ေလာင္းလုံးၿမိဳ႕နယ္၊ ၾကက္ယက္တြင္း ေက်း႐ြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

 

ေလာင္းလုံးၿမိဳ႕နယ္၊ ၾကက္ယက္တြင္း ေက်း႐ြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၂၄

တနသၤာရီတိုင္း ေဒသႀကီး၊ ေလာင္းလုံး ၿမိဳ႕နယ္၊ ၾကက္ယက္တြင္းေက်း႐ြာရွိ သံဃာ ေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားကို ယေန႔ နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသတိုင္းစစ္ ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါ ေက်း႐ြာ အေရွ႕ေက်ာင္းတိုက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ႏွစ္ပါးႏွင့္ ေဒသခံျပည္သူ ၂၇၁ ဦးတို႔ကို ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ ေသြးတိုးေရာဂါ၊ ႏွလုံးေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အသက္ရႉလမ္းေၾကာင္း ဆိုင္ရာေရာဂါ၊ မ်က္စိေရာဂါ၊ ကေလးေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ ဆီးခ်ိဳ၊ ေသြးခ်ိဳေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္ေပးျခင္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း   သတင္းရရွိသည္။

(Unicode Version)

လောင်းလုံးမြို့နယ်၊ ကြက်ယက်တွင်း ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၂၄

တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံး မြို့နယ်၊ ကြက်ယက်တွင်းကျေးရွာရှိ သံဃာ တော်များနှင့် ဒေသခံပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာ အရှေ့ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်နှစ်ပါးနှင့် ဒေသခံပြည်သူ ၂၇၁ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိသည်။

Recent News