လာအိုျပည္သူ႔တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕ ျပန္လည္ထြက္ခြာ

 

လာအိုျပည္သူ႔တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕ ျပန္လည္ထြက္ခြာ

ေနျပည္ေတာ္   ေဖေဖာ္ဝါရီ   ၂၅

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္သို႔ ေဖေဖာ္ဝါရီ ၂ဝ ရက္မွ ၂၅ ရက္အထိ ခ်စ္ၾကည္ေရးခရီး လာေရာက္ခဲ့သည့္ လာအိုျပည္သူ႔တပ္မေတာ္မွ Colonel  Kham-kheun LEUTSAVAY ဦးေဆာင္ေသာ ယဥ္ေက်းမႈအဖြဲ႕သည္ ယေန႔မြန္းလြဲပိုင္းတြင္ မဂၤလာဒုံေလတပ္စခန္း ဌာနခ်ဳပ္မွ လာအိုႏိုင္ငံသို႔ ျပန္လည္ထြက္ခြာသည္။

လာအိုျပည္သူ႔တပ္မေတာ္ ယဥ္ေက်းမႈ အဖြဲ႕အား ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္သက္ပုံႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ လာအိုစစ္သံမႉး Colonel Touy Vilaketh တို႔က မဂၤလာဒုံ ေလတပ္စခန္းဌာနခ်ဳပ္၌ ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

လာအိုျပည္သူ႔တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕သည္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိေနစဥ္အတြင္း ေနျပည္ေတာ္ရွိ    ဥပၸါတသႏၲိ ေစတီေတာ္သို႔  သြားေရာက္ ဖူးေျမာ္ျခင္း၊ စစ္သမိုင္းျပတိုက္ႏွင့္   သူရဲေကာင္းဗိမာန္တို႔သို႔ သြားေရာက္ေလ့လာျခင္း၊ ျပင္ဦးလြင္ၿမိဳ႕ရွိ မဟာအံ့ထူးကံသာ ဘုရားဖူးေျမာ္ျခင္းႏွင့္ ႐ုကၡေဗဒဥယ်ာဥ္တို႔သို႔ သြားေရာက္ေလ့လာျခင္း၊ ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊတိဂုံေစတီေတာ္ႏွင့္   ဗိုလ္တေထာင္ဘုရားတို႔သို႔  သြားေရာက္ဖူးေျမာ္ျခင္း၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေစ်းသို႔ သြားေရာက္ေလ့လာၾကၿပီး ေနျပည္ေတာ္၊ ျပင္ဦးလြင္ႏွင့္ ရန္ကုန္ၿမိဳ႕တို႔တြင္ ေဖ်ာ္ေျဖေရး အစီအစဥ္မ်ားျဖင့္ ေဖ်ာ္ေျဖ တင္ဆက္ကျပျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

လာအိုပြည်သူ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ ပြန်လည်ထွက်ခွာ

နေပြည်တော်   ဖေဖော်ဝါရီ   ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၅ ရက်အထိ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည့် လာအိုပြည်သူ့တပ်မတော်မှ Colonel  Kham-kheun LEUTSAVAY ဦးဆောင်သော ယဉ်ကျေးမှုအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ လာအိုနိုင်ငံသို့ ပြန်လည်ထွက်ခွာသည်။

လာအိုပြည်သူ့တပ်မတော် ယဉ်ကျေးမှု အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူး Colonel Touy Vilaketh တို့က မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

လာအိုပြည်သူ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ    ဥပ္ပါတသန္တိ စေတီတော်သို့  သွားရောက် ဖူးမြော်ခြင်း၊ စစ်သမိုင်းပြတိုက်နှင့်   သူရဲကောင်းဗိမာန်တို့သို့ သွားရောက်လေ့လာခြင်း၊ ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဘုရားဖူးမြော်ခြင်းနှင့် ရုက္ခဗေဒဥယျာဉ်တို့သို့ သွားရောက်လေ့လာခြင်း၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့်   ဗိုလ်တထောင်ဘုရားတို့သို့  သွားရောက်ဖူးမြော်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လေ့လာကြပြီး နေပြည်တော်၊ ပြင်ဦးလွင်နှင့် ရန်ကုန်မြို့တို့တွင် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေ တင်ဆက်ကပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News