ျမန္မာ့ တပ္မေတာ္၏ (၇၅)ႏွစ္ေျမာက္ စိန္ရတု တပ္မေတာ္ေန႔ကို ႀကိဳဆို ဂုဏ္ျပဳေသာအားျဖင့္ လာအိုျပည္သူ႔တပ္မေတာ္ ယဥ္ေက်းမႈ အဖြဲ႕ ေဖ်ာ္ေျဖပြဲျပဳလုပ္

 

ျမန္မာ့ တပ္မေတာ္၏ (၇၅)ႏွစ္ေျမာက္ စိန္ရတု တပ္မေတာ္ေန႔ကို ႀကိဳဆို ဂုဏ္ျပဳေသာအားျဖင့္ လာအိုျပည္သူ႔တပ္မေတာ္ ယဥ္ေက်းမႈ အဖြဲ႕ ေဖ်ာ္ေျဖပြဲျပဳလုပ္

ေနျပည္ေတာ္   ေဖေဖာ္ဝါရီ   ၂၄

ျမန္မာ- လာအို ႏွစ္ႏိုင္င ံတပ္မေတာ္ႏွစ္ရပ္ အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုခိုင္ၿမဲေစရန္၊ ယဥ္ေက်းမႈ အေမြအႏွစ္မ်ား ဖလွယ္ႏိုင္ ရန္ ႏွင့္ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၇ ရက္တြင္ က်ေရာက္မည့္ ျမန္မာ့တပ္မေတာ္၏ (၇၅) ႏွစ္ေျမာက္ စိန္ရတု တပ္မေတာ္ေန႔ ကိုႀကိဳဆို ဂုဏ္ျပဳေသာ အားျဖင့္ ရန္ကုန္ၿမိဳ႕သို႔ေရာက္ ရွိေနေသာ လာအိုျပည္သူ႔ တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕သည္ ယေန႔မြန္း လြဲပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္ေဆးတကၠသိုလ္၊ ဘြဲ႕ႏွင္းသဘင္ ခန္းမ၌ ေဖ်ာ္ေျဖပြဲက်င္းပသည္။

လာအိုျပည္သူ႔တပ္မေတာ္ယဥ္ေက်းမႈ အဖြဲ႕ေဖ်ာ္ေျဖပြဲသို႔ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္သက္ပုံႏွင့္ အဖြဲ႕ဝင္မ်ား၊ အရာရွိ၊  စစ္သည္၊  မိသားစုမ်ား၊  ေဆး တက္ၠသိုလ္ဗိုလ္ေလာင္းမ်ား၊ လာအိုျပည္သူ႔ တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕ ေခါင္း ေဆာင္ လာအိုျပည္သူ႔ တပ္မေတာ္ Military Pro-pagranda and Training Department  ၏ ဒုတိယ အႀကီးအကဲ Colonel Khamkheun LE UTSAVAY ႏွင့္ လာအိုျပည္သူ႔  တပ္မေတာ္မွ အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံ ဆိုင္ရာ လာအိုျပည္သူ႔ တပ္မေတာ္ စစ္သံမႉး Colonel Touy VilakKeth ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ လာအိုျပည္သူ႔ တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕မွ S Colonel Khamkheun LE UTSAVAY က ႏႈတ္ခြန္းဆက္စကား ေျပာၾကားသည္။ ထို႔ေနာက္ လာအိုျပည္သူ႔ တပ္မေတာ္ ယဥ္ေက်းမႈ အဖြဲ႕က လာအို႐ိုးရာ ယဥ္ေက်းမႈ အဆို၊ အတီး၊ အကမ်ား၊ ျမန္မာ သီခ်င္း မ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ၾကသည္။ ေဖ်ာ္ေျဖပြဲအၿပီးတြင္ တိုင္းမႉးက ယဥ္ေက်း မႈအဖြဲ႕အား ဂုဏ္ျပဳပန္းျခင္း ေပးအပ္ၿပီး အမွတ္တရ စုေပါင္း ဓာတ္ပုံ႐ိုက္ၾကသည္။

အဆိုပါ ယဥ္ေက်းမႈအဖြဲ႕အား ညပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ (၈)မိုင္ရွိ Hotel Yangon ၌ တိုင္းမႉးက ညစာျဖင့္ ဧည့္ခံခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

မြန်မာ့ တပ်မတော်၏ (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လာအိုပြည်သူ့တပ်မတော် ယဉ်ကျေးမှု အဖွဲ့ ဖျော်ဖြေပွဲပြုလုပ်

နေပြည်တော်   ဖေဖော်ဝါရီ   ၂၄

မြန်မာ- လာအို နှစ်နိုင်င ံတပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်၊ ယဉ်ကျေးမှု အမွေအနှစ်များ ဖလှယ်နိုင် ရန် နှင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့် မြန်မာ့တပ်မတော်၏ (၇၅) နှစ်မြောက် စိန်ရတု တပ်မတော်နေ့ ကိုကြိုဆို ဂုဏ်ပြုသော အားဖြင့် ရန်ကုန်မြို့သို့ရောက် ရှိနေသော လာအိုပြည်သူ့ တပ်မတော် ယဉ်ကျေးမှုအဖွဲ့သည် ယနေ့မွန်း လွဲပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမ၌ ဖျော်ဖြေပွဲကျင်းပသည်။

လာအိုပြည်သူ့တပ်မတော်ယဉ်ကျေးမှု အဖွဲ့ဖျော်ဖြေပွဲသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊  စစ်သည်၊  မိသားစုများ၊  ဆေး တက်္ကသိုလ်ဗိုလ်လောင်းများ၊ လာအိုပြည်သူ့ တပ်မတော် ယဉ်ကျေးမှုအဖွဲ့ ခေါင်း ဆောင် လာအိုပြည်သူ့ တပ်မတော် Military Pro-pagranda and Training Department  ၏ ဒုတိယ အကြီးအကဲ Colonel Khamkheun LE UTSAVAY နှင့် လာအိုပြည်သူ့  တပ်မတော်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုပြည်သူ့ တပ်မတော် စစ်သံမှူး Colonel Touy VilakKeth နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ လာအိုပြည်သူ့ တပ်မတော် ယဉ်ကျေးမှုအဖွဲ့မှ S Colonel Khamkheun LE UTSAVAY က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် လာအိုပြည်သူ့ တပ်မတော် ယဉ်ကျေးမှု အဖွဲ့က လာအိုရိုးရာ ယဉ်ကျေးမှု အဆို၊ အတီး၊ အကများ၊ မြန်မာ သီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ဖျော်ဖြေပွဲအပြီးတွင် တိုင်းမှူးက ယဉ်ကျေး မှုအဖွဲ့အား ဂုဏ်ပြုပန်းခြင်း ပေးအပ်ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ ယဉ်ကျေးမှုအဖွဲ့အား ညပိုင်းတွင် ရန်ကုန်မြို့၊ (၈)မိုင်ရှိ Hotel Yangon ၌ တိုင်းမှူးက ညစာဖြင့် ဧည့်ခံခဲ့ကြောင်း သတင်း ရရှိသည်။

 

Recent News