက်ကို  ပြသနိုင်ရန်  ၂၀၂၀ ပြည့်နှစ်  နှစ်ဆန်းပိုင်းတွင်  စခန်းနှစ်ခုကိုအသည်းအသန် တိုက်နေကြောင်း၊ ပလက်ဝနှင့် ကျောက်တော်ကြားတွင် ရှိသည့် နှုံးဘူးစခန်းကို တိုက်သော်လည်း မရဘဲ အကျအဆုံး တော်တော်လေးများပြီး ထွက်ပြေးသွားကြောင်း၊   နောက်တစ်ခုက   မီးဝချောင်းစခန်းကို   တိုက်သည့်အချိန်တွင် လည်း  အကျအဆုံး တော်တော်လေးများကြောင်း၊  ယခုရက်ပိုင်းအတွင်း နှုံးဘူး၏ မြောက်ဘက်တွင်ရှိသည့်  ပွိုင့်-၈၈၆ စခန်းတစ်ခုကို တိုက်နေကြောင်း၊ ဒီမနက်ပိုင်းတွင်ပဲ တိုက်ပွဲများဖြစ်နေပြီး အကျအဆုံး တော်တော်များများဖြင့် ပြန်ပြီးဆုတ်သွားကြောင်း၊ ထိုသို့လုပ်ဆောင်မှုသည် ၎င်းတို့အနေဖြင့်  တစ်ခုခုကို ပြမှရမည်ဖြစ်၍ အသည်းအသန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အသည်းအသန် လုပ်နေရင်းဖြင့် ၎င်းတို့ လုပ်ဆောင်နေသည်မှာ  နှစ်ခုရှိကြောင်း၊  နံပါတ်(၁)က    အဆိုပါစခန်းများကို မရသည့်အတွက် မြို့ရွာများကို ဝင်ရောက်ပြီး အနှောင့်အယှက်ပေးလာကြောင်း၊  နံပါတ်(၂)က  မြို့ရွာများကို ပိုမိုအနှောင့်အယှက်ပေးလာပြီး  အဓိက ဘင်္ဂါလီနှင့် ခမီးရွာများကို ပိုပြီးဒုက္ခပေးလာကြောင်း၊ မြို့ရွာများကို ပိုမိုအနှောင့်အယှက် ပေးလာခြင်းကြောင့် ယမန်နေ့က တပ်မတော် အရာရှိတစ်ဦးကို  ကျောက်တော်မြို့တွင် ဖမ်းဆီးသတ်ဖြတ်သွားခြင်းမျိုး ရှိကြောင်း၊ဘဏ်မှာ ငွေသွားထုတ်သည့် အရာရှိတစ်ဦး၊ တပ်သားနှစ်ဦးကို    လူမျိုးရေး ပုံစံမျိုး လုပ်လာခြင်းကို တွေ့ရကြောင်း  ဖြေကြားသည်။

ဆက်လက်၍ သတင်းထောက် ဦးထက်နိုင်ဇော်က ရခိုင်တွင် AA ဆိုပြီး အဖမ်းခံရသည့်လူ ဘယ်လောက်ရှိပြီး တရားရုံးတင်ထားသူ ဘယ်လောက်ရှိကြောင်း၊ တရားရုံးက ပြန်လွှတ်ရသည့် လူဦးရေ ဘယ်လောက်ရှိကြောင်းနှင့် အမှုစစ်သည့် တရားသူကြီးကို AA ဘက်က ခြိမ်းခြောက်မှုရှိပြီး အဆိုပါ က္စိမျိုးကို  ဗိုလ်ချုပ်တို့အနေဖြင့်   သိပါသလား၊ အမှန်တကယ် ခြိမ်းခြောက်ခံရလျှင် တရားသူကြီးအတွက် မည်ကဲ့သို့ လုံခြုံရေး ဆောင်ရွက်ပေးမည်ကို   သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက    အဆိုပါမေးခွန်းနှင့် ပတ်သက်ပြီး သီးခြား ဖြေကြားစရာ မရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ သတင်းထောက် ဦးထက်နိုင်ဇော်က တပ်မတော်မှ တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားသည့် တပ်မတော်သား အရာရှိ၊ အခြားအဆင့် အများကြီး ရှိနိုင်ကြောင်း၊ ကျဆုံးသွားသည့် သူများအတွက် တပ်မတော်အနေဖြင့် ထောက်ပံ့ကြေး၊ နစ်နာကြေး ပေးခြင်းမျိုး ရှိပါသလား၊ ကျန်ရစ်ခဲ့သည့်   မိသားစုဝင်များကို   မည်ကဲ့သို့  ထောက်ပံ့မှုများ ပေးသလဲကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက   ပြန်လည်ဖြေကြားရာတွင် တပ်မတော်တွင် ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရ၊ မစွမ်းမသန်ဖြစ်သွားသည့်သူများနှင့် ပတ်သက်ပြီး စောင့်ရှောက်ပေးရမည့် ဥပဒေများ ရှိကြောင်း၊ ဥပဒေ အနေဖြင့် အဆိုပါ စစ်သည်များအား ထောက်ပံ့ပေးရန် အစိုးရက ထုတ်ပြန်ထားကြောင်း၊ တပ်မတော် လုပ်ထုံးလုပ်နည်းများ ရှိကြောင်း၊ ကျဆုံးစစ်သည်၊ ဒဏ်ရာရ စစ်သည်၊ ပင်စင်ယူသည့် စစ်သည်အတွက် မည်ကဲ့သို့ ထောက်ပံ့ရမည်နှင့်    ကျန်ရှိခဲ့သည့် မိသားစုဝင်များကို မည်သည့်အရာများကို ဘယ်အချိန်အထိ ခံစားခွင့်ရှိသည်

ကို လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း များစွာရှိကြောင်း၊ ကမ္ဘာပေါ်တွင် မိမိတို့ တပ်မတော်ကဲ့သို့   မိသားစုဝင်များကို စောင့်ရှောက်သည့် တပ်မတော် မရှိဘူးဟု မပြောလိုကြောင်း၊ သို့သော် နည်းပါးကြောင်း၊ တပ်မတော်သား၏ မိသားစုဝင်များကို ငွေကြေးအားဖြင့် လည်းကောင်း၊ ပစ္စည်းအားဖြင့် လည်းကောင်း၊ နေရာဌာနအားဖြင့် လည်းကောင်း လုံလောက်သည့် စောင့်ရှောက်မှုသာမက မိသားစု၊ ဆွေမျိုးအရင်းအချာကဲ့သို့ သေတစ်ပန်သက်ဆုံး စောင့်ရှောက်ပေးနေခြင်းများ ရှိပါကြောင်း၊ အဆိုပါ စောင့်ရှောက်မှုများအပေါ် အထင်လွဲအောင် တချို့ကပြောကြားမှုများ ရှိနေကြောင်း၊ ကာယကံရှင် စစ်သည်နှင့် မိသားစုဝင်များကို သွားရောက်မေးမြန်းကြည့်လျှင် သိမည်ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လုံလောက်သည့် အစီအမံများ၊ တာဝန်ဝတ္တရား အရသာမက ဆွေမျိုးသားချင်း မိသားစု အရင်းအချာကဲ့သို့ စောင့်ရှောက်ပေးနေကြောင်း၊ ဘယ်သောအခါမှ ပစ်ထားမည် မဟုတ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ သတင်းထောက် ဦးထက်နိုင်ဇော်က လွှတ်တော်အတွင်း ကြိုးစားနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ချက်များက တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချချင်၍ လုပ်ခြင်းဖြစ်ကြောင်းကို ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း၊ တပ်မတော်သဘောထား အမြင်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး သီးခြားဖြေကြားစရာ မရှိပါကြောင်း ဖြေကြားသည်။

Myanmar Now သတင်းဌာနမှ သတင်းထောက် မင်းမင်းက  ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် ကျွန်တော်မှတ်မိသလောက် တပ်မတော်က အငြိမ်းစားယူပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေ ဝင်ပြိုင်သည်မှာ ရာချီရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ဝင်ပြိုင်ရန် ရှိမလား၊ ယခု စတင် ကူးပြောင်းနေပြီလားကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက အဆိုပါကိစ္စနှင့် ပတ်သက်ပြီး    ယခင်ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲများတွင်    အကြိမ်ပေါင်းများစွာ ဖြေကြားခဲ့ပြီး ဖြစ်ကြောင်း၊အချိန်တန်လျှင် သိမည်ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ သတင်းထောက် မင်းမင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပြင် အခြားပါတီများကနေ ဝင်ပြိုင်ရန်ရှိ၊ မရှိ၊ ရခိုင်တွင် အင်တာနက်ပိတ်သည့် ကိစ္စတွင် ယမန်နေ့က အိမ်တော်သတင်းစာ ရှင်းလင်းပွဲတွင် ဦးဇော်ဌေး ပြောကြားချက်မှာ တပ်မတော်က တင်ပြချက်အရ၊ နိုင်ငံတော်ကာကွယ်ရေး လိုအပ်ချက်အရ ပိတ်ခြင်းဖြစ်ပြီး ထာဝရပိတ်ခြင်း မဟုတ်ကြောင်း၊ လိုအပ်လျှင် ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း အဆိုပါ ကိစ္စမျိုးရှိပြီး အကျိုးရှိကြောင်း၊ တစ်ဖက်တွင် နိုင်ငံတကာနှင့် ပြည်တွင်းလှုပ်ရှားမှု၊ လူ့အခွင့်အရေး လှုပ်ရှားမှုများက ပြည်သူများ၊ ဒေသခံများ၏ သတင်းအချက်အလက် သိပိုင်ခွင့်ကို   ပိတ်ပင်မှုမျိုး   ဝေဖန်ချက်များ ရှိပြီး မည်သည့်အခြေအနေတွင် ပြန်ဖွင့်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်စိုးနိုင်ဦးက ဖြေကြားရာတွင် တယ်လီဖုန်းလိုင်းများ အဆက်အသွယ် ရနေပါကြောင်း၊ သတင်းအချက်အလက် ရယူမှုအား တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်ပါကြောင်း၊ အင်တာနက်ဖြတ်တောက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ဝေဖန်မှုများအပေါ် ပြောကြားလိုသည်မှာ မိမိတို့ နိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်ခုဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏  သဘောတိုင်း  လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မည်သည့်အချိန်တွင် ပြန်ဖွင့်မည်ဆိုသည်မှာ ၎င်းတို့အပေါ်တွင်သာ မူတည်ပါကြောင်း၊ မြို့လယ်ကောင်တွင် လူသတ်ခြင်း၊ ဓားပြဆန်ဆန်ပြုမူနေခြင်း ရှိနေသည့် အဆိုပါ အဖွဲ့အား မည်သို့တုံ့ပြန်ရမည်နှင့် ပတ်သက်၍ သတင်းထောက်များ စဉ်းစားကြည့်စေလိုပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ဆက်လက်ပြီး  Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးမင်းမင်းက ဒီလိုအင်တာနက် ပိတ်ခြင်းအားဖြင့် တပ်မတော်အတွက် ဘယ်လိုမျိုး အကျိုးရှိလဲ သိချင်ပါကြောင်း မေးမြန်းခဲ့သည်။

ဗိုလ်ချုပ်စိုးနိုင်ဦးက  ဖြေကြားရာတွင် အချို့ကိစ္စရပ်များသည်   လုံခြုံရေးအရ ပြော၍ မရပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က  ရွေးကောက်ပွဲ ကာလ     နီးကပ်လာပြီဖြစ်တဲ့အတွက် အားလုံးကလည်း စိတ်ဝင်စားကြကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့သည့်အခါတိုင်း မငြိမ်းချမ်းသည့် နေရာများတွင် ရွေးကောက်ပွဲလုပ်နိုင်ရန် အနေအထား ရှိ၊မရှိ မေးမြန်းသည့်အခါ သူတို့က နေရာတိုင်းမှာ လုပ်မည်ဟု ပြောကြားကြောင်း၊ ရှေ့အစဉ်အဆက် လုပ်ခဲ့သည့် ရွေးကောက်ပွဲများတွင် ယခုလိုလုံခြုံရေးဆိုင်ရာ ရွေးကောက်ပွဲ ကျင်းပရန်  သင့်တော်၊  မသင့်တော်ခြင်းနှင့် ပတ်သက်ပြီး တပ်မတော်ကို  သဘောထား တောင်းခံခြင်းများ ရှိ၊ မရှိ၊ တပ်မတော်အနေဖြင့် သဘောထား မှတ်ချက်ပေးခဲ့ခြင်းများ ရှိ၊ မရှိကို သိချင်ပါကြောင်း၊ လက်ရှိ ဖြစ်နေသည့် အခြေအနေအပေါ် တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်း ရှိ၊ မရှိကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ရွေးကောက်ပွဲ ကျင်းပရန်ကိစ္စနှင့် ပတ်သက်၍ တပ်မတော်က တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်ခြင်း မရှိကြောင်း၊ ယခင်ရွေးကောက်ပွဲများ ကျင်းပသည့်အချိန်များတွင် ရွေးကောက်ပွဲ ကော်မရှင်အစည်းအဝေး၊ သတင်းထုတ်ပြန်ချက်များ၊ လုံခြုံရေးနှင့် ပတ်သက်သည့် ရွေးကောက်ပွဲ ကျင်းပမည့် မြို့၊ မြို့နယ် များတွင် မည်သည့်နေရာတွင် ကျင်းပမည်ကို ပြန်လေ့လာကြည့်ပါက တော်တော်များများ ဖော်ပြထားသည်ကို တွေ့နိုင်မည် ဖြစ်ကြောင်း ဖြေကြားသည်။

မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က ရခိုင်တွင် ဝန်ထမ်းများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး အထူးသဖြင့်  အရပ်သားဝန်ထမ်းများ  ဖမ်းဆီးခံရမှုသည်   အရမ်းကျယ်ပြန့်ကြောင်း၊ လက်နက်ကိုင်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများကို ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်သွားမှုမျိုး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယခုအခြေအနေမျိုးက အချိန်မရွေး ကြုံတွေ့နိုင်ကြောင်း၊ လက်နက်ကိုင် တပ်ဖွဲ့များ သွားလာမှုနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် အထူးညွှန်ကြားမှုမျိုး၊ လုံခြုံရေးအရ တာဝန်ယူပေးနိုင်ခြင်းမျိုး အခြေအနေ ရှိ၊မရှိသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် လက်နက်ကိုင် တပ်ဖွဲ့များ သွားလာသည့်အချိန်၊   သွားလာရာတွင် နှစ်ပိုင်းရှိကြောင်း၊  ပထမတစ်ပိုင်းသည် စစ်ဆင်ရေးအရ သွားလာခြင်းက စည်းမျဉ်း၊ စည်းကမ်းများနှင့် စစ်ဆင်ရေးအရ လက်နက်များနှင့် သွားလာမှုမျိုး ရှိကြောင်း၊     ယခု ဖမ်းဆီးခံရသည့် အများစုက တပ်မတော်မှ ဆိုသည်ထက် မေးခွန်း၏ ရည်ရွယ်ချက်က ရဲတပ်ဖွဲ့ဝင်များ အဖမ်းခံရခြင်း ဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သား မိသားစုဝင်များ အချို့က ခွင့်ပြန်ခြင်း၊ ၎င်းတို့၏ အုပ်ချုပ်မှုကိစ္စအတွက် သွားခြင်းသည် သာမန်ခရီးသွား အရပ်သားအနေဖြင့် သွားခြင်းဖြစ်ကြောင်း၊ မိမိတို့လည်း နေပြည်တော်မှ ခွင့်ပြန်မည်ဆိုပါက အရပ်ဝတ်ဖြင့်သာ သာမန်ခရီးသွားအနေဖြင့်သွားလာခြင်းဖြစ်ကြောင်း၊ ထိုအပေါ် အခွင့်ကောင်းယူ၍ လိုက်ဖမ်းနေခြင်းဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အခြေအနေက မည်မျှဆိုးသလဲ ဆိုရင် တပ်မတော်သားတစ်ဦး  သာမန်ခရီးသွားအနေဖြင့် သွားနေခြင်းမက အခြား လူမျိုးတစ်ယောက် လူမျိုးဟုပဲ ပြောချင်ကြောင်း၊ ရန်ကုန်ကနေ စစ်တွေကို ကားစီးသွားမည် ဆိုပါက အခြေအနေ မကောင်းနိုင်ကြောင်း၊  လက်တွေ့ဖြစ်နေသည့်  အခြေအနေဖြစ်ကြောင်း၊ စစ်ဆင်ရေးနှင့် ပတ်သက်၍  စစ်ဆင်ရေး လုံခြုံရေး တာဝန်များဖြင့် သွားလာနေသည်ကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေး အပြည့်အဝဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ နောက်ပိုင်းတွင် အုပ်ချုပ်မှုကိစ္စဖြင့် သွားလာလျှင်  ဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ဆောင်ပေးလျက် ရှိကြောင်း၊  အဆင့်ဆင့် သတင်းပို့၍ သွားလာနိုင်ရေးကို     လုပ်ဆောင်လျက်ရှိကြောင်း၊  နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်ပြီး အဆင့်ဆင့် သတင်းပို့ပြီး လုံခြုံရေးအရ ပေါင်းစပ်ညှိနှိုင်းပေးရန် အတွက် နယ်/လုံ ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့နှင့်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက  ဖြည့်စွက်ဖြေကြားရာတွင် စည်းမရှိ၊ ကမ်းမရှိသွားနေ၍ အဖမ်းခံရခြင်းမျိုးလား၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ဝန်ထမ်းများ၏ လုံခြုံရေးကို လုပ်မပေးခြင်းလား၊ အမိန့်မထုတ်ထားခြင်းလားဟု ဆိုရာတွင် တပ်မတော်က အမိန့်ညွှန်ကြားချက်များဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊စည်းကမ်းတွေနဲ့ သွားတာဖြစ်ကြောင်း၊ ဥပဒေမှာ နယ်ဘက်ဥပဒေ၊ စစ်ဘက်ဥပဒေ ဆိုတာရှိပြီး  ဒီဥပေဒေတြကို   လိုက်နာရကြောင်း၊ ပြီးရင် ထုတ်ပြန်ထားတဲ့ အမိန့်များရှိကြောင်း၊  အမိန့်အမျိုးအစား ငါးမျိုးခန့်ရှိကြောင်း၊  ဥပမာပြောရရင်  အုပ်ချုပ်ရေးအမိန့်၊  ဒေသန္တရအမိန့်၊  နောက်တစ်ခု တပ်မှာဆိုရင် Standing Order (တပ်တည်မြဲအမိန့်) ဆိုတာရှိကြောင်း၊ အဲဒီတပ်တည်မြဲအမိန့်အရ အဲဒီတပ်မှာ တာဝန်ထမ်းဆောင်သူ အားလုံး အရာရှိ၊ စစ်သည်၊ မိသားစု အပါအဝင်  အားလုံးလိုက်နာရကြောင်း၊ နောက်ဒေသန္တရအမိန့်ကို သီးခြားထုတ်ပြန်တာလည်း ရှိကြောင်း၊ လုံခြုံရေးနဲ့ ပတ်သက်ရင်လည်း အမိန့်တွေ၊ ဒေသန္တရအမိန့်တွေ၊ အုပ်ချုပ်မှုအမိန့်တွေ ဒါတွေနဲ့ သွားရတာဖြစ်ကြောင်း၊ အဲဒီအမိန့်တွေကို လူတိုင်းက လိုက်နာရတာဖြစ်ကြောင်း၊ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို လိုက်နာမှုမရှိဘဲ ပျက်ကွက်မယ်ဆိုရင် စစ်ဘက်ဥပဒေ နည်းလမ်းအရ အရေးယူ ဆောင်ရွက်တာရှိကြောင်း၊ ဥပမာ သာမန်အားဖြင့်  ဒီအတိုင်းပဲ  သေဆုံးသွားရင်တောင်မှ  ချက်ချင်းသေတယ်လို့ မသတ်မှတ်ကြောင်း၊ သေဆုံးခြင်း မှန်၊ မမှန် ရုတ်တရက်သေတဲ့ ကိစ္စမျိုးကို ဆိုလိုကြောင်း၊အဲလိုကိစ္စမျိုးကိုတောင်မှ စုံစမ်းစစ်ဆေးရေး ခုံရုံးနဲ့စစ်ဘက် ဥပဒေ လမ်းကြောင်းအရ စစ်ဆေးပြီးမှ လုပ်ဆောင်တာဖြစ်ကြောင်း၊ စစ်ဆင်ရေးဆိုရင်လည်း စစ်ဆင်ရေး အမိန့်ရှိကြောင်း၊   စစ်ဆင်ရေးအမိန့်ကို သူတို့လိုက်နာလား၊ မလိုက်နာဘူးလား၊ ခုနက ပြောသလို ကျဆုံးသွားတယ်။ ဖမ်းဆီးခံရတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်း မိမိတို့မှာ    အမိန့်တွေနဲ့ လုပ်ငန်းစဉ်တွေ အကုန်ရှိထားပြီးဖြစ်ကြောင်း၊ အဲဒီအမိန့်တွေနဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို  သူတို့ ဆင့်ကဲ့ဆင့်ကဲ လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် စစ်ဆင်ရေးအရ ဒီလိုလိုက်နာဖို့ ပျက်ကွက်တဲ့အတွက် သေဆုံးသွားတာသော် လည်းကောင်း၊ ဖမ်းဆီးခံရမှု ဖြစ်တာသော် လည်းကောင်း  အဲဒီအပေါ်မှာ ဒီအတိုင်းမထားကြောင်း၊ စုံစမ်းစစ်ဆေးရေး ခုံရုံးတွေ လုပ်ကြောင်း၊ ပြီးရင် တာဝန်ရှိတဲ့သူ အဆင့်ဆင့်ကို အရေးယူ ဆောင်ရွက်မှုတွေ လုပ်တာရှိကြောင်း၊ ဒါကြောင့်မို့ ဒါနဲ့ပတ်သက်ပြီးတော့ မီဒီယာတွေ သဘောပေါက်ထားဖို့ကဝန်ထမ်းဆိုလည်း ဝန်ထမ်းစည်းကမ်းတွေ ရှိသလို ရဲဆိုလည်း ရဲစည်းမျဉ်းစည်းကမ်း ရှိမှာဖြစ်ကြောင်း၊ ဥပမာ သတင်းမီဒီယာတွေ ဆိုရင်တောင် Code of Conduct ရှိတာဖြစ်လို့ ဒီအတိုင်းသွားရတာဖြစ်ကြောင်း၊ ဒါကြောင့် နေရာတကာမှာ လက်လွတ်စပယ် မလုပ်ကြောင်း၊  လိုက်နာအောင်လည်း ဆင့်ကဲ့ဆင့်ကဲ့  Chain  of  Command ဆိုတာရှိကြောင်း ဖြေကြားခဲ့သည်။

မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က ဆက်လက်မေးမြန်းရာတွင် ရခိုင်မှာ AA နဲ့ဖြစ်တဲ့ တိုက်ပွဲသတင်းတွေကတော့ အဆက်မပြတ် ကြားနေရကြောင်း၊ အဲဒီအချိန်မှာ ARSA ကတော့ နည်းနည်းငြိမ်နေကြောင်း၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီနယ်စပ်မှာ ARSA နဲ့တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းတက်လာပါကြောင်း၊ အဲဒီတော့ ဒီ ARSA ရဲ့လှုပ်ရှားမှု သတင်းနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ဘက်ကနေပြီး တော့ သတင်းထုတ်ပြန်လို့ ရနိုင်တဲ့အခြေအနေတွေ ရှိမယ်ဆိုရင်  ထုတ်ပြန်ပေးစေချင်ပါကြောင်း မေးမြန်းခဲ့သည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးအရ လိုအပ်တဲ့ သတင်းအချက်အလက်တွေနဲ့ လိုအပ်တဲ့ ကာကွယ်ရေးဆိုင်ရာ၊ စစ်ရေးပိုင်းဆိုင်ရာ အမြင်နဲ့  အားလုံးသုံးသပ်ပြီး ဆောင်ရွက်နေတယ် ဆိုတာကိုပဲ ဖြေကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ပြီး ဗိုလ်ချုပ်စိုးနိုင်ဦးက   ဖြည့်စွက်ဖြေကြားရာတွင် နိုင်ငံတစ်နိုင်ငံ၌ အမျိုးသား အကျိုးစီးပွား (National Interest))ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏  National   Interest သည် ဒို့တာဝန်အရေးသုံးပါး ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲ၍ မရပါကြောင်း၊ နိုင်ငံရေးစနစ် မတူညီသည့် ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးနှစ်ခုကြားတွင် တည်ရှိနေသဖြင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသား အကျိုးစီးပွားတွင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထည့်ထားခြင်းဖြစ်ပါကြောင်း၊ နောက်တစ်ခုမှာ  ပြည်ထောင်စု မပြိုကွဲရေး ဖြစ်ပါကြောင်း၊    မည်သည့်နယ်မြေမှပဲ့ထွက်သွား၍ မရပါကြောင်း၊ ထိုတာဝန်များကို တပ်မတော်အနေဖြင့် ထမ်းဆောင်နေပါကြောင်း၊ တစ်ဖက်တွင်လည်း Rightsများ ရှိနေပါကြောင်း၊ လူ့အခွင့်အရေး အပါအဝင Rights များနှင့် Interestတို့ ထိပ်တိုက်တိုးခြင်းများ    ရှိနေပါကြောင်း၊ အဆိုပါ အခြေအနေများကြားတွင် တပ်မတော်အနေဖြင့် သတိထား၍ လုပ်ဆောင်နေရပါကြောင်း၊ တပ်မတော်သညှု Interest မထိခိုက်စေရေး ဆောင်ရွက်ရာ၌ မိမိတို့ အပေါ် သက်ရောက်လာမည့် Rights များနှင့် ပတ်သက်၍ သတိထား လုပ်ဆောင်နေရပါကြောင်း၊ ထို့ကြောင့် တပ်မတော်အပေါ် အားမရမှုများ ရှိကောင်းရှိနိုင်ပါကြောင်း၊မိမိတို့တွင် အထက်ပါ ကိစ္စရပ်များ ရှိနေသဖြင့် ၎င်းအပေါ်တွင် မီဒီယာများ အနေဖြင့် နားလည်မှုရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းပြည်ပဲ့ ပါမသွားစေရေး၊ အချုပ်အခြာအာဏာ မဆုံးရှုံးစေရေးတို့အတွက် အားလုံးတွင် တာဝန်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

BBC သတင်းဌာနမှ သတင်းထောက်  အောင်သူရက ဒီနှစ် တပ်မတော်နေ့မှာ NLD ပါတီနာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးကို ဖိတ်ကြားမယ်လို့ကြားကြောင်း၊  သူ့ကို ဒီနှစ်ကျမှ ဘာလို့ဖိတ်တာလဲ ဆိုတာကို ရှင်းပြပေးစေလိုကြောင်း မေးမြန်းခဲ့သည်။

ဗိုလ်ချုပ် ထွန်းထွန်းညီက ရှေ့တွင် ဖြေတဲ့အထဲမှာ ပါသွားပြီးဖြစ်ကြောင်း၊ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတွေ၊ ဖိတ်ကြားသင့်၊ ဖိတ်ကြားထိုက်တဲ့ ပုဂ်္ဂိုလ်တွေကို ဖိတ်ကြားဖို့ စီစဉ်နေတာတွေ ရှိကြောင်း၊ တပ်မတော်ရဲ့ ၇၅ နှစ်ဆိုတဲ့ သက်တမ်းက တကယ်တမ်းကြုံတွေ့ရဖို့ ခက်ခဲတဲ့ ကာလတစ်ခုဖြစ်ကြောင်း၊ ဒီကာလမှာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ်္ဂိုလ်တွေ၊ ဖိတ်ကြားသင့်၊ ဖိတ်ကြားထိုက်တဲ့ ပုဂ်္ဂိုလ်တွေ အားလုံးကို ဖိတ်ကြားနိုင်အောင်အတွက် စီစဉ်ဆောင်ရွက်နေတာရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး BBC  သတင်းဌာနမှ သတင်းထောက်အောင်သူရက ပြီးခဲ့တဲ့ ရက်ပိုင်းက KNUနဲ့ တပ်မတော်ညှိနှိုင်းရေး အဖွဲ့နဲ့ တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေ့ရပါကြောင်း၊ KNUဘက်ကို မေးကြည့်တဲ့အခါမှာ ဒီလမ်းဖောက်တဲ့ ကိစ္စကို ဆွေးနွေးကြတယ်လို့ သိရပါကြောင်း၊ လမ်းဖောက်လုပ်ရေးနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ဘက်က   ဒီကိစ္စကို   ဆက်လုပ်ဖြစ်မှာလား၊   သူတို့နဲ့ဆွေးနွေးတဲ့အခါ ဘယ်လိုအဖြေရလဲ သိချင်ပါကြောင်း မေးမြန်းခဲ့သည်။

ဗိုလ်ချုပ်စိုးနိုင်ဦးက ပြန်လည်ဖြေကြားရာတွင် လမ်းဖောက်လုပ်သည့် ကိစ္စနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော အဖွဲ့အား တာဝန်ပေးအပ်ထားပါကြောင်း၊ နံပါတ် ၁ အနေဖြင့် ပြောလိုသည်မှာ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော အဖွဲ့နှင့် KNUတို့ ဆွေးနွေးမှုများ ပြုလုပ်နေပါကြောင်း၊ နံပါတ် ၂ အနေဖြင့် ပြောလိုသည်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်ရင်းမှူးကာလ၊ တပ်မမှူး ကာလများတွင် ကရင်ပြည်နယ်၌ တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားပါကြောင်း၊ တပ်မတော်အနေဖြင့် ယခုလမ်းဖောက်လုပ်ခြင်းသည် လမ်းဟောင်းကို ပြုပြင်ခြင်းသာဖြစ်ပါကြောင်း၊ ၎င်းလမ်းအား KNU အပါအဝင် အရပ်သားများအားလုံး သုံးစွဲခွင့်ရှိပါကြောင်း၊ ၎င်းက္စိရပ်အပေါ် အမြင်ရှင်းစေလိုပါကြောင်း၊ တပ်မတော်၏ သဘောထားမှာ အဆိုပါ လမ်းဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ KNU အနေဖြင့် ကျဉ်းမြောင်းသည့် အမြင်ဖြင့် မကြည့်စေလိုကြောင်းနှင့် အမြင်မကျဉ်းစေလိုကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Eleven သတင်းဌာနမှ သတင်းထောက် ဦးအောင်မင်းသိန်းက    ကျောက်တော် မြို့လယ်မှာ AA က တပ်မတော်အရာရှိ တစ်ဦး ငွေထုတ်တဲ့အချိန် ပစ်ခတ်ခဲ့တဲ့ ကိစ္စ၊ နောက်ပြီး ဗမာဆိုပြီးအော်ပြီးတော့ ပစ်တယ် ဆိုတာမျိုးတွေလည်း     ကြားရကြောင်း၊ ငွေတွေ ယူသွားတယ်ဆိုတာလည်း ကြားရကြောင်း၊ တပ်မတော်က ဘယ်လို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေလဲ၊ ဒါနဲ့ပတ်သက်ပြီး ဘယ်လို Action ယူမလဲဆိုတာ သိချင်ပါကြောင်း၊ နောက်တစ်ခုက ချွတ်ပြင်နဲ့ မောင်နူ၊ အဲဒီရွာတွေမှာ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ မရှိခဲ့ဘူးလို့ တပ်မတော်က ပြောခဲ့ဖူးတာရှိကြောင်း၊ နောက်ပိုင်း ICOE အစီရင်ခံစာမှာတော့ ရှိခဲ့တယ် ဆိုတာတွေ ပေါ်လာကြောင်း၊ အခုချိန်မှာလည်း တပ်မတော်က ခုံရုံးဖွဲ့ပြီး စစ်ဆေးမယ်ဆိုတော့ ဘာကြောင့်မို့  အဲဒီလိုလုပ်ခဲ့တာလည်း ဆိုတာကို ရှင်းပြပေးစေချင်ကြောင်း မေးမြန်းခဲ့သည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကျောက်တော်ဖြစ်စဉ်မှာ ဗီဒီယိုဖိုင်တွေ တက်လာတဲ့ အတွက် အားလုံးတွေ့ပြီးဖြစ်ကြောင်း၊ Comment တွေလည်း အားလုံးဖတ်ပြီး ဖြစ်ကြောင်း၊ ကျောက်တော်ဖြစ်စဉ်မှာ အရာရှိတစ်ယောက်နဲ့ စစ်သည်နှစ်ယောက်က မြို့ထဲကို ငွေသွားထုတ်တဲ့အခါ ဝိုင်းဝန်း တိုက်ခိုက်ခံရကြောင်း၊ အဲဒီလို ဝိုင်းဝန်းတိုက်ခိုက်တဲ့ အချိန်မှာ ဘာတွေအော်ခဲ့တယ်၊ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မြင်ပြီးဖြစ်ကြောင်း၊ လူမျိုးရေးမုန်းတီးမှုဖြစ်မှာ စိုးရိမ်လို့ထပ်ပြီး မပြောလိုကြောင်း၊ လူမျိုးရေး မုန်းတီးမှု ဖြစ်အောင် ဘယ်သူတွေ လုပ်နေလဲဆိုတာ အဲဒီအထဲမှာ သိနိုင်မှာဖြစ်ကြောင်း၊ ရန်ကုန်-စစ်တွေ ကားစီးရင်တောင်မှပဲ အဲဒီကားပေါ်မှာ အခြားလူမျိုး တစ်ယောက်ဆိုရင်တောင် သိပ်အခြေအနေ မကောင်းနိုင်ကြောင်း၊ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက အဲဒီလိုမျိုးဖြစ်ပျက်နေတာဖြစ်ကြောင်း၊ အရာရှိကတော့ သေဆုံးသွားကြောင်း၊ စစ်သည်နှစ်ဦးကတော့ ဖမ်းဆီးခံရတယ်ဆိုတာ သိထားကြောင်း၊ ဒါနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေပြုလုပ်လျက်ရှိကြောင်း၊ ဒါနဲ့ပတ်သက်ပြီး နောင်မှာ လုံခြုံရေးအရ ကျိုးပေါက်မှုမရှိအောင် နယ်မြေခံတပ်တွေကိုလည်း ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ နောက်တစ်ခုက ဒီ ICOE အစီရင်ခံစာနဲ့ ပတ်သက်ပြီး မီဒီယာတွေ သတိမပြုမိလို့ဖြစ်ကြောင်း၊ ပထမဦးဆုံး ဗိုလ်ချုပ်မြတ်ကျော်ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံး Code of Inquary ဖွဲ့ခဲ့ကြောင်း၊ ဒီခုံရုံးဖွဲ့တဲ့ စာကို ပြန်ဖတ်ကြည့်စေချင်ကြောင်း၊ တချို့ကို ထုတ်နုတ်ပြောကြားရရင်  AI ၊ FFM ၊ HRW အစရှိတဲ့ အဖွဲ့တွေရဲ့ အစီရင်ခံစာတွေကို အဲဒီခုံရုံးအဖွဲ့ကနေပြီး သုံးသပ်ပြီး စုံစမ်းစစ်ဆေးရေး ခုံရုံးတစ်ခု ဖွဲ့စည်းပြီး စစ်ဆေးသွားမယ်လို့ပါကြောင်း၊ဒါကြောင့်   အဲဒီအစီရင်ခံစာမှာပါတဲ့ အရာတွေကို သုံးသပ်ပြီး စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စစ်ဆေးတာဖြစ်ကြောင်း၊ ဒီဗိုလ်ချုပ်မြတ်ကျော် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး  မကြာခင်မှာ စစ်ဥပဒေချုပ်ရုံးက ဥပဒေအကြံပြု အဖွဲ့ဆိုပြီး ဖွဲ့စည်းခဲ့ကြောင်း၊ ဒါကတော့ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဥပဒေရေးရာနဲ့ အကြံပြုနိုင်အောင် ဆိုပြီးဖွဲ့စည်းပြီး   နောက်ထပ် ထုတ်ပြန်ပေးခဲ့ကြောင်း၊ ပထမဦးဆုံး ပြောချင်တာက အဲဒီအဖွဲ့သည် AI ၊ FFM ၊ HRW တွေရဲ့အစီရင်ခံစာတွေကို ဖတ်ပြီးတော့ သူက ဘာတွေကို   စုံစမ်းစစ်ဆေးသင့်တယ်။

ဘာတွေလုပ်မယ် ဆိုတာကိုလည်း အဲဒီ စုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း၊ ဗိုလ်ချုပ်မြတ်ကျော် ဦးစီးတဲ့ အဖွဲ့က ၂ ကြိမ်သွားရောက်ပြီး နယ်မြေခံ တပ်တွေ၊ စခန်းတွေ၊ တပ်ရင်း၊ တပ်မတွေ၊တပ်ဌာနချုပ်နှစ်ခု  အပါအဝင် ကျေးရွာ၂၀ ကျော်ကို စစ်ဆေးခဲ့ကြောင်း၊ အဲဒီမှာ စစ်ဆေးတွေ့ ရှိခဲ့လို့ ဂူတာပြင်ဖြစ်စဉ်မှာ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ လိုက်နာဖို့ အားနည်းတယ်ဆိုပြီး ထင်မြင်ယူဆတဲ့ အတွက် စစ်တရားရုံး ဖွဲ့စည်းပြီး စစ်ဆေးတာဖြစ်ကြောင်း၊ ဒါ့အပြင်  ICOE  နဲ့ ပတ်သက်ပြီးတော့ တပ်မတော်က ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ပြီးရင် ဒါနဲ့ပတ်သက်ပြီး ဥပဒေ ချိုးဖောက်မှုတွေရှိရင် အရေးယူဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပြီးဖြစ်ကြောင်း၊ ICOE အစီရင်ခံစာက ၂၁-၁-၂၀၂၀ မှာထုတ်ပြန်တာ ဖြစ်ကြောင်း၊ ၂၂-၁-၂၀၂၀ မှာ တပ်မတော်အနေနဲ့ သဘောထား ICOE အစီရင်ခံစာနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အဲဒီအထဲမှာ သတိပြုရမှာက ARSA အကြမ်းဖက် သောင်းကျန်းသူတွေ တိုက်ခိုက်ခဲ့လို့ဖြစ်ပေါ် လာတဲ့ အရာတွေအပေါ်   တပ်မတော်က ဒေသခံတွေရဲ့အကျိုးစီးပွားနဲ့ အချုပ်အခြာ အာဏာအတွက်  ကာကွယ်စောင့်ရှောက်ခြင်းသာ ဖြစ်ကြောင်း၊   အဲဒီလို ကာကွယ်စောင့်ရှောက်ဖို့   တာဝန်ထမ်းဆောင်တဲ့ အချိန်မှာ  ကြပ္ကဲကြပ္မတ္ဖို့  ပျက်ကွက်တာတွေ ရှိနိုင်ကြောင်း၊ အဲဒီကွပ်ကဲကြပ်မတ်ဖို့ ပျက်ကွက်တာတွေ၊  အားနည်းတာတွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့   သေဘာထားမွတ္ခ်က္မွာ  ထည့်သွင်း ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ပြီးရင် ICOE အစီရင်ခံစာကို သုံးသပ်ပြီးတော့ မောင်နုရွာနဲ့ ချွတ်ပြင်ရွာ ကိစ္စများနဲ့ပတ်သက်ပြီး Court of  Inquiry ဖွဲ့ပြီးတော့  စစ်ဆေးမယ်။   စစ်ဆေးချက်မှာ ပေါ်ပေါက်လာရင် စစ်ဘက်တရား စီရင်ရေး နည်းလမ်းအရ  ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ပြောခြင်းဖြစ်ကြောင်း၊ ထပ်ပြီး သတိပြုရမှာက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ်္ဂိုလ်က ICJ မှာ စစ်ဘက်တရားစီရင်ရေး ဥပဒေကိုလည်း စောင့်ကြည့်ပါဆိုပြီး ပြောခဲ့တာ တစ်ခုရှိကြောင်း၊ မြန်မာနိုင်ငံရဲ့စစ်ဘက် တရားစီရင်ရေးဆိုတာကို အကြိမ်ကြိမ်ရှင်းပြခဲ့ပြီး ဖြစ်ကြောင်း၊ ဘယ်လိုပေါ်ပေါက်လာတယ်၊  နိုင်ငံတကာမှာလည်း  ဘယ္လို   စစ်ဘက်တရားစီရင်ရေးတွေ ရှိတယ်ဆိုတာကိုလည်း  ပြောပြခဲ့ပြီးဖြစ်ကြောင်း၊

ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း စစ်ဘက်တရားစီရင်ရေးကို ဘယ်လိုလုပ်ပိုင်ခွင့်တွေ ပေးထားတယ်ဆိုတာ ပြောပြီးဖြစ်ကြောင်း၊ နိုင်ငံတကာမှာလည်း သူတို့ကိုယ်ပိုင်စစ်ဘက် တရားစီရင်ရေးအတိုင်း လုပ်နေတာပဲ ဖြစ်ကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ လုပ်နေတဲ့အချိန်မှာ စစ်ဘက်တရားစီရင်ရေးကို    အားလုံးက စောင့်ကြည့်ပေးဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ်္ဂိုလ်က နိုင်ငံတကာကို ပြောခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ ကတော့ ARSA အကြမ်းဖက် သောင်းကျန်းသူတွေရဲ့   အကြမ်းဖက်မှုကနေ ဒေသခံတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တာတွေ ရှိကြောင်း၊ ဒါနဲ့ပတ်သက်ပြီးတော့ ဘာ Intention မှ မရှိကြောင်း၊ ဂျီနိုဆိုဒ်ဆိုတာ မရှိကြောင်း၊ သို့သော် လုပ်ရင်းကိုင်ရင်းနဲ့ ဥပဒေနဲ့ မညီညွတ်တာတွေ ရှိခဲ့ရင် ဥပဒေအတိုင်း ဆောင်ရွက်သွားဖို့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတယ်လို့ ပြောချင်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး Eleven သတင်းဌာနမှ သတင်းထောက် ဦးအောင်မင်းသိန်းက ကျောက်တော်ဖြစ်စဉ်မှာ အရာရှိက သေနတ်ပစ်ခံရတာလား။ ဘယ်လိုပုံစံမျိုးနဲ့ ကျဆုံးတာလဲ သိချင်ပါကြောင်း မေးမြန်းခဲ့သည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက   သိရသလောက်ကတော့ ဓားနဲ့ဝိုင်းထိုးတာ ခံခဲ့ရကြောင်း၊ လက်နက်ငယ်သံ ကြားရတယ် ဆိုတာနဲ့ပတ်သက်ပြီး အရာရှိမှာတော့ ပစ္စတိုပါသွားကြောင်း၊ ဒါကြောင့် ခုခံတာလည်း ရှိကောင်းရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

7 Day သတင်းဌာနမှ သတင်းထောက် ဦးပိုင်ဖြိုးသူက ရခိုင်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသမီးတွေ သေဆုံးတာ တွေရှိကြောင်း၊ ပြီးခဲ့တဲ့ ၁၉ ရက်နေ့မှာ လက်နက်ကြီး ကျည်ကျလို့ ဒဏ်ရာရတဲ့ ၁၉ ဦးလည်း ရှိကြောင်း၊ အဲဒါတွေနဲ့ပတ်သက်ပြီး သေဆုံးမှုတွေလျော့အောင် တပ်မတော်က ဘယ်လိုများ ဆောင်ရွက်မလဲ၊ နောက်တစ်ခုက အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ထောက်ပံ့ပေးဖို့ အစီအစဉ်ရှိလား သိချင်ပါကြောင်း    မေးမြန်းခဲ့သည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ယခင်သတင်းစာ ရှင်းလင်းပွဲတွေမှာ ဖြေကြားပြီးဖြစ်တဲ့ အတွက် ပထမမေးခွန်းနဲ့ပတ်သက်ပြီး သီးခြားဖြေဆိုဖို့မရှိကြောင်း၊ နောက်ဒုတိယ မေးခွန်းနဲ့ပတ်သက်ပြီး ဘယ်နေရာ ဘာဖြစ်ဖြစ် လက်နက်ကြီးကျလို့ ထိခိုက်မှုတွေ ရှိရင်   တပ်မတော်က လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေ လုပ်ပေးတာရှိကြောင်း၊ တကယ်လို့ ရှေ့တန်းစစ်ဆင်ရေး တပ်တွေ၊စစ်ကြောင်းတွေက အဲဒီကျေးရွာတွေမှာ ရှိတယ်ဆိုရင် အနီးစပ်ဆုံးစစ်ကြောင်းက ကူညီပေးဖို့ အမြန်ဆုံး ရောက်သွားမှာဖြစ်ပြီး ဖြစ်တဲ့ဖြစ်စဉ်အပေါ် မူတည်ပြီး ပထမဆုံး ရှေးဦးသူနာပြုစုတာကစပြီးအသက်ကယ်ဖို့အတွက် ဆေးဘက်ဆိုင်ရာ နည်းလမ်းတွေ အားလုံး ဆောင်ရွက်ပေးကြောင်း၊ နောက်ပြီး သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်း

တွေရောက်နိုင်ဖို့ ပို့ဆောင်ပေးတာတွေ ရှိကြောင်း၊ တစ်ခုချင်း ပြောရရင်တော့ အများကြီးဖြစ်ကြောင်း၊ လိုအပ်တဲ့ကူညီမှုတွေ လုပ်ဆောင်ပေးနေကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး 7 Day သတင်းဌာနမှ သတင်းထောက် ပိုင်ဖြိုးသူက အရပ်သား သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး AA နဲ့ တပ်မတော်အကြား အပြန်အလှန် ငြင်းဆန်မှုတွေ ရှိကြောင်း၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် ဝန်မခံကြဘူးဆိုတာတွေလည်း ရှိကြောင်း၊ အရပ်ထဲမှာလည်း ပိုင်ရှင်မဲ့ကျည်ဆန်တွေလို့ ပြောကြတာရှိတဲ့အတွက် အဲ့ဒီအပေါ်မှာ ဘယ်လိုများ ပြောချင်သလဲ သိလိုကြောင်း မေးမြန်းခဲ့သည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက  ဧရာဝတီ သတင်းဌာနက မေးလို့ ပြန်မေးခဲ့တဲ့ မေးခွန်းနဲ့ပဲ ဖြေကြားလိုကြောင်း၊ AA ကို မီဒီယာက   ဘယ်လို သဘောထားပါသလဲလို့ ဟုသာ မေးလိုပါကြောင်းဖြင့်  ပြောကြားခဲ့သည်။     ။

 

Recent News