ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီးစိုး၀င္း တပ္မေတာ္နည္းပညာတကၠသုိလ္ ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၂) မွဗိုလ္ေလာင္းမ်ားကို စစ္လက္႐ုံး ဆက္လက္ေရြးခ်ယ္၊ဘြဲ႕ႏွင္း/သဘင္ ေဆာင္အားၾကည့္႐ႈစစ္ေဆး

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီးစိုး၀င္း တပ္မေတာ္နည္းပညာတကၠသုိလ္ ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၂) မွဗိုလ္ေလာင္းမ်ားကို စစ္လက္႐ုံး ဆက္လက္ေရြးခ်ယ္၊ဘြဲ႕ႏွင္း/သဘင္ ေဆာင္အားၾကည့္႐ႈစစ္ေဆး

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ-၂၅

တပ္မေတာ္နည္းပညာတကၠသုိလ္ ဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္(၂၂) စစ္လက္႐ုံးေရြးခ်ယ္ပြဲ ဒုတိယေန႕ကို ယေန႕တြင္ ျပင္ဦးလြင္ၿမိဳ႕၊ တပ္မေတာ္နည္းပညာ တကၠသုိလ္၌ ဆက္လက္ျပဳလုပ္ရာ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ေရ၊ေလ)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကၿပီး စိစစ္ေရြးခ်ယ္ၾကသည္။

စစ္လက္ရံုးေရြးခ်ယ္ပြဲတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ တက္ေရာက္လာၾကသူမ်ားက ဗုိလ္ေလာင္းမ်ားကို တစ္ဦးခ်င္းေတြ႕ဆုံ၍စည္းကမ္းလုိက္နာမႈ၊ ဘာသာရပ္ အလုိက္ထူးခြၽန္မႈ၊ ထက္ျမတ္မႈ၊ ႀကိဳးစားအားထုတ္မႈမ်ားႏွင့္ ၀ါသနာပါမႈတို႕အေပၚမူတည္၍ သင့္ေလ်ာ္သည့္ (ၾကည္း၊ ေရ၊ ေလ)စစ္လက္႐ုံး အသီးသီးအတြက္ စိစစ္ေရြးခ်ယ္ေပးၾကသည္။

ထုိ႔ေနာက္ေန႕လယ္ပုိင္းတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕ ၀င္မ်ားသည္  ဗုိလ္ေလာင္းစားရိပ္သာ ပညာတန္ေဆာင္ခန္းမ၌ ဗုိလ္ေလာင္းမ်ားႏွင့္အတူ ေန႔လယ္စာကုိ အတူတကြသုံးေဆာင္ၾက ၿပီးေနာက္စစ္လက္႐ုံးေရြးခ်ယ္မႈအား ဆက္လက္ျပဳလုပ္ခဲ့ၾကသည္။
ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း သည္ အဖြဲ႕၀င္မ်ားႏွင့္အတူ တပ္မေတာ္နည္းပညာတကၠသုိလ္ ဘြဲ႕ႏွင္း/သဘင္ေဆာင္အား သြားေရာက္ ၾကည့္႐ႈစစ္ေဆးရာ တာ၀န္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသၾကသည္။

အဆိုပါဘြဲ႕ႏွင္း/သဘင္ေဆာင္သည္ ယခင္ဗိုလ္ေလာင္းစားရိပ္သာေဆာင္အား ၂၀၁၉ခုႏွစ္ စက္တင္ဘာလမွ စတင္၍ျပဳျပင္ခဲ့ၿပီး ဒီဇင္ဘာလ၌ၿပီးစီးခဲ့ကာ ဘြဲ႕ႏွင္း/သဘင္ေဆာင္အတြင္း လူဦးေရစုစုေပါင္း ၉၀၀ ၀င္ဆံ့ ေၾကာင္းႏွင့္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတြင္ ေက်ာင္းဆင္းဗုိလ္ေလာင္း၊ အရာရွိမ်ားကို ျပန္တမ္း၀င္အရာရွိ ခန္႕အပ္ျခင္း၊ ဘြဲ႕ႏွင္းသဘင္က်င္းပျခင္းႏွင့္ ေက်ာင္းဆင္းဂုဏ္ျပဳေဖ်ာ္ေျဖပြဲမ်ားျပဳလုပ္ျခင္းမ်ားကို စတင္ ေဆာင္ရြက္ႏိုင္ခဲ့ေၾကာင္းသတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂) မှဗိုလ်လောင်းများကို စစ်လက်ရုံး ဆက်လက်ရွေးချယ်၊ဘွဲ့နှင်း/သဘင် ဆောင်အားကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ-၂၅

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂) စစ်လက်ရုံးရွေးချယ်ပွဲ ဒုတိယနေ့ကို ယနေ့တွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာ တက္ကသိုလ်၌ ဆက်လက်ပြုလုပ်ရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စိစစ်ရွေးချယ်ကြသည်။

စစ်လက်ရုံးရွေးချယ်ပွဲတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တက်ရောက်လာကြသူများက ဗိုလ်လောင်းများကို တစ်ဦးချင်းတွေ့ဆုံ၍စည်းကမ်းလိုက်နာမှု၊ ဘာသာရပ် အလိုက်ထူးချွန်မှု၊ ထက်မြတ်မှု၊ ကြိုးစားအားထုတ်မှုများနှင့် ဝါသနာပါမှုတို့အပေါ်မူတည်၍ သင့်လျော်သည့် (ကြည်း၊ ရေ၊ လေ)စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးကြသည်။

ထို့နောက်နေ့လယ်ပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ ဝင်များသည်  ဗိုလ်လောင်းစားရိပ်သာ ပညာတန်ဆောင်ခန်းမ၌ ဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြ ပြီးနောက်စစ်လက်ရုံးရွေးချယ်မှုအား ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များနှင့်အတူ တပ်မတော်နည်းပညာတက္ကသိုလ် ဘွဲ့နှင်း/သဘင်ဆောင်အား သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါဘွဲ့နှင်း/သဘင်ဆောင်သည် ယခင်ဗိုလ်လောင်းစားရိပ်သာဆောင်အား ၂၀၁၉ခုနှစ် စက်တင်ဘာလမှ စတင်၍ပြုပြင်ခဲ့ပြီး ဒီဇင်ဘာလ၌ပြီးစီးခဲ့ကာ ဘွဲ့နှင်း/သဘင်ဆောင်အတွင်း လူဦးရေစုစုပေါင်း ၉၀၀ ဝင်ဆံ့ ကြောင်းနှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းဆင်းဗိုလ်လောင်း၊ အရာရှိများကို ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း၊ ဘွဲ့နှင်းသဘင်ကျင်းပခြင်းနှင့် ကျောင်းဆင်းဂုဏ်ပြုဖျော်ဖြေပွဲများပြုလုပ်ခြင်းများကို စတင် ဆောင်ရွက်နိုင်ခဲ့ကြောင်းသတင်းရရှိသည်။
 

Recent News