တပ္မေတာ္ေန႕ စစ္ေရးျပ အခမ္းအနားအား ေခတၱ ဆုိင္းငံ့ထားမည္ျဖစ္ေၾကာင္း အသိေပး ထုတ္ျပန္ျခင္း

တပ္မေတာ္ေန႕ စစ္ေရးျပ အခမ္းအနားအား ေခတၱ ဆုိင္းငံ့ထားမည္ျဖစ္ေၾကာင္း အသိေပး ထုတ္ျပန္ျခင္း

ေနျပည္ေတာ္၊ မတ္လ - ၁   

ကမၻာ့က်န္းမာေရးအဖဲြ႕ (WHO) အေနျဖင့္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလမွစတင္၍ ျဖစ္ပြားခဲ့သည့္COVID-19 ကူးစက္ေရာဂါႏွင့္ ပတ္သက္၍ ဇန္န၀ါရီလ ၃၀ ရက္ေန႔တြင္ အျပည္ျပည္ဆိုင္ရာ ျပည္သူ႕က်န္းမာေရး အေရးေပၚ အေျခအေန (Public Health Emergency of International Concern)  အျဖစ္ေၾကျငာခဲ့သည္။ ျပည္ေထာင္စု သမၼတျမန္မာႏုိင္ငံေတာ္အစုိးရ၊ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနအေနျဖင့္လည္း လတ္တ ေလာကမၻာ့ႏုိင္ငံမ်ား၌ ျဖစ္ပြားလ်က္ရွိသည့္ COVID-19 ကူးစက္ေရာဂါႏွင့္ ပတ္သက္၍ ျပည္သူလူထုသို႔ အသိေပးႏွဳိးေဆာ္လႊာႏွင့္ ေရွာင္ၾကဥ္ရမည့္ အခ်က္မ်ားအား ေန႔စဥ္အသိေပး ျပန္ၾကားလ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။

လက္ရွိအခ်ိန္တြင္ ျမန္မာႏုိင္ငံ၌ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ မေတြ႕ရွိေသးေသာ္လည္း ကိုရီးယားသမၼတႏုိင္ငံ၊ အီရန္ႏုိင္ငံ၊ အီတလီႏိုင္ငံ အစရွိသည့္ႏုိင္ငံမ်ားတြင္ ေရာဂါျဖစ္ပြားသူမ်ား ႐ုတ္တရက္ တစ္ၿပိဳင္နက္ ေတြ႔ရွိရသကဲ့သို႕ ျမန္မာႏိုင္ငံတြင္လည္း အလားတူအေျခအေနမ်ိဳး အခ်ိန္၊ ေနရာမေရြး၊ လူအမ်ား၌ ကူးစက္ျဖစ္ပြားႏိုင္ေၾကာင္းႏွင့္ လူစုလူေ၀းမ်ားျပားရာ ေနရာမ်ားကို အတတ္ႏုိင္ဆုံး ေရွာင္ၾကဥ္ရန္၊ မျဖစ္မေနက်င္းပရမည့္ လူစုလူေ၀းႏွင့္ ပြဲလမ္းသဘင္ မ်ားကိုသာ ျပဳလုပ္ရန္ႏွင့္ အကယ္၍ ပြဲလမ္းသဘင္မ်ား မလႊဲမေရွာင္သာ က်င္းပရပါကက်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါ ကာကြယ္ေရး၊ က်န္းမာေရး အသိပညာေပးႏွဳိးေဆာ္ခ်က္မ်ားအား တိက်စြာလိုက္နာရန္ အသိေပး ႏွိဳးေဆာ္လ်က္ရွိၿပီး ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္၀ါရီလ ၂၈ ရက္ေန႔၌ COVID-19 ေရာဂါအား ကူးစက္ျမန္ေရာဂါ (သို႕မဟုတ္)တုိင္ၾကားရမည့္ ကူးစက္ေရာဂါအျဖစ္ သတ္မွတ္သည့္ အမိန္႕အမွတ္စဥ္ ၁၉/၂၀၂၀ ကို ထုတ္ျပန္ခဲ့ေၾကာင္းေတြ႕ရွိရပါသည္။  

သို႕ျဖစ္၍ တပ္မေတာ္အေနျဖင့္ မတ္လ ၂၇ ရက္ေန႔တြင္ က်င္းပျပဳလုပ္မည့္ စိန္ရတုတပ္မေတာ္ေန႕ စစ္ေရးျပ အခမ္းအနားႏွင့္ ပတ္သက္၍ ေခတၱဆုိင္းငံ့ထားမည္ျဖစ္ေၾကာင္းႏွင့္ WHO ႏွင့္ ႏုိင္ငံတကာမွ COVID-19 ကူးစက္ျမန္ေရာဂါ ထိန္းခ်ဳပ္ႏုိင္မႈႏွင့္ ပတ္သက္၍ တစ္စုံတစ္ရာထုတ္ျပန္မွသာ စိန္ရတုတပ္မေတာ္ေန႕ စစ္ေရးျပ အခမ္းအနားက်င္းပႏုိင္ေရး ဆက္လက္စီမံေဆာင္ရြက္ရန္လ်ာထားေၾကာင္း အသိေပး ထုတ္ျပန္အပ္ပါ သည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအား ခေတ္တ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ခြင်း
နေပြည်တော်၊ မတ်လ - ၁    
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ဖြစ်ပွားခဲ့သည့်COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (Public Health Emergency of International Concern)  အဖြစ်ကြေငြာခဲ့သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်လည်း လတ်တ လောကမ္ဘာ့နိုင်ငံများ၌ ဖြစ်ပွားလျက်ရှိသည့် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်လွှာနှင့် ရှောင်ကြဉ်ရမည့် အချက်များအား နေ့စဉ်အသိပေး ပြန်ကြားလျက်ရှိကြောင်း တွေ့ရှိရသည်။ 
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ကိုရီးယားသမ္မတနိုင်ငံ၊ အီရန်နိုင်ငံ၊ အီတလီနိုင်ငံ အစရှိသည့်နိုင်ငံများတွင် ရောဂါဖြစ်ပွားသူများ ရုတ်တရက် တစ်ပြိုင်နက် တွေ့ရှိရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အလားတူအခြေအနေမျိုး အချိန်၊ နေရာမရွေး၊ လူအများ၌ ကူးစက်ဖြစ်ပွားနိုင်ကြောင်းနှင့် လူစုလူဝေးများပြားရာ နေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန်၊ မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင် များကိုသာ ပြုလုပ်ရန်နှင့် အကယ်၍ ပွဲလမ်းသဘင်များ မလွှဲမရှောင်သာ ကျင်းပရပါကကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးနှိုးဆော်ချက်များအား တိကျစွာလိုက်နာရန် အသိပေး နှိုးဆော်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ COVID-19 ရောဂါအား ကူးစက်မြန်ရောဂါ (သို့မဟုတ်)တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်သည့် အမိန့်အမှတ်စဉ် ၁၉/၂၀၂၀ ကို ထုတ်ပြန်ခဲ့ကြောင်းတွေ့ရှိရပါသည်။   
သို့ဖြစ်၍ တပ်မတော်အနေဖြင့် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားနှင့် ပတ်သက်၍ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်းနှင့် WHO နှင့် နိုင်ငံတကာမှ COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန်မှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကျင်းပနိုင်ရေး ဆက်လက်စီမံဆောင်ရွက်ရန်လျာထားကြောင်း အသိပေး ထုတ်ပြန်အပ်ပါ သည်။ 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
 

Recent News