ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ျပင္ဦးလြင္ၿမဳိ႕ရွိ ပြဲေကာက္ေရတံခြန္အဆင့္ျမႇင့္တင္ေဆာင္ရြက္မႈ အား ၾကည့္႐ႈစစ္ေဆး၊ ေဆး႐ုံတက္ ေရာက္လူနာမ်ားကို သြားေရာက္ေတြ႕ဆုံအားေပးစကား ေျပာၾကား

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ျပင္ဦးလြင္ၿမဳိ႕ရွိ ပြဲေကာက္ေရတံခြန္အဆင့္ျမႇင့္တင္ေဆာင္ရြက္မႈ အား ၾကည့္႐ႈစစ္ေဆး၊ ေဆး႐ုံတက္ ေရာက္လူနာမ်ားကို သြားေရာက္ေတြ႕ဆုံအားေပးစကား ေျပာၾကား

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ  ၂၆

ျပင္ဦးလြင္ၿမဳိ႕ရွိ ပြဲေကာက္ေရတံခြန္တြင္ အမ်ားျပည္သူမ်ား စိတ္ခ်မ္းေျမ႕ေပ်ာ္ရႊင္စြာ လာေရာက္အပန္း ေျဖႏုိင္ေရးအတြက္ တပ္မေတာ္အင္ဂ်င္နီယာတပ္ဖြဲ႕ အေနျဖင့္ အဆင့္ျမႇင့္တင္ျခင္းမ်ား ေဆာင္ရြက္လ်က္ ရွိရာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း သည္ ယေန႔ေန႔လယ္ပိုင္းတြင္  ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ)မွ တပ္မေတာ္အရာရွိႀကီး မ်ား၊ ျပင္ဦးလြင္တပ္နယ္မွ အရာရွိႀကီးမ်ားႏွင့္ တာ၀န္ရွိသူမ်ားလိုက္ပါလ်က္ သြားေရာက္ၾကည့္႐ႈ စစ္ေဆး သည္။

ဦးစြာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕၀င္မ်ားအား ပြဲေကာက္ေရတံခြန္ရွိ ရွင္းလင္းေဆာင္၌ တာ၀န္ရွိသူတစ္ဦးက အ၀င္လမ္း ႏိုင္လြန္ကတၱရာလမ္းခင္းျခင္း လုပ္ငန္းႏွင့္ တံတားတည္ေဆာက္ျခင္းလုပ္ငန္း ေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပ သည္။ ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕၀င္မ်ားသည္ ပြဲေကာက္ေရတံခြန္ အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈအေျခအေနမ်ားကို လွည့္လည္ၾကည့္႐ႈ စစ္ေဆးၾကသည္။

ပြဲေကာက္ေရတံခြန္အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းတြင္ ယခင္ ၁၂ ေပ အက်ယ္ရွိေသာ အ၀င္လမ္း ၄၀၅၀ ေပ အား ၁၈ ေပခ်ဲ႕ထြင္၍ ႏုိင္လြန္ကတၱရာလမ္းအျဖစ္ ျပဳျပင္ျခင္းႏွင့္ ယခင္ ေဘလီတံတား အစား လူသြားလမ္း ၆ ေပအပါ အလ်ားေပ ၆၀ ၊အက်ယ္ေပ ၃၀ ရွိသည့္ သံကူကြန္ကရစ္ခုံးေက်ာ္တံတားအျဖစ္ အသစ္ ေဆာက္လုပ္ျခင္းမ်ား ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရွိရသည္။

ထို႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္ အဖြဲ႕၀င္မ်ားသည္ ျပင္ဦးလြင္ၿမဳိ႕ရွိ တပ္မေတာ္ေဆး႐ုံသို႔သြားေရာက္၍ ေဆး႐ုံတက္ေရာက္ ကုသလ်က္ရွိေသာ အရာရွိ၊ စစ္သည္မ်ားကို တစ္ဦးခ်င္းေဆး၀ါးကုသေပးထားမႈအေျခ အေနမ်ား၊ က်န္းမာေရးတိုးတက္မႈ အေျခအေန မ်ားအား ေမးျမန္းအားေပးစကားေျပာၾကား ၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ၾကေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်အဆင့်မြှင့်တင်ဆောင်ရွက်မှု အား ကြည့်ရှုစစ်ဆေး၊ ဆေးရုံတက် ရောက်လူနာများကို သွားရောက်တွေ့ဆုံအားပေးစကား ပြောကြား

နေပြည်တော် ဖေဖော်ဝါရီ  ၂၆

ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်တွင် အများပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လာရောက်အပန်း ဖြေနိုင်ရေးအတွက် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ အနေဖြင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက် ရှိရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နေ့လယ်ပိုင်းတွင်  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီး များ၊ ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် သွားရောက်ကြည့်ရှု စစ်ဆေး သည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား ပွဲကောက်ရေတံခွန်ရှိ ရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက အဝင်လမ်း နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြ သည်။ ယင်းနောက် ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ပွဲကောက်ရေတံခွန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် ယခင် ၁၂ ပေ အကျယ်ရှိသော အဝင်လမ်း ၄၀၅၀ ပေ အား ၁၈ ပေချဲ့ထွင်၍ နိုင်လွန်ကတ္တရာလမ်းအဖြစ် ပြုပြင်ခြင်းနှင့် ယခင် ဘေလီတံတား အစား လူသွားလမ်း ၆ ပေအပါ အလျားပေ ၆၀ ၊အကျယ်ပေ ၃၀ ရှိသည့် သံကူကွန်ကရစ်ခုံးကျော်တံတားအဖြစ် အသစ် ဆောက်လုပ်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက် ကုသလျက်ရှိသော အရာရှိ၊ စစ်သည်များကို တစ်ဦးချင်းဆေးဝါးကုသပေးထားမှုအခြေ အနေများ၊ ကျန်းမာရေးတိုးတက်မှု အခြေအနေ များအား မေးမြန်းအားပေးစကားပြောကြား ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Recent News