
 





(Unicode Version)         

မတူပီမြို့၊ ငလားရပ်ကွက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်   ဖေဖော်ဝါရီ   ၂၄

ချင်းပြည်နယ်၊ မတူပီမြို့၊ ငလားရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ယနေ့ နံနက်ပိုင်းတွင်   အနောက်မြောက်တိုင်း စစ် ဌာနချုပ်၊  နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိ  သတ္တမနေ့အသင်းတော် ဘုရားကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က  ဒေသခံတိုင်းရင်းသားပြည်သူ၈၇  ဦးကို  အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ကလေးရောဂါ၊   အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News