ေအာင္ပန္းၿမိဳ႕၊ ဟင္းခါးပင္ေက်း႐ြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္႐ြက္

 

ေအာင္ပန္းၿမိဳ႕၊ ဟင္းခါးပင္ေက်း႐ြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္႐ြက္

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၂၄

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကေလာ ၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕၊ ဟင္းခါးပင္ေက်း႐ြာႏွင့္  ပတ္ဝန္းက်င္ေက်း႐ြာမ်ားရွိ  ေဒသခံ တိုင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ ပိုင္းတြင္ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ နယ္ လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါ ေက်း႐ြာ လြယ္ေစာင္ဘုန္းႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ေဒသခံတိုင္းရင္းသားျပည္သူ၁၅၀ ဦးကို သြားႏွင့္ခံတြင္းေရာဂါ၊ သားဖြား/ မီးယပ္ေရာဂါ၊   အ႐ိုး/အေၾကာေရာဂါ၊ ေသြးတိုးေရာဂါ၊ ကေလးေရာဂါ၊ ဦးေႏွာက္ အေျမႇးပါးေရာင္ေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ပတ္သက္၍   လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အောင်ပန်းမြို့၊ ဟင်းခါးပင်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလော မြို့နယ်၊ အောင်ပန်းမြို့၊ ဟင်းခါးပင်ကျေးရွာနှင့်  ပတ်ဝန်းကျင်ကျေးရွာများရှိ  ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက် ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ် လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာ လွယ်စောင်ဘုန်းကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ၁၅၀ ဦးကို သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊   အရိုး/အကြောရောဂါ၊ သွေးတိုးရောဂါ၊ ကလေးရောဂါ၊ ဦးနှောက် အမြှေးပါးရောင်ရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News