(NCA) ခ်ဳပ္ဆိုျခင္း(၃)ႏွစ္ျပည့္၊ ႏွစ္ပတ္လည္ေန႔တြင္ အစိုးရႏွင့္(NCA)လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားသီးသန္႔အစည္းအေ၀း၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ေျပာၾကားသည့္ အဖြင့္အမွာစကား

တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) ခ်ဳပ္ဆိုျခင္း(၃)ႏွစ္ျပည့္၊ ႏွစ္ပတ္လည္ေန႔တြင္ အစိုးရႏွင့္(NCA)လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားသီးသန္႔အစည္းအေ၀း၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ေျပာၾကားသည့္ အဖြင့္အမွာစကား

ဒီကေန႔ဟာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရနဲ႔ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္း မ်ားအၾကား ခ်ဳပ္ဆိုခဲ့တဲ့ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA) ခ်ဳပ္ဆို ခဲ့တဲ့ (၃)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ပဲျဖစ္ပါတယ္။ ဒီႏွစ္ပတ္လည္ေန႔မွာ အစိုးရနဲ႔ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္လက္မွတ္ေရးထုိးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ား  သီးသန္႔အစည္းအေ၀းသို႔ တက္ေရာက္လာၾကတဲ့ တာ၀န္ရွိသူမ်ား အားလံုး ႏွလံုးစိတ္၀မ္း ေအးခ်မ္း၍ ၿငိမ္းခ်မ္းသာယာရွိၾကပါေစေၾကာင္း ဦးစြာဆုေတာင္းဆႏၵျပဳ ႏႈတ္ခြန္းဆက္လိုက္ပါတယ္။

ဒီတစ္ခါျပဳလုပ္တဲ့ ႏွစ္ပတ္လည္ေန႔ဟာ က်န္ခဲ့တဲ့ႏွစ္ပတ္လည္ေန႔ ႏွစ္ႀကိမ္ထက္ အသြင္သ႑ာန္ အားျဖင့္ေကာ၊ အႏွစ္သာရအားျဖင့္ပါ ထူးျခားမႈမ်ားရွိေနေၾကာင္း တိုင္းရင္းသားျပည္သူလူထုက  သိရွိၾကပါတယ္။ တုိင္းရင္းသားျပည္သူလူထုတစ္ရပ္လံုးက ၿငိမ္းခ်မ္းေရးအတြက္ ခါတိုင္းေမွ်ာ္လင့္ သည္ထက္ ပိုမိုေမွ်ာ္လင့္လာတာေတြ၊ ပိုမိုစိတ္ပါ၀င္စားလာတာေတြကို ကြၽန္ေတာ္တို႔သိရွိပါတယ္။ ၿငိမ္းခ်မ္းေစလုိတဲ့ ျပည္သူေတြရဲ႕ဆႏၵကို ျဖည့္ဆည္းေပးဖို႔ ကြၽန္ေတာ္တို႔ ဒီေနရာမွာ ဒီအခ်ိန္မွာ စုစည္းၿပီး သမိုင္းေပးတာ၀န္ကို ထမ္းေဆာင္ေနၾကတာျဖစ္ပါတယ္။ ဒီသမိုင္းေပးတာ၀န္ကို တပ္မေတာ္အေနနဲ႔ ေက်ပြန္စြာထမ္းေဆာင္ႏိုင္ေရး၊ တဒဂၤၿငိမ္းခ်မ္းေရးမဟုတ္တဲ့ ထာ၀ရၿငိမ္းခ်မ္းေရး ႏွင့္ ဒီမိုကေရစီခိုင္မာေရးကို ေဖာ္ေဆာင္ႏိုင္ေရး ကိုယ္စြမ္း၊ ဉာဏ္စြမ္းရွိသေရြ႕ ကြၽန္ေတာ္တို႔ ႀကိဳးပမ္းေဆာင္ရြက္ ေနတာျဖစ္ပါတယ္။

ယခင္(NCA)စာခ်ဳပ္ ခ်ဳပ္ဆိုျခင္းအခမ္းအနား ႏွစ္ပတ္လည္ေန႔ေတြမွာ မိန္႕ခြန္းေတြေျပာ၊ ညစာစားပြဲ ေတြလုပ္ၾကပါတယ္။ အထိမ္းအမွတ္အခမ္းအနားထက္ေတာ့ နည္းနည္းထူးျခားပါတယ္။ ဒီႏွစ္မွာေတာ့ ေဆြးေႏြးပြဲေတြပါ ဆက္ၿပီးက်င္းပသြားမွာျဖစ္လို႔ ထူးျခားပါတယ္။ ၿငိမ္းခ်မ္းေရးနဲ႕ပတ္သက္ၿပီး အရွိန္အဟုန္ျမႇင့္တင္ သြားႏိုင္မွာျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔လည္း ၂၀၂၀ျပည့္ႏွစ္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ၿပီးေျမာက္ေစေရး သႏၷိ႒ာန္ခ်ထား ေၾကာင္းကိုလည္း ကြၽန္ေတာ့္ရဲ႕ ၿပီးခဲ့တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ အဖြင့္မိန္႔ခြန္းမွာ ေျပာၾကားၿပီးျဖစ္ပါတယ္။ တပ္မေတာ္ အေနနဲ႔ ဒီသႏၷိ႒ာန္အတိုင္းပဲ ျဖစ္ေျမာက္ေအာင္ေဆာင္ရြက္ၿပီး တိုင္းရင္းသားျပည္သူလူထု လိုလားေတာင့္တေနတဲ့ ထာ၀ရၿငိမ္းခ်မ္း ေရးကို ျပည္သူ႔လက္သို႔ အေရာက္အပ္ႏွင္းမွာျဖစ္ေၾကာင္း ထပ္ေလာင္း ေျပာၾကားလိုပါတယ္။

ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ၂၀၁၈ ခုႏွစ္နဲ႔ ၂၀၁၉ ခုႏွစ္အတြင္း ညီလာခံ ၃ ႀကိမ္က်င္းပၿပီး အေျခခံမူေတြရရွိေအာင္ ေဆာင္ရြက္ မယ္လို႔ ရည္မွန္းခ်က္ထား ေဆာင္ရြက္လ်က္ရွိပါတယ္။ ၿပီးခဲ့တဲ့ ၿငိမ္းခ်မ္းေရးညီလာခံေတြမွာ ႏိုင္ငံေရးက႑၊ စီးပြားေရးက႑၊ လူမႈေရး က႑နဲ႔ ေျမယာႏွင့္ သဘာ၀ပတ္၀န္းက်င္က႑ေတြအတြက္ အေျခခံမူ ၅၁ ခ်က္ရၿပီးျဖစ္ပါတယ္။ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္းမ်ားအျဖစ္ စုစည္းထားၿပီးျဖစ္ပါတယ္။ ဒီအေျခခံမူေတြ ခ်မွတ္ ႏိုင္တာဟာ NCA ရဲ႕ အက်ဳိးေက်းဇူးေၾကာင့္၊ NCA ပါ ႏိုင္ငံေရး လမ္းျပေျမပံုအတုိင္း ေဆာင္ရြက္ ခဲ့ၾကလို႔ျဖစ္ပါတယ္။ တစ္ခ်ိန္က စစ္ေျမျပင္မွာ တစ္ဖက္နဲ႔တစ္ဖက္ လက္နက္ကိုင္ၿပီး တိုက္ခိုက္ေနရာ ကေန တစ္စားပြဲတည္းထုိင္ၿပီး စကားေျပာ၊ သေဘာတူညီခ်က္ေတြ ထုတ္ႏိုင္တာဟာ လြယ္ကူတဲ့ လုပ္ငန္းစဥ္မဟုတ္ပါဘူး။ NCA က ေပးတဲ့ စုေပါင္းစိတ္ဓာတ္၊ ညိႇႏိႈင္းေဆြးေႏြးျခင္းရလဒ္ေတြပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အေျခခံမူေတြကို ခ်မွတ္ရာမွာလည္း NCA ရဲ႕ အခန္း(၁)၊ အေျခခံမူ(၁၁) ခ်က္အတိုင္း လိုက္နာေဆာင္ရြက္သြား ၾကဖို႔လိုပါတယ္။ ဂဃနဏ နားလည္သေဘာေပါက္ဖို႔ လိုအပ္မွာျဖစ္ေၾကာင္း အႀကံျပဳ လိုပါတယ္။ အေျခခံမူ(၁၁)ခ်က္ထဲက ပထမအခ်က္မွာ ဒီေန႔ၿငိမ္းခ်မ္း ေရးရဲ႕ အုတ္ျမစ္ျဖစ္တဲ့  တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ား ေတာင္းဆို ေနတဲ့ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္တို႔ကိုအေျခခံသည့္ ျပည္ေထာင္စုကို ဘယ္လိုတည္ေဆာက္မလဲ ဆိုတာကို ရွင္းရွင္းလင္းလင္း ေရးသား သေဘာတူခဲ့ၾကပါတယ္။ မလြဲမေသြလိုက္နာဖို႔ လိုအပ္တဲ့ေရွး႐ႈခ်က္ သို႔မဟုတ္ ရည္မွန္းခ်က္  ၃ ခု၊ အေျခခံအခ်က္ ၃ ခုနဲ႔  အာမခံခ်က္ ၃ခုတို႔ ပါ၀င္တာေတြ႕ရမွာ ျဖစ္ပါတယ္။

ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္တို႔ကိုအေျခခံတဲ့ ျပည္ေထာင္စုကို ႏိုင္ငံေရးေဆြးေႏြးပြဲရလဒ္ေတြနဲ႔ တည္ေဆာက္သြားမယ္လို႔ သေဘာတူညီ ထားပါတယ္။ ဒီလိုတည္ေဆာက္ရာမွာ ေရွး႐ႈရာမွာ၊ ရည္မွန္းခ်က္ထား ရမွာက ျပည္ေထာင္စုမၿပိဳကြဲေရး၊ တုိင္းရင္းသား စည္းလံုးညီၫြတ္မႈ မၿပိဳကြဲေရးနဲ႔ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးဆိုတဲ့ ဒို႔တာ၀န္အေရးသံုးပါးပဲ ျဖစ္ပါတယ္။ အေျခခံရမွာက ေလာကပါလတရား(၃)ပါးျဖစ္တဲ့ လြတ္လပ္မႈ၊ တန္းတူညီမွ်မႈနဲ႔ တရားမွ်တမႈတို႔ ျဖစ္ပါတယ္။ အာမခံထားတာက ဒီမိုကေရစီေရး၊ အမ်ဳိးသားတန္းတူေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အခြင့္အေရးတို႔ပဲ ျဖစ္ပါတယ္။ ဒီအာမခံခ်က္ေတြရရွိဖို႔ ကြၽန္ေတာ္တို႔ လိုက္နာရမွာက ဒို႔တာ၀န္အေရးသံုးပါးျဖစ္ေၾကာင္း သတိျပဳၾကေစလိုပါတယ္။ ဒီေန႔ ၿငိမ္းခ်မ္းေရးညီလာခံမွာ ေဆြးေႏြးရခက္ေနတယ္လို႔ေျပာေနၾကတဲ့ "ခြဲမထြက္ရ"ဆိုတဲ့  ကိစၥနဲ႔ ပတ္သက္ၿပီးေျပာလိုပါတယ္။ လက္နက္ကိုင္ လမ္းစဥ္ကိုစြန္႔ၿပီး  ႏိုင္ငံေရး ေဆြးေႏြးပြဲေတြျပဳလုပ္ရာမွာ အၿမဲဦးတည္ ထားရမွာက ဒို႔တာ၀န္အေရးသံုးပါး ျဖစ္ပါတယ္။  ဒါ႔ေၾကာင့္ ျပည္ေထာင္စုၿပိဳကြဲေရး၊ တုိင္းရင္းသားစည္းလံုးညီၫြတ္မႈၿပိဳကြဲေရးကို ဦးတည္တဲ့ ကိစၥေတြကို မူလေဆြးေႏြးမႈမွာကတည္းက ေရွာင္ရွားဖို႔လိုမွာျဖစ္ပါတယ္။ ျပည္ေထာင္စုရဲ႕ မည္သည့္အစိတ္ အပိုင္းကိုမဆို ျပည္ေထာင္စုမွ ခြဲထြက္ျခင္းမျပဳရလုိ႔လည္း ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ရဲ႕ ဖြဲ႕စည္းပံုအေျခခံ ဥပေဒ (၂၀၀၈ ခုႏွစ္)၊ ပုဒ္မ ၁၀ မွာ အတိအလင္း ျပ႒ာန္းထားၿပီး ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ "ခြဲမထြက္ရ"ဆိုတဲ့ စကားရပ္ဟာ ထာ၀ရ ၿငိမ္းခ်မ္းေရးအတြက္ အမွန္တကယ္လိုအပ္တဲ့ စကားရပ္တစ္ခု၊ အာမခံခ်က္တစ္ခုျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္။ ယေန႔ က်င္းပျပဳလုပ္ေနတဲ့ ႏွစ္ပတ္လည္ေန႔အပါအ၀င္ ၿငိမ္းခ်မ္းေရး ညီလာခံမ်ားဟာ သမၼတ ဦးသိန္းစိန္လက္ထက္ ၂၀၁၁ ခုႏွစ္ ၿငိမ္းခ်မ္းေရးဖိတ္ေခၚခ်က္က အစပ်ဳိးခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၁ ခုႏွစ္၊ ၾသဂုတ္လ ၁၈ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာခဲ့တဲ့ "ၿငိမ္းခ်မ္းေရး ေဆြးေႏြးရန္ ဖိတ္ေခၚျခင္း"ဆိုတဲ့ ဖိတ္ေခၚခ်က္အရ တိုင္းရင္းသားလက္နက္ကိုင္မ်ားနဲ႔ ေဆြးေႏြးရာမွာ ဒို႔တာ၀န္အေရးသံုးပါးကို လိုက္နာလက္ခံဖို႔၊ ခြဲထြက္ေရးကိစၥမေျပာဖို႔ ကနဦးသေဘာတူၿပီးမွ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ တိုးတက္ ေဆာင္ရြက္ခဲ့တယ္ဆိုတာကို အမွတ္ရၾကဖုိ႔လုိပါတယ္။ ဒါ့ေၾကာင့္ "ခြဲမထြက္ရ"ဆိုတဲ့ သေဘာ တူညီခ်က္ကို ထည့္သင့္/မထည့္သင့္ အျငင္းပြားေနစရာမလိုပါဘူး။ NCA ရဲ႕ အေျခခံမူ၊ ၂၀၀၈ ခုႏွစ္ အေျခခံဥပေဒရဲ႕ အေျခခံမူေတြအရ ထည့္ကိုထည့္ရမယ့္သေဘာ တူညီခ်က္ျဖစ္ေၾကာင္း ေျပာလိုပါတယ္။ ဥပေဒ၊ စည္းမ်ဥ္း၊  စည္းကမ္းဆိုတာ"တိုက္တြန္းခ်က္၊ တားျမစ္ခ်က္" လို႔လည္း အဓိပၸာယ္ ဖြင့္ဆိုၾကပါတယ္။ ဥပေဒကဲ့သို႔ သေဘာသက္ ေရာက္တဲ့  ျပည္ေထာင္စုသေဘာတူ စာခ်ဳပ္မွာလည္း တိုက္တြန္းခ်က္၊  လုပ္ေဆာင္ ရမွာေတြကို ေဖာ္ျပသလို တားျမစ္ခ်က္ေတြ၊ မလုပ္ ေဆာင္ရမွာေတြ ကိုလည္း ေဖာ္ျပထားမွ ျပည့္စံုမွာျဖစ္ပါတယ္။ "ခြဲမထြက္ရ" ဆိုတဲ့ တားျမစ္ခ်က္ကို ထည့္သြင္းရျခင္းဟာ အခ်ဳိ႕အဖြဲ႕ အစည္းမ်ား ေျပာေနသလို တိုင္းရင္းသားညီအစ္ကို ေမာင္ႏွမမ်ား အေပၚ  မယံုၾကည္လို႔မဟုတ္ပါဘူး။ ေရရွည္အတြက္ အာမခံခ်က္ အျပည့္ရွိေစဖို႔၊ ယံုၾကည္ခ်င္လို႔၊ တစ္ဦးနဲ႔တစ္ဦး သံသယကင္းကင္းနဲ႔ ထာ၀ရၿငိမ္းခ်မ္းေရး လမ္းေပၚမွာ အတူတကြ လက္တြဲခ်င္လို႔သာ ျဖစ္ေၾကာင္း ေျပာၾကားလိုပါ တယ္။

ျပည္ေထာင္စုစနစ္၊ သို႔မဟုတ္ ဖက္ဒရယ္စနစ္ဆိုတာ မတူကြဲျပားတဲ့ တိုင္းေဒသႀကီးေတြ၊ ျပည္နယ္ေတြ၊ လူမ်ဳိးေတြ၊ လူမ်ဳိးစု ေတြကို စုစည္းထားရာမွာ အခ်ဳပ္အျခာအာဏာကို ခြဲေ၀က်င့္သံုးတဲ့ အယူ အဆ သေဘာတရားတစ္ရပ္ျဖစ္ပါတယ္။ ဖက္ဒရယ္စနစ္ကို တစ္သမတ္တည္း ပံုေသမွတ္ယူလို႔ မရသလို ႏိုင္ငံအလိုက္က်င့္သံုးမႈကလည္း တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ မတူႏိုင္ေၾကာင္း ေတြ႕ရွိရမွာ ျဖစ္ပါတယ္။ ျပည္ေထာင္စု စနစ္အတြက္ ေပါင္းစည္းၾကရာမွာလည္း အတူယွဥ္တြဲေနထုိင္သည့္ ဖက္ဒရယ္စနစ္ (Coming together Federalism)၊ သိမ္းသြင္း ေနထိုင္သည့္ ဖက္ဒရယ္စနစ္ (Putting together Federalism)၊ အတူေပါင္းစည္းေနထိုင္သည့္ ဖက္ဒရယ္စနစ္ (Holding together Federalism) ဆိုၿပီး ရွိၾကရာမွာ ကြၽန္ေတာ္တို႔ႏိုင္ငံသည္ အဂၤလိပ္ကိုလိုနီမျဖစ္ခင္ ကိုယ့္မင္း၊ ကိုယ့္ခ်င္းဘ၀ကည္းက တုိင္းရင္းသားအားလံုး အတူေပါင္းစည္းေနထိုင္ တဲ့ ျပည္ေထာင္စုစနစ္ (Holding together Federalism)ကို က်င့္သံုးခဲ့တဲ့  မိသားစု ႏိုင္ငံ တစ္ခုျဖစ္ပါတယ္။ ျမန္မာရဲ႕ေနာက္ဆံုးမင္းဆက္ျဖစ္တဲ့ သီေပါမင္းကို အဂၤလိပ္တို႔ ဖမ္းဆီး ေခၚေဆာင္သြားစဥ္ မွာ အဂၤလိပ္ လက္ထဲက သီေပါမင္းကို ျပန္လုမယ္ဆိုၿပီး ေနာက္လိုက္ ေနာက္ပါ ၅၀၀ နဲ႔ မႏၲေလးဘုရားႀကီးကေစာင့္ခဲ့တဲ့သူဟာ ရွမ္းေစာ္ဘြားတစ္ဦးျဖစ္တဲ့ ေညာင္ေရႊေစာ္ဘြားႀကီး ဦးေစာေမာင္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း နယ္ခ်ဲ႕အဂၤလိပ္ေတြက ဗမာနဲ႔ တိုင္းရင္းသား ေတြ ပူးေပါင္းသြားမွာကို  စိုးရိမ္ခဲ့ၾကပါတယ္။ မပူးေပါင္းမိေအာင္လည္း တုိင္းရင္းသားေဒသေတြနဲ႔ ျမန္မာျပည္အလယ္ပိုင္းေဒသကို ေသြးခြဲ အုပ္ခ်ဳပ္ႏိုင္ေရး ရွမ္းျပည္နယ္မ်ား အက္ဥပေဒ (Shan States Act of 1888)၊ ကခ်င္ေတာင္တန္းလူမ်ဳိးစုမ်ား စည္းမ်ဥ္းဥပေဒ (Khachi Hill Tribes Regulation-1895)၊ ခ်င္းေတာင္တန္း စည္းမ်ဥ္းဥပေဒ (Chin Hill Regulation-1896)ဆိုၿပီး အုပ္ခ်ဳပ္မႈ စနစ္အမ်ဳိးမ်ဳိး၊ ဥပေဒ အမ်ဳိးမ်ဳိးက်င့္သံုးေဆာင္ရြက္ခဲ့ပါတယ္။ ၁၉၂၁ ခုႏွစ္ကေန ၁၉၃၇ ခုႏွစ္အထိ က်င့္သံုးခဲ့တဲ့ ဒိုင္အာခီ အုပ္ခ်ဳပ္ေရးမွာလည္း တိုင္းရင္းသား ေဒသေတြကို ပါ၀င္ခြင့္မရေစဘဲ ခြဲျခားအုပ္ခ်ဳပ္႐ံုတင္မက ဥပေဒျပဳ ေကာင္စီမွာလည္း လူမ်ဳိးေရး ကြဲျပားမႈျဖစ္ေစလိုသည့္ ရည္ရြယ္ခ်က္ျဖင့္ အေထြေထြ မဲဆႏၵနယ္မွ ေရြးခ်ယ္သူမ်ား၊ အိႏၵိယလူမ်ဳိးမ်ားမွ ေရြးခ်ယ္သူမ်ား၊ ကရင္အမ်ဳိး သားမ်ားမွ ေရြးခ်ယ္သူမ်ား၊ အဂၤလိပ္ကျပားမ်ားမွ ေရြးခ်ယ္သူမ်ား၊ ၿဗိတိသွ်လူမ်ဳိးမ်ားမွ ေရြးခ်ယ္သူမ်ားဆိုၿပီး အခ်ဳိးခြဲျခားသတ္မွတ္ ခဲ့ေၾကာင္း ေတြ႕ရပါတယ္။ ေတာင္တန္း၊ ေျမျပန္႔ ေသြးခြဲအုပ္ခ်ဳပ္႐ံုနဲ႔ အားမရဘဲ ျမန္မာျပည္မမွာပင္ ထပ္မံေသြးခြဲအုပ္ခ်ဳပ္တာကို ေတြ႕ႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ ၉၁ ဌာနအုပ္ခ်ဳပ္ေရးကို က်င့္သံုးခဲ့ရာမွာလည္း အေထြေထြ မဲဆႏၵနယ္၊ ကရင္လူမ်ဳိး မဲဆႏၵနယ္၊ အိႏိၵယလူမ်ဳိးမဲဆႏၵနယ္၊ အဂၤလိပ္ကျပားလူမ်ဳိးမဲဆႏၵနယ္၊ ဥေရာပလူမ်ဳိးမဲဆႏၵနယ္နဲ႔ ခ်စ္တီးအသင္းဆိုၿပီး ခြဲျခားသတ္မွတ္ကာ ဥပေဒျပဳေအာက္လႊတ္ေတာ္မွာ ပါ၀င္ေစခဲ့ေၾကာင္း ေတြ႕ရပါတယ္။ အျခားတုိင္းရင္းသားမ်ား သီးျခား မပါခဲ့ပါဘူး။

ဒီလို ေသြးခြဲအုပ္ခ်ဳပ္မႈရဲ႕ အက်ဳိးဆက္ေတြေၾကာင့္ တုိင္းရင္းသားခ်င္း၊ လူမ်ဳိးစုခ်င္းအၾကား ေသြးကြဲခဲ့ရၿပီး တုိင္းရင္းသား လက္နက္ကိုင္ပဋိပကၡမ်ားအထိ ျဖစ္ခဲ့ရပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡအဆိုးရြားဆံုးအခ်ိန္ဟာ လြတ္လပ္ေရးရၿပီး ၁၉၄၈ ခုႏွစ္မွ ၁၉၅၈ ခုႏွစ္အတြင္း ပါလီမန္ ဒီမိုကေရစီေခတ္မွာ ႏိုင္ငံေရးကြဲျပားမႈ၊  လူမ်ဳိးေရးကြဲျပားမႈ၊ တုိင္းရင္းသားေရးကြဲျပားမႈ၊ အယူ၀ါဒေရး ကြဲျပားမႈမွတစ္ဆင့္ အုပ္ခ်ဳပ္တဲ့အစိုးရအဆက္ဆက္ကို လက္နက္စြဲကိုင္ ဆန္႔က်င္ျခင္းမွ ပဋိပကၡစတင္ျဖစ္ပြားခဲ့ၿပီး ႏိုင္ငံတကာက "ရန္ကုန္အစိုးရ"လို႔  ေခၚရတဲ့အထိ ႏွိမ့္ခ်ေခၚေ၀ၚခံခဲ့ရတာကို သတိျပဳမိ ၾကမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီေန႔ထိ ေတာက္ေလာင္ေနဆဲျဖစ္တဲ့ လက္နက္ကိုင္ ပဋိပကၡရဲ႕ ဇာစ္ျမစ္နဲ႔ စတင္ခဲ့တဲ့အခ်ိန္ကာလအရ ျပည္တြင္း လက္နက္ကိုင္ပဋိပကၡသည္ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္မ်ားအၾကား စတင္ျဖစ္ပြားခဲ့တာမဟုတ္ဘဲ သက္ဆိုင္ရာ အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္မ်ားအၾကား ျဖစ္ပြားခဲ့တာ ျဖစ္တယ္လို႔ ဆိုရျခင္းျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔ ႏိုင္ငံေတာ္နဲ႔ အစိုးရရဲ႕ အခ်ဳပ္အျခာအာဏာကို ကာကြယ္ဖုိ႔ တာ၀န္ရွိတဲ့ အဖြဲ႕အစည္း ပီသစြာ ကာကြယ္ရျခင္းပဲျဖစ္ပါတယ္။ ဒီေန႔အခ်ိန္အခါမွာ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡသည္ တပ္မေတာ္ႏွင့္တိုင္းရင္းသား လက္နက္ကိုင္ မ်ားအၾကား ျဖစ္ပြားေနေသာ ပဋိပကၡသာျဖစ္တယ္လို႔ တစ္ဖက္သတ္ ေကာက္ခ်က္ခ်ေနျခင္းဟာ မသင့္ေလ်ာ္ေသာ၊ ယုတၱိမတန္ေသာ ေကာက္ခ်က္သာျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ကိုလိုနီလက္ထက္မွာ အစိတ္စိတ္ အႁမႊာႁမႊာ ေသြးခြဲအုပ္ခ်ဳပ္ခံခဲ့ရၿပီးေနာက္ လြတ္လပ္ေရးမရခင္မွာ ေပါင္းစည္းၿပီး အတူတကြလြတ္လပ္ေရးရယူႏိုင္ေရး ပင္လံုစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ပါတယ္။ ပင္လံုသမိုင္းကို ေလ့လာၾကည့္ရင္ ပင္လံုစာခ်ဳပ္ဟာ လြယ္လြယ္ကူကူျဖစ္ေပၚလာတဲ့ စာခ်ဳပ္မဟုတ္ေၾကာင္း ေတြ႕ရမွာ ျဖစ္ပါတယ္။ ေသြးထိုးလႈံ႕ေဆာ္မႈေတြ၊ တစ္ဖက္သတ္ လိုလားခ်က္နဲ႔ ေတာင္းဆိုမႈေတြေၾကာင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကိုယ္တိုင္ ပင္လံုညီလာခံက ျပန္ဖို႔နဲ႔ ျပည္မခ်ည္း သက္သက္ လြတ္လပ္ေရးရယူဖို႔ အႀကံျဖစ္ခဲ့ဖူးပါတယ္။ အပါးေတာ္ၿမဲျဖစ္တဲ့ ဗုိလ္ထြန္းလွကို ျပန္ဖို႔ အတြက္ ေလယာဥ္ေခၚယူခိုင္းတဲ့အထိ ျဖစ္ခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ ျပန္မယ္ဆိုတဲ့ သတင္းၾကားရေတာ့ ပင္လံုတစ္၀ိုက္မွာ စုစည္းေနတဲ့ တိုင္းရင္းသား ျပည္သူလူထုနဲ႔ ေက်ာင္းသားေတြက "ရွမ္း-ဗမာ ပူးေပါင္းပါ"၊ "နယ္ခ်ဲ႕ အလိုမရွိ"စတဲ့ ေၾကြးေၾကာ္သံေတြနဲ႔ လွည့္လည္ ေၾကြးေၾကာ္ခဲ့လို႔ ပင္လံုစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ပင္လံုစိတ္ဓာတ္ ပင္လံုသေဘာတူညီခ်က္ကို လိုက္နာရန္ ဆိုၿပီး ေျပာလာၾကတာကို ေတြ႕ရပါတယ္။ ပင္လံုစိတ္ဓာတ္ဆိုတာဘာလဲ။  ဘယ္ေလာက္အခက္ အခဲေတြ႕ရွိေနပါေစ အတူတကြ ေပါင္းစည္းေနထုိင္ျခင္းလို႔ပဲ သေဘာေပါက္ပါတယ္။ ပင္လံုစာခ်ဳပ္ဟာ ႏွစ္ေပါင္းမ်ားစြာ အတူတကြ ေပါင္းစည္းေနထိုင္ျခင္း (Holding-together) ရွိခဲ့တဲ့ ကြၽန္ေတာ္တို႔ တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမေတြအတြက္ စည္းလံုးမႈ ပိုမိုက်စ္လ်စ္ခိုင္မာေစေရး အသိ အမွတ္ျပဳတဲ့ မိမိသေဘာ ဆႏၵအေလ်ာက္ ထပ္မံေပါင္းစည္းေနထုိင္ျခင္း (Agreement Holding- together) စာခ်ဳပ္တစ္ခုလို႔ ျမင္ပါတယ္။ ပင္လံုစာခ်ဳပ္မွာ အပိုဒ္ ၉ ပိုဒ္သာ ပါ၀င္ပါတယ္။ ဒီစာခ်ဳပ္ရဲ႕ အပိုဒ္တိုင္း၊ စာေၾကာင္းတိုင္းမွာ ခြဲထြက္ျခင္းလို႔ အဓိပၸာယ္သက္ေရာက္တဲ့ စကားလံုးတစ္ခုမွ မပါပါဘူး။ ဘယ္လို ေပါင္းစည္းၿပီး လြတ္လပ္ေရးရယူမယ္ဆိုတာသာ ပါပါတယ္။ ဒီေန႔ အေျပာ အမ်ားဆံုး၊ ရည္ၫႊန္းအခံရဆံုး စာပိုဒ္ကေတာ့ စာပိုဒ္ ၅ ရဲ႕ ေနာက္ဆံုးစာေၾကာင္းပါပဲ။ အဲဒီစာေၾကာင္းမွာ "Full autonomy in internal administration for the Frontier  Areas is accepted in principle" "နယ္စပ္ေဒသမ်ားအတြက္ နယ္တြင္းအုပ္ခ်ဳပ္ေရးတြင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ရာႏႈန္းအျပည့္ ရွိေစရမည္ဟူေသာမူကို သေဘာတူ ညီၾကသည္"လို႔ ပညာရွင္အခ်ဳိ႕က ဘာသာျပန္ထားပါတယ္။ စာခ်ဳပ္ပါ "Internal administration""နယ္တြင္းအုပ္ခ်ဳပ္ေရး"ဆိုတဲ့ စကားကို သတိျပဳမိၾကမွာျဖစ္ပါတယ္။ တစ္နည္းအားျဖင့္"ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး" ျဖစ္ပါတယ္။ NCA မွာ  ကြၽန္ေတာ္တို႔သေဘာတူထားတာ ကိုယ္ပိုင္ျပ႒ာန္းခြင့္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ NCA သည္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုတာထက္ ပိုမို က်ယ္ျပန္႔တယ္လို႔ ကြၽန္ေတာ္ေျပာခဲ့တာျဖစ္တဲ့ အျပင္ NCA  သည္သာ  ျပည္ေထာင္စုရဲ႕ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းရန္အတြက္ တစ္ခုတည္းေသာ ထြက္ရပ္လမ္းလို႔ တင္စား ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အခြင့္အေရး၊ အာမခံခ်က္ ကို ရယူတဲ့အခါ ဒို႔တာ၀န္အေရးသံုးပါးလမ္းေၾကာင္း၊ ခြဲမထြက္ေရး အာမခံခ်က္တို႔က ေသြဖည္မသြားဖို႔ အထူးလိုအပ္ပါတယ္။

ကြၽန္ေတာ္တို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ေဆာင္ရြက္ ၾကရာမွာ NCA စာခ်ဳပ္ရဲ႕ အပိုဒ္ ၂၂၊ အပိုဒ္ခြဲ(ဃ)အရ "ျပည္ေထာင္စု ညီလာခံမွ ထြက္ေပၚလာေသာ ဆံုးျဖတ္ခ်က္မ်ားအေပၚ အေျခခံ၍ ဖြဲ႕စည္းပံုအေျခခံဥပေဒအပါအ၀င္ ဥပေဒမ်ားကို လိုသလိုျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္းႏွင့္ ပယ္ဖ်က္ျခင္းမ်ားကို လုပ္ထံုးလုပ္နည္းနဲ႔အညီ ျပဳလုပ္ရန္" လို႔ သေဘာတူညီထားပါတယ္။ လုပ္ထံုး လုပ္နည္းနဲ႔အညီ ျပဳလုပ္ရန္ ဆိုတဲ့ေနရာမွာ ဖြဲ႕စည္းပံုအေျခခံဥပေဒ အခန္း ၁၂၊ ဖြဲ႕စည္းပံုအေျခခံ ဥပေဒျပင္ဆင္ျခင္းအတုိင္း ျပဳလုပ္သြားရမွာျဖစ္ပါတယ္။ အေျခခံဥပေဒနဲ႔ ပတ္သက္လို႔ ျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္း ျပဳလုပ္ႏိုင္ေပမယ့္ အသစ္ ျပန္လည္ေရးဆြဲျခင္းကိုေတာ့ ခြင့္ျပဳမထားေၾကာင္း ေတြ႕ရမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ေဆာင္ရြက္ေနၾကတာဟာ တစ္ႏိုင္ငံလံုးပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရးကေနတစ္ဆင့္ ထာ၀ရၿငိမ္းခ်မ္းေရးဆီသို႔ ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးရာမွာ ၿငိမ္းခ်မ္းေရးထက္အေရးႀကီးတာ ဘာမွမရွိဘူးလို႔ အႀကိမ္ႀကိမ္ ေျပာခဲ့ဖူးပါတယ္။ ေဆြးေႏြးေနၾကတာ ေတြဟာ ၿငိမ္းခ်မ္းေရးကို အဓိကဦးတည္ၿပီး လက္နက္ကိုင္ လမ္းစဥ္ခ်ဳပ္ၿငိမ္းဖို႔ ျဖစ္ပါတယ္။ ႏိုင္ငံေရး အထုပ္ျဖည္ဖို႔ မဟုတ္ပါဘူး။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို အေၾကာင္းျပၿပီး မိမိတို႔ရဲ႕ တစ္ဖက္သတ္ လိုလားခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားေနတာေတြဟာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အဟန္႔အတား ျဖစ္ေစပါတယ္။ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ တကယ္လိုအပ္တဲ့ အေျခခံဥပေဒပါျပ႒ာန္း ခ်က္ေတြကို ျပင္ဆင္တာ၊ ျဖည့္စြက္တာကို မူအားျဖင့္ သေဘာတူပါတယ္။ သို႔ေသာ္ ၿငိမ္းခ်မ္းေရးနဲ႔မဆိုင္ဘဲ မိမိတိုရဲ႕ ႏိုင္ငံေရး လိုဘကို ျဖည့္ဆည္းဖို႔ NCA လမ္းေၾကာင္းကို တလြဲ အသံုးခ်ၿပီး အေျခခံဥပေဒနဲ႔ အျခားဥပေဒမ်ားကို ျပင္ဆင္တာ၊ ျဖည့္စြက္ တာကိုေတာ့ သေဘာတူညီဖို႔ ခက္ခဲမွာျဖစ္ပါတယ္။ တိုင္းရင္းသား ျပည္သူလူထုရဲ႕ အက်ဳိးကိုေရွး႐ႈၿပီး ၂၀၁၅ ခုႏွစ္အတြင္းမွာ ဖြဲ႕စည္းပံု အေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ရဲ႕ ဇယား-၂ မွ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ဥပေဒျပဳစာရင္းမွာ အခ်က္ ၃၄ ခ်က္၊ ဇယား-၅ မွ တိုင္းေဒသႀကီးသို႔မဟုတ္ ျပည္နယ္မ်ားက ေကာက္ခံရမည့္ အခြန္အခ မ်ားမွာ အခ်က္ ၂၀ တို႔ကို ျပင္ဆင္ျဖည့္စြက္ၿပီး လုပ္ကိုင္ခြင့္ေတြ ထပ္မံ တိုးခ်ဲ႕ေပးထားတာဟာ လက္ေတြ႕မ်က္ျမင္ပဲျဖစ္ပါတယ္။ လိုအပ္ရင္ ထပ္မံ ေဆြးေႏြးတိုးခ်ဲ႕ႏိုင္ေရး ေဆာင္ရြက္ သြားရမွာျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲအၿပီး ထြက္ေပၚ လာခဲ့တဲ့ အခ်ဳိ႕တိုင္းရင္းသားေတြရဲ႕ ဆႏၵသေဘာထားအရ တိုင္းေဒသႀကီး၊ ျပည္နယ္လႊတ္ေတာ္ ေတြမွာ မဲအမ်ားစုရရွိတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ႕ မဲနဲ႕ပဲ တိုင္းေဒသႀကီး၊ ျပည္နယ္ ၀န္ႀကီးခ်ဳပ္ေတြကို ေရြးေကာက္တင္ေျမႇာက္ႏိုင္ခြင့္ဟာလည္း ထည့္သြင္းစဥ္းစားရမယ့္ ကိစၥတစ္ရပ္ ျဖစ္ပါတယ္။ ႏိုင္ငံေတာ္အစိုးရမွာ ႏိုင္ငံေရးအရ ခန္႔အပ္ခံရတဲ့ ၀န္ႀကီးမ်ားရဲ႕ေနာက္မွာ အတြင္း ၀န္မ်ား ခန္႔ထားၿပီး အုပ္ခ်ဳပ္ေရးယႏၲရားကို  ႏိုင္ငံေရးအေျပာင္းအလဲ ျဖစ္တိုင္းေႏွာင့္ေႏွးရပ္တန္႔မႈမျဖစ္ေအာင္ စီမံေဆာင္ရြက္ထားတာ ေတြ႕ရမွာျဖစ္ပါတယ္။ ဒီလိုပဲ တိုင္းေဒသႀကီး၊ ျပည္နယ္ေတြမွာလည္း ႏိုင္ငံေရးအရ ခန္႔အပ္ခံထားရတဲ့ ၀န္ႀကီးခ်ဳပ္နဲ႔ ၀န္ႀကီးေတြနဲ႔ သီးျခားျဖစ္တဲ့ တိုင္းေဒသႀကီး၊ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး (Governor)ေတြကို တာ၀န္ေပးႏိုင္ဖို႔ စဥ္းစားရမွာျဖစ္ပါတယ္။ ဒီစနစ္ကို ကြၽန္ေတာ္တို႔ရဲ႕ အိမ္နီးခ်င္း ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံႀကီးျဖစ္တဲ့ အိႏိၵယမွာ ေအာင္ျမင္စြာ က်င့္သံုးေနတာကို ေတြ႕ျမင္ႏိုင္မွာျဖစ္ပါတယ္။

ဖြဲ႕စည္းပံုအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)နဲ႔ အလုပ္လုပ္ရတာ၊ ႏိုင္ငံေတာ္တာ၀န္ကို ရယူရတာဟာ အခက္အခဲရွိတယ္ဆိုတဲ့ အသံေတြ ပိုမိုၾကားလာရပါတယ္။ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပံုအေျခခံ ဥပေဒဟာ ႏိုင္ငံကို အာမခံခ်က္ေပးထားျခင္းျဖစ္ၿပီး ေရြးေကာက္ပြဲ၀င္ျခင္းဆိုတာ ႏိုင္ငံေရးပါတီနဲ႔ ကိုယ္စားလွယ္မ်ားက မဲဆႏၵရွင္မ်ားကို အာမခံခ်က္ ေပးျခင္း ျဖစ္ပါတယ္။ အေျခခံဥပေဒပါ ကိစၥရပ္မ်ား ေအာင္ျမင္စြာ ေဆာင္ရြက္ဖို႔ဆိုရင္ လႊတ္ေတာ္နဲ႔အစိုးရက ေဆာင္ရြက္ေပးရမွာျဖစ္ပါ တယ္။ ယခင္ သမၼတႀကီး ဦးသိန္းစိန္အစိုးရ လက္ထက္မွာလည္း ဒီႏိုင္ငံကို ဒီအေျခခံဥပေဒနဲ႔ စီမံေဆာင္ရြက္သြားတာပဲျဖစ္ပါတယ္။ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကို ေအာင္ျမင္စြာ ေဆာင္ရြက္ႏိုင္ခဲ့သလို တိုင္းျပည္ရဲ႕စီးပြားေရးကိုလည္း အေျခအေနတစ္ခုအထိ တြန္းတင္ေပးႏိုင္ခဲ့ ပါတယ္။ ႏိုင္ငံတကာဆက္ဆံေရးနယ္ပယ္နဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရး နယ္ပယ္ေတြမွာလည္း ေအာင္ျမင္မႈမွတ္တိုင္မ်ားကို စိုက္ထူႏိုင္ခဲ့ပါတယ္။ လက္ရွိႏိုင္ငံေတာ္အစိုးရဟာလည္း ဒီဖြဲ႕စည္းပံု အေျခခံဥပေဒအရ  ေရြးေကာက္ပြဲ၀င္၊ အစိုးရဖြဲ႕စည္းၿပီး တုိင္းျပည္ကို အုပ္ခ်ဳပ္ေနတာ ျဖစ္ပါတယ္။ ဖြဲ႕စည္းပံုအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)ဟာ ဒီမိုကေရစီ စံခ်ိန္စံၫႊန္းေတြ၊ ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းေတြနဲ႔ မကိုက္ညီဘူးဆိုရင္၊ အဓိကတာ၀န္ရွိတဲ့ (Institution) ေတြကလည္း လုိက္နာမႈ မရွိဘူးဆုိရင္ လက္ရွိအစုိးရဟာ အတုိက္အခံပါတီဘ၀ကေန အာဏာရပါတီအျဖစ္ ျဖစ္လာစရာ အေၾကာင္း မရွိဘူးလုိ႔ ယူဆပါတယ္။ အေျခခံဥပေဒမွာ ဒီမုိကေရစီရဲ႕ အႏွစ္သာရေတြျဖစ္တဲ့ ႏိုင္ငံေရးပါတီေတြ၊ အဖြဲ႕အစည္းေတြကို ပိတ္ပင္ထားတာ၊ အတုိက္အခံေတြကို ႏွိပ္ကြပ္ထားတာ၊ ႏိုင္ငံသားအခြင့္ အေရးေတြကို ခ်ဳိးႏွိမ္ထားတာ၊ ဖက္ဒရယ္စနစ္ရဲ႕ အႏွစ္သာရေတြျဖစ္တဲ့ တုိင္းရင္းသားေတြကို ခြဲျခားဆက္ဆံတာ ေတြရွိရင္ ေထာက္ျပၾကဖုိ႔၊ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးၾကဖုိ႔ ေျပာလုိပါတယ္။ ဒီလုိမဟုတ္ဘဲ ႏိုင္ငံေရးလက္စားေခ်လုိမႈ (Political Revenge) ဒီမုိကေရစီ အႏိုင္က်င့္မႈမ်ဳိးေတြျပဳလုပ္မယ္ဆုိရင္ တုိင္းျပည္ရဲ႕ ဖြံ႕ၿဖိဳးတုိးတက္ေရးဟာ ဆုတ္ယုတ္သြားမွာျဖစ္ပါ တယ္။ အခ်ဳိ႕ေသာ ကမၻာ႔ႏိုင္ငံမ်ားမွာ ျဖစ္ပြားေနတဲ့  ႏိုင္ငံေရးလက္စားေခ်မႈေတြဟာ သင္ခန္းစာ ယူစရာေတြျဖစ္ပါတယ္။ အလားတူ ႏိုင္ငံေရးလက္စား ေခ်လုိမႈနဲ႔ တည္ဆဲဥပေဒေတြကို စိတ္ခ်ရတဲ့ အေျခအေနတစ္ခု မေရာက္မီဖ်က္သိမ္းပစ္တာ၊ အသစ္ျပ႒ာန္းတာေတြကိုလည္း ဆင္ျခင္ရမွာ ျဖစ္ပါတယ္။ ဒီမုိကေရစီအစပ်ဳိးကာလမွာ လံုျခံဳေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးဟာ အဓိကအေရးႀကီး ပါတယ္။ တုိင္းရင္းသားအေရး၊ အမ်ဳိးသားအက်ဳိးစီးပြားအေရးထက္ ပုိအေရးႀကီးတာမရွိပါဘူး။ စစ္ေရးနဲ႔ ႏိုင္ငံေရးမွာ မတရားတာမရွိဘူးလုိ႔ ဆုိ႐ုိးစကားရွိေပမယ့္၊ ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ႐ုိးသားတဲ့ႏိုင္ငံေရး၊ တရားမွ်တတဲ့ ႏိုင္ငံေရးကိုသာ လုိခ်င္ပါတယ္။

ဖက္ဒရယ္ျပည္ေထာင္စုစနစ္အတြက္ ကိုယ္ပုိင္ျပ႒ာန္းခြင့္၊ ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္တုိ႔ကို ေတာင္းဆုိၾက ရာမွာ ျပည္ေထာင္စုအတြင္းရွိ မည္သည့္တုိင္းေဒသႀကီး၊ ျပည္နယ္မွာမဆုိ တုိင္းရင္းသား လူမ်ဳိးစုတစ္စုတည္း သီးသန္႔ေနထုိင္တာမဟုတ္ဘဲ လူမ်ဳိးေပါင္းစံု ေပါင္းစည္းေနထုိင္လ်က္ရွိတာကို သတိျပဳရမွာျဖစ္ပါတယ္။ သာဓက အားျဖင့္ ၂၀၁၄ ခုႏွစ္၊ လူဦးေရစာရင္းအရ ကခ်င္ျပည္နယ္မွာ ဆုိရင္ လူဦးေရ ၁၆ သိန္းေက်ာ္ရွိၿပီး၊ လူဦးေရအခ်ဳိးမွာ ဗမာ ၂၉.၂ ရာခုိင္ႏႈန္း၊ ရွမ္း ၂၃.၆ ရာခုိင္ႏႈန္း၊ ဂ်ိမ္းေဖာ ၁၈.၉၇ ရာခုိင္ႏႈန္း၊ လီဆူး ၇ ရာခုိင္ႏႈန္း၊ ရ၀မ္ ၅.၅ ရာခုိင္ႏႈန္း၊ ေလာ္ေ၀ၚ ၃.၃၃ ရာခုိင္ႏႈန္း၊ လာခ်ိတ္ ၂.၈၉ ရာခုိင္ႏႈန္း၊ ဇုိက္၀ါး ၁.၅၇ ရာခုိင္ႏႈန္းနဲ႔ က်န္ တုိင္းရင္းသားမ်ား ၈ ရာခုိင္ႏႈန္းခန္႔ ေရာေႏွာေနထုိင္ၾကတာကို ေတြ႕ရမွာျဖစ္ပါတယ္။ အဓိကတုိင္းရင္းသားလူမ်ဳိးႀကီး ၈ မ်ဳိးလုိ႔ ဆုိေပမယ့္ တုိင္းရင္းသားမ်ဳိးႏြယ္စု ၁၃၀ ေက်ာ္ရွိပါတယ္။ ဒီမုိကေရစီဆုိရာမွာ လူအမ်ားစုရဲ႕ဆႏၵကို ဥပေဒနဲ႔အညီ လုိက္နာ ေဆာင္ရြက္ရမွာျဖစ္သလုိ လူနည္းစုရဲ႕ဆႏၵကိုလည္း ေလးစား ရမွာျဖစ္ပါတယ္။ ကိုယ္ပုိင္ျပ႒ာန္းခြင့္၊ ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္နဲ႔ ပတ္သက္လုိ႔ တုိင္းေဒသႀကီး၊ ျပည္နယ္အလုိက္ လူနည္းစု တုိင္းရင္းသားမ်ားရဲ႕ဆႏၵ၊ သေဘာထားနဲ႔ အခြင့္အေရး ေတြကိုလည္း ထည့္သြင္းတြက္ခ်က္ရ မွာျဖစ္ပါတယ္။

တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားနဲ႔ ပတ္သက္ လုိ႔ကေတာ့ အားလံုးဟာ NCA ကို လက္မွတ္ေရးထုိးဖုိ႔ လုိအပ္ပါတယ္။  NCA ဟာ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားရဲ႕ ေတာင္းဆုိ ခ်က္အရ ျဖစ္ေပၚလာျခင္းျဖစ္ပါတယ္။ ကြၽန္ေတာ္တုိ႔က NCA ကို လက္နက္ သဖြယ္ စြဲကိုင္ ေနတာမဟုတ္ပါဘူး။ NCA ကိုဆုပ္ကိုင္ၿပီး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားအေပၚ အက်ပ္ကိုင္ေနျခင္း လံုး၀မရွိပါေၾကာင္း ေျပာၾကားလိုပါတယ္။ ဖြဲ႕စည္းပံုအေျခခံဥပေဒနဲ႔အညီ သြားေနရာမွာ "တစ္ေက်ာင္း တစ္ဂါထာ တစ္ရြာတစ္ပုဒ္ဆန္း" လုပ္ေနလုိ႔ မရဘူး။ အားလံုးက တစ္ေျပးညီ ေဆာင္ရြက္ရမွာျဖစ္ပါတယ္။ ပစ္ခတ္တုိက္ခုိက္မႈ မရပ္စဲဘဲ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ လုပ္ေနျခင္းဟာ အျငင္းပြားမႈကို ပုိမုိျဖစ္ေစႏုိင္ပါတယ္။ စစ္ေရးဆုိင္ရာစစ္မ်က္ႏွာအျပင္ ႏုိင္ငံေရး ဆုိင္ရာ စစ္မ်က္ႏွာအသစ္တစ္ခု ကိုပါ ထပ္မံဖြင့္လွစ္လုိက္သလုိပဲ ျဖစ္ပါတယ္။ တုိင္းရင္းသား လက္နက္ကိုင္မ်ားရဲ႕ လက္နက္ကိုင္ၿပီး အစုိးရအဆက္ ဆက္ကို ေတာင္းဆုိခဲ့တာဟာ အမ်ဳိးသား တန္းတူေရး၊  ကိုယ္ပုိင္ျပ႒ာန္း ခြင့္နဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ေတြပဲျဖစ္ပါတယ္။ ဒါေတြကို NCA မွာ မူအားျဖင့္ သေဘာတူထားၿပီး ႏိုင္ငံေရး ေဆြးေႏြးပြဲေတြနဲ႔ ေဆြးေႏြး ေနၾကၿပီျဖစ္ပါတယ္။ ႏိုင္ငံေရး အာဏာရယူလုိရင္ တရား၀င္ႏုိင္ငံေရး ထူေထာင္ၿပီး ေရြးေကာက္ ပြဲ၀င္၊ စီးပြားေရးလုပ္ခ်င္ရင္ ကုမၸဏီေထာင္၊ ကိုယ္ႏိုင္ငံကို ကာကြယ္မယ့္ စစ္မႈထမ္းလုပ္ခ်င္တယ္ဆုိရင္ ႏိုင္ငံေတာ္ရဲ႕ တရား၀င္လက္နက္ကိုင္အဖြဲ႕အစည္းျဖစ္တဲ့ တပ္မေတာ္ထဲကို ၀င္ေရာက္ ရမွာျဖစ္ပါတယ္။ ဒါေတြကို မ်က္ကြယ္ျပဳၿပီး တစ္ဖက္က ၿငိမ္းခ်မ္းေရးကို အေၾကာင္းျပကာ လက္နက္စြဲကိုင္လ်က္ ႏိုင္ငံေရး တည္ေဆာက္ေနတာေတြ၊ လက္နက္အင္အား၊ လူအင္အား တည္ေဆာက္ေနတာေတြ၊ နယ္ေျမ တည္ေဆာက္ေနတာေတြ၊ တုိင္းရင္းသားအခ်င္းခ်င္း အႏိုင္က်င့္ တာေတြဟာ ျပည္သူ လုိလားတဲ့ ဒီမုိကေရစီစနစ္ကို ဆန္႔က်င္ျခင္း၊ ဖက္ဒရယ္ ျပည္ေထာင္စုစနစ္ကို ဆန္႔က်င္ျခင္း၊  လက္နက္ကိုင္ၿပီး  "သူတစ္လူ၊ ငါတစ္မင္း"၊ "နယ္တစ္နယ္၊ ဓားတစ္စင္း"စနစ္ကို တည္ေထာင္ လုိျခင္းသာ ျဖစ္တယ္လုိ႔ ယူဆရမွာျဖစ္ၿပီး ျပည္သူ႕ဆႏၵနဲ႔ ဆန္႔က်င္ေနမႈ မွန္သမွ်ကို နည္းလမ္းေပါင္းစံုသံုးၿပီး တားဆီး သြားရမွာျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရး ေဆြးေႏြးစဥ္မွာ လက္နက္ကိုင္ၿပီး စီးပြားေရး လုပ္ငန္းေတြ လုပ္ေနတာဟာ အခြင့္အေရးတစ္ခုကို ဖိအားေပး ဖန္တီးယူေနသလုိျဖစ္ ေနၿပီး သင့္ေလ်ာ္မႈမရွိပါဘူး။ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဆဲအခ်ိန္မွာ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားရဲ႕ လုိအပ္ခ်က္မ်ားကို အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟုိဌာန (NRPC) က ေဆာင္ရြက္ေပး မွာျဖစ္ပါတယ္။ လက္နက္ကိုင္ၿပီး လုပ္လုိ႔ရတယ္ဆုိတဲ့ အယူအဆကို ဆင္ျခင္ရမွာျဖစ္ပါတယ္။ ႏိုင္ငံေတာ္အစုိးရနဲ႔တပ္မေတာ္ အေနနဲ႔ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြအေပၚမွာ တန္းတူရည္တူ သေဘာထားခဲ့ပါတယ္။ အင္အားေကာင္းၿပီး ထိေတြ႕တုိက္ပြဲမ်ား အႀကိမ္ႀကိမ္ ျဖစ္ပြားခဲ့ရတဲ့ KNU အဖြဲ႕အေပၚ မွာလည္း တစ္သေဘာတည္း၊ အင္အားနည္းၿပီး ထိေတြ႕တုိက္ပြဲမရွိ သေလာက္ျဖစ္တဲ့ CNF နဲ႔ ALP တုိ႔လုိ လက္နက္ကိုင္အဖြဲ႕ေတြ အေပၚမွာလည္း တစ္သေဘာ တည္းထားၿပီး NCA စာခ်ဳပ္ကို လက္မွတ္ေရးထုိးေစခဲ့တာျဖစ္ပါတယ္။ NCA လက္မွတ္ထုိးၿပီးမွ NCA အေရျခံဳၿပီး ႏိုင္ငံေရး၊ လက္နက္၊ လူအင္အား၊ နယ္ေျမတုိးခ်ဲ႕တည္ ေဆာက္ေနတာေတြဟာ တည္ၿငိမ္မႈရွိၿပီးျဖစ္တဲ့ နယ္ေျမေတြနဲ႔ တုိင္းရင္းသားေတြအေပၚ အက်ဳိးယုတ္ေစမွာျဖစ္လုိ႔ ေရွာင္ရွားဖုိ႔လုိ အပ္ပါတယ္။ RCSS (SSA) အဖြဲ႕ဟာဆုိရင္ ႏိုင္ငံေရးနဲ႔လံုျခံဳေရး အေၾကာင္းျပခ်က္ အမ်ဳိးမ်ဳိးနဲ႔ ေျပာင္းလဲဖြဲ႕စည္းလာတဲ့ ဦးခြန္ဆာ ေခါင္းေဆာင္တဲ့ (MTA) အဖြဲ႕က ၁၉၉၆ ခုႏွစ္ ဇန္န၀ါရီလ  ၅ ရက္ေန႔မွာ အစုိးရထံ လက္နက္အပ္ႏွံၿပီး ဥပေဒေဘာင္အတြင္း ၀င္ေရာက္လာရာကေန ဇန္န၀ါရီလအကုန္မွာ ျပန္လည္ခြဲထြက္ ေတာခုိခဲ့တဲ့ အဖြဲ႕ျဖစ္ပါတယ္။ NCA စာခ်ဳပ္ကို သေဘာတူလက္မွတ္ ေရးထုိးထားၿပီး ႏုိင္ငံေရး၊ လက္နက္အင္အား၊ လူအင္အားတည္ ေဆာက္မႈ၊ သတ္မွတ္ေပးထားတဲ့နယ္ေျမထက္ အဆမ်ားစြာေက်ာ္ လြန္ၿပီး နယ္ေျမတည္ေဆာက္မႈေတြ ျပဳလုပ္ေနလုိ႔ အျခားတုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕ေတြနဲ႔ ပဋိပကၡမ်ားျဖစ္ပြားလ်က္ရွိတာကို ေတြ႕ရ ပါတယ္။ NCA ကို တစ္လြဲအသံုးမခ်ဖုိ႔ေျပာလုိပါတယ္။ တစ္လြဲအသံုးခ်ရင္ တုိင္းရင္းသား ျပည္သူလူထုရဲ႕ အသက္၊ အုိးအိမ္ စည္းစိမ္ကို အကာအကြယ္ေပးဖုိ႔  တာ၀န္ရွိတဲ့ တပ္မေတာ္အေနနဲ႕  လက္ပိုက္ၾကည့္ ေနႏုိင္မွာမဟုတ္ေၾကာင္း အသိေပးလုိပါတယ္။

NCA လက္မွတ္ေရးထုိးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္မ်ား လႈပ္ရွားသြားလာခြင့္ျပဳထားတဲ့ ေနရာအေတာ္မ်ားမ်ားမွာ ပစ္ခတ္တိုက္ခိုက္မႈမရွိတာ ေတြ႕ရပါလိမ့္မယ္။ ဘာျဖစ္လို႔ပါလဲ။ ႏွစ္ဖက္ တာ၀န္ရွိသူမ်ားက ထိန္းသိမ္းလိုက္နာၾကျခင္းေၾကာင့္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း ေအးခ်မ္းတဲ့ အက်ဳိးမ်ား ေဒသခံေတြ ခံစားရၿပီး သူတို႔ဘ၀တိုးတက္မႈရွိေအာင္ ေဆာင္ရြက္ႏိုင္ခြင့္ရၾကလို႔   ဒီနယ္ေျမ ေတြဟာ ယခင္ကထက္ ပိုမိုတိုးတက္လာတယ္ဆိုတာ မျငင္းႏိုင္ပါဘူး။ သို႔ျဖစ္တဲ့အတြက္ ထာ၀ရၿငိမ္းခ်မ္းေရးကို အျမန္ဆံုး လုပ္ေဆာင္ႏိုင္ ေလေလ ျပည္သူတုိ႔ဘ၀ တိုးတက္လာေစေလျဖစ္ပါ တယ္။ ဒါ့ေၾကာင့္ အခ်ိန္မဆြဲဘဲ ဒီမိုကေရစီလမ္းေၾကာင္းေပၚ အျမန္ ေလွ်ာက္လွမ္းဖို႔ ေျပာလိုပါတယ္။ ျပည္သူေတြကလည္း ထာ၀ရ ၿငိမ္းခ်မ္းေရးကို အျမန္ရရွိေရး ေမွ်ာ္လင့္ေနပါတယ္။

လက္နက္ကိုင္ပဋိပကၡေတြခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္းေရး ရရွိဖုိ႔အတြက္ ကြၽန္ေတာ္တုိ႔မျဖစ္မေန ျဖတ္သန္းရမယ့္အဆင့္တစ္ခုကေတာ့ လံုျခံဳေရးဆုိင္ရာ ျပန္လည္ေပါင္းစည္းျခင္းပဲျဖစ္ပါတယ္။ မည္သည့္ႏိုင္ငံေရးစနစ္ကို က်င့္သံုးတဲ့ႏုိင္ငံပဲျဖစ္ေစ ႏိုင္ငံေတာ္ ကာကြယ္ေရးအတြက္ အဓိကလက္နက္ကိုင္အဖြဲ႕အစည္းတစ္ရပ္၊ တပ္မေတာ္တစ္ခု (Single Army)သာ ထားရွိပါတယ္။ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနနဲ႔ ကိုယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ျပည္နယ္ႏွင့္ တုိင္းေဒသႀကီးမ်ားအလုိက္ ဥပေဒႏွင့္အညီခြင့္ျပဳတဲ့ ကိုယ္ပုိင္ျပ႒ာန္းခြင့္၊ ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္ ေတြရရွိရင္ လက္နက္ကိုင္ လမ္းစဥ္ကို သံေယာဇဥ္ျဖတ္ေတာက္ရမွာ ျဖစ္ပါတယ္။ ကာကြယ္ေရး တာ၀န္ကို ဆက္လက္ထမ္းေဆာင္ခ်င္ရင္ တပ္မေတာ္အတြင္း ၀င္ေရာက္ရမွာျဖစ္ပါတယ္။ တပ္မေတာ္ အေနနဲ႔လည္း သတ္မွတ္စစ္မႈထမ္းစည္းမ်ဥ္းနဲ႔ အရည္အခ်င္းအလုိက္ ရာထူး၊ ေနရာေတြေပးသြား မွာျဖစ္ပါတယ္။ ယေန႔ ျမန္မာ့တပ္မေတာ္ဟာ ျမန္မာ့လြတ္လပ္ေရးႀကိဳးပမ္းမႈႏွင့္အတူ ေပါက္ဖြားလာ တဲ့ တပ္မေတာ္ျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဦးေဆာင္တဲ့ ရဲေဘာ္ သံုးက်ိပ္ကေန စတင္ခဲ့ၿပီး ၁၉၄၁ ခုႏွစ္၊ ဒီဇင္ဘာလ ၂၇ ရက္ေန႔မွာ ဖြဲ႕စည္းခဲ့တဲ့ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ (BIA)ကေန သေႏၶ တည္ခဲ့တာျဖစ္ပါတယ္။ ဂ်ပန္ေခတ္မွာ တပ္မေတာ္ကို အင္အား ေလ်ာ့ခ်ခံခဲ့ရၿပီး BDA အျဖစ္ ေျပာင္းလဲခဲ့ပါတယ္။ ၁၉၄၅ ခုႏွစ္ အဂၤလိပ္တုိ႔ ဒုတိယအႀကိမ္  ျပန္၀င္လာခ်ိန္မွာ မ်ဳိးခ်စ္ဗမာ့ တပ္မေတာ္ (PBF)ကို ဖ်က္သိမ္းၿပီး ၎တုိ႔စစ္ေျပးစဥ္ အိႏၵိယမွာ ဖြဲ႕ခဲ့တဲ့ အမည္ခံ(Burma Army) နဲ႔ အစားထုိးဖုိ႔လုပ္ခဲ့ပါတယ္။ ဒါေပမယ့္ ျပည္သူလူထုတစ္ရပ္လံုးက လက္မခံဘဲ ေနသူရိန္လူထု အစည္းအေ၀း ႀကီးမွာ "တပ္မေတာ္နဲ႔ပတ္သက္ေသာအဆုိ"ကို တင္သြင္းၿပီး တပ္မေတာ္ ဆက္လက္ ရပ္တည္ေရး ေဆာင္ရြက္ခဲ့ပါတယ္။ မႏၲေလး၊ စစ္ကိုင္း၊ ျမင္းျခံ၊ ပ်ဥ္းမနား၊ ေတာင္ငူ၊ ပဲခူး၊ သာယာ၀တီ၊ ဟသၤာတစတဲ့ ၿမိဳ႕ႀကီး ေတြမွာလည္း ေနသူရိန္လူထု အစည္းအေ၀းႀကီးက  တင္သြင္းတဲ့အဆုိ မ်ားကို ေထာက္ခံပြဲျပဳလုပ္ၿပီး တစ္ခဲနက္ေထာက္ခံခဲ့ၾကပါတယ္။ ဒါေၾကာင့္ အဂၤလိပ္တုိ႔က ျမန္မာ့တပ္မေတာ္ဖြဲ႕စည္းေရး ကႏီၵစာခ်ဳပ္ကို ၁၉၄၅ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္ေန႔မွာ ခ်ဳပ္ဆုိခဲ့ပါတယ္။ တပ္မေတာ္ (ေရ)၊ တပ္မေတာ္(ေလ) ဖြဲ႕စည္းေရးအတြက္ ရဲေဘာ္သံုးက်ိပ္၀င္ ဗိုလ္လက်္ာႏွင့္ ဂြၽန္ဒဗလ်ဴဖရီးမင္းတုိ႔ ခ်ဳပ္ဆုိခဲ့တဲ့ လက်္ာ-ဖရီးမင္း စာခ်ဳပ္ကို ၁၉၄၇ ခုႏွစ္၊ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ခ်ဳပ္ဆုိႏုိင္ခဲ့ ပါတယ္။ ဒီဇင္ဘာလ ၁၅ ရက္ေန႔မွာ ဗမာ့ေလတပ္မေတာ္၊ ဒီဇင္ဘာလ ၂၄ ရက္ေန႔မွာ ဗမာ့ေရတပ္မေတာ္ဆုိၿပီး ေပၚေပါက္လာခဲ့ တာျဖစ္ပါတယ္။ ယေန႔ ျမန္မာ့တပ္မေတာ္က တပ္အစိတ္အပုိင္းအသီးသီးနဲ႔ တပ္ရင္း၊ တပ္ဖြဲ႕ေတြဟာ ႏုိင္ငံေတာ္ျပန္တမ္း၊ ႏိုင္ငံေတာ္ရဲ႕ ဖြဲ႕စည္းမိန္႔နဲ႔ ေပၚေပါက္ လာတဲ့ တပ္မ်ားျဖစ္ပါတယ္။ ကြၽန္ေတာ္တုိ႔ တပ္မေတာ္သားမ်ားဟာ မိမိဆႏၵအေလ်ာက္ တပ္မေတာ္သုိ႔ ၀င္ေရာက္တာ၀န္ထမ္းေဆာင္ၾကသူ မ်ားျဖစ္ၿပီး ခြဲတမ္းအေနနဲ႔ တာ၀န္ထမ္းေဆာင္ၾကသူမ်ား မဟုတ္ပါဘူး။  တပ္မေတာ္အရာရွိမ်ားဟာ ႏိုင္ငံေတာ္ျပန္တမ္းနဲ႔ ခန္႔အပ္ ခံထားရသူမ်ားျဖစ္သလုိ စစ္သည္မ်ားဟာလည္း သတ္မွတ္ အရည္အခ်င္း၊ စစ္မႈထမ္းစည္းမ်ဥ္းေတြနဲ႔ ခန္႔အပ္ခံထားရသူေတြျဖစ္ပါတယ္။ ဆင့္ကဲအုပ္ခ်ဳပ္မႈစနစ္နဲ႔ ႏိုင္ငံေတာ္အေပၚ သစၥာခံရသူမ်ား ျဖစ္ပါတယ္။ ဒီျဖစ္တည္မႈေတြ၊ ျပန္တမ္းေတြ၊ စည္းမ်ဥ္း စည္းကမ္းေတြဟာ စစ္မႈထမ္းအားလံုး လုိက္နာေစာင့္ထိန္းရမယ့္ အရာေတြပဲ ျဖစ္ပါတယ္။ ျပည္နယ္ အလုိက္ ကာကြယ္ေရးတပ္မ်ားထားရွိေရး၊ အဆင့္ဆင့္တာ၀န္ ထမ္းေဆာင္မႈမရွိဘဲ စစ္မႈထမ္း စည္းမ်ဥ္းကို ေက်ာ္လြန္ခန္႔ထားေရးတုိ႔ဟာ မျဖစ္ႏိုင္တဲ့၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ေနာက္ျပန္ဆြဲ လုိတဲ့ အေတြးအေခၚမ်ားသာျဖစ္ေၾကာင္း ေျပာလုိပါတယ္။ ဒါ့အျပင္ တပ္မေတာ္အေနနဲ႔ ဒီမုိကေရစီ စနစ္နဲ႔ကိုက္ညီတဲ့ တပ္မေတာ္အျဖစ္ ျပဳျပင္ေျပာင္းလဲသြားဖုိ႔ မူအားျဖင့္ သေဘာတူပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ကနဦးေဆာင္ရြက္ရမွာက တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္း အားလံုး ဟာ NCA စာခ်ဳပ္ကို လက္မွတ္ ေရးထုိးၿပီး လံုျခံဳေရးဆုိင္ရာ ေပါင္းစည္းေရးကိစၥရပ္မ်ားကို ဦးစြာ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။

နိဂံုးခ်ဳပ္အေနနဲ႔ေျပာၾကားလုိတာကေတာ့-

          -        ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ အေျခခံမူမ်ား ခ်မွတ္ ရာမွာ သေဘာတူညီၿပီးျဖစ္တဲ့ NCA ရဲ႕ အေျခခံမူမ်ား၊ ဖြဲ႕စည္းပံုအေျခခံဥပေဒ (၂၀၀၈)ခုႏွစ္ရဲ႕ အေျခခံမူ  မ်ားကိုေရွး႐ႈၿပီး ေဆာင္ရြက္သြားၾကပါ။

          -        ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္ၾကရာမွာ တဒဂၤၿငိမ္းခ်မ္းေရး၊ အစုိးရ သက္တမ္းတစ္ခုအတြင္း မွာသာ ရရွိရမည့္ၿငိမ္းခ်မ္းေရးကို ေဆာင္ရြက္ေနျခင္း မဟုတ္ဘူး ဆုိတာ အထူးသတိျပဳၿပီး ေရရွည္ေမွ်ာ္မွန္း ေဆာင္ရြက္သြား ၾကပါ။

          -        NCA စာခ်ဳပ္မွာ လက္မွတ္ေရးထုိးဖုိ႔ က်န္ရွိေနေသးတဲ့ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနနဲ႔လည္း တုိင္းရင္းသားျပည္သူလူထုရဲ႕ ၿငိမ္းခ်မ္းေရးဆႏၵကို တန္ဖုိးထားၿပီး လက္မွတ္ေရးထုိးသြားၾကဖုိ႔နဲ႔ လက္မွတ္ ေရးထုိးၿပီးသား အဖြဲ႕မ်ားအေနနဲ႔လည္း  စိတ္ရင္း ေစတနာ မွန္မွန္နဲ႔ ၿငိမ္းခ်မ္းေရးလမ္းစဥ္ကို ဆက္လက္ ေလွ်ာက္လွမ္း သြားၾကဖုိ႔ အၾကံျပဳေျပာၾကားရင္း နိဂံုးခ်ဳပ္ လုိက္ပါတယ္။

အားလံုးကို ေက်းဇူးတင္ပါတယ္။

(Unicode Version)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း(၃)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့တွင် အစိုးရနှင့်(NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သီးသန့်အစည်းအဝေး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားသည့် အဖွင့်အမှာစကား

ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအကြား ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆို ခဲ့တဲ့ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ ဒီနှစ်ပတ်လည်နေ့မှာ အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ  သီးသန့်အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ တာဝန်ရှိသူများ အားလုံး နှလုံးစိတ်ဝမ်း အေးချမ်း၍ ငြိမ်းချမ်းသာယာရှိကြပါစေကြောင်း ဦးစွာဆုတောင်းဆန္ဒပြု နှုတ်ခွန်းဆက်လိုက်ပါတယ်။

ဒီတစ်ခါပြုလုပ်တဲ့ နှစ်ပတ်လည်နေ့ဟာ ကျန်ခဲ့တဲ့နှစ်ပတ်လည်နေ့ နှစ်ကြိမ်ထက် အသွင်သဏ္ဍာန် အားဖြင့်ကော၊ အနှစ်သာရအားဖြင့်ပါ ထူးခြားမှုများရှိနေကြောင်း တိုင်းရင်းသားပြည်သူလူထုက  သိရှိကြပါတယ်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ငြိမ်းချမ်းရေးအတွက် ခါတိုင်းမျှော်လင့် သည်ထက် ပိုမိုမျှော်လင့်လာတာတွေ၊ ပိုမိုစိတ်ပါဝင်စားလာတာတွေကို ကျွန်တော်တို့သိရှိပါတယ်။ ငြိမ်းချမ်းစေလိုတဲ့ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ ဒီနေရာမှာ ဒီအချိန်မှာ စုစည်းပြီး သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေကြတာဖြစ်ပါတယ်။ ဒီသမိုင်းပေးတာဝန်ကို တပ်မတော်အနေနဲ့ ကျေပွန်စွာထမ်းဆောင်နိုင်ရေး၊ တဒင်္ဂငြိမ်းချမ်းရေးမဟုတ်တဲ့ ထာဝရငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီခိုင်မာရေးကို ဖော်ဆောင်နိုင်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက် နေတာဖြစ်ပါတယ်။

ယခင်(NCA)စာချုပ် ချုပ်ဆိုခြင်းအခမ်းအနား နှစ်ပတ်လည်နေ့တွေမှာ မိန့်ခွန်းတွေပြော၊ ညစာစားပွဲ တွေလုပ်ကြပါတယ်။ အထိမ်းအမှတ်အခမ်းအနားထက်တော့ နည်းနည်းထူးခြားပါတယ်။ ဒီနှစ်မှာတော့ ဆွေးနွေးပွဲတွေပါ ဆက်ပြီးကျင်းပသွားမှာဖြစ်လို့ ထူးခြားပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အရှိန်အဟုန်မြှင့်တင် သွားနိုင်မှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း ၂၀၂၀ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရေး သန္နိဋ္ဌာန်ချထား ကြောင်းကိုလည်း ကျွန်တော့်ရဲ့ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောကြားပြီးဖြစ်ပါတယ်။ တပ်မတော် အနေနဲ့ ဒီသန္နိဋ္ဌာန်အတိုင်းပဲ ဖြစ်မြောက်အောင်ဆောင်ရွက်ပြီး တိုင်းရင်းသားပြည်သူလူထု လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်း ရေးကို ပြည်သူ့လက်သို့ အရောက်အပ်နှင်းမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွင်း ညီလာခံ ၃ ကြိမ်ကျင်းပပြီး အခြေခံမူတွေရရှိအောင် ဆောင်ရွက် မယ်လို့ ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံတွေမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍနဲ့ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွေအတွက် အခြေခံမူ ၅၁ ချက်ရပြီးဖြစ်ပါတယ်။ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် စုစည်းထားပြီးဖြစ်ပါတယ်။ ဒီအခြေခံမူတွေ ချမှတ် နိုင်တာဟာ NCA ရဲ့ အကျိုးကျေးဇူးကြောင့်၊ NCA ပါ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆောင်ရွက် ခဲ့ကြလို့ဖြစ်ပါတယ်။ တစ်ချိန်က စစ်မြေပြင်မှာ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကိုင်ပြီး တိုက်ခိုက်နေရာ ကနေ တစ်စားပွဲတည်းထိုင်ပြီး စကားပြော၊ သဘောတူညီချက်တွေ ထုတ်နိုင်တာဟာ လွယ်ကူတဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ NCA က ပေးတဲ့ စုပေါင်းစိတ်ဓာတ်၊ ညှိနှိုင်းဆွေးနွေးခြင်းရလဒ်တွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံမူတွေကို ချမှတ်ရာမှာလည်း NCA ရဲ့ အခန်း(၁)၊ အခြေခံမူ(၁၁) ချက်အတိုင်း လိုက်နာဆောင်ရွက်သွား ကြဖို့လိုပါတယ်။ ဂဃနဏ နားလည်သဘောပေါက်ဖို့ လိုအပ်မှာဖြစ်ကြောင်း အကြံပြု လိုပါတယ်။ အခြေခံမူ(၁၁)ချက်ထဲက ပထမအချက်မှာ ဒီနေ့ငြိမ်းချမ်း ရေးရဲ့ အုတ်မြစ်ဖြစ်တဲ့  တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တောင်းဆို နေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ရေးသား သဘောတူခဲ့ကြပါတယ်။ မလွဲမသွေလိုက်နာဖို့ လိုအပ်တဲ့ရှေးရှုချက် သို့မဟုတ် ရည်မှန်းချက်  ၃ ခု၊ အခြေခံအချက် ၃ ခုနဲ့  အာမခံချက် ၃ခုတို့ ပါဝင်တာတွေ့ရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့ တည်ဆောက်သွားမယ်လို့ သဘောတူညီ ထားပါတယ်။ ဒီလိုတည်ဆောက်ရာမှာ ရှေးရှုရာမှာ၊ ရည်မှန်းချက်ထား ရမှာက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးပဲ ဖြစ်ပါတယ်။ အခြေခံရမှာက လောကပါလတရား(၃)ပါးဖြစ်တဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ ဖြစ်ပါတယ်။ အာမခံထားတာက ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတို့ပဲ ဖြစ်ပါတယ်။ ဒီအာမခံချက်တွေရရှိဖို့ ကျွန်တော်တို့ လိုက်နာရမှာက ဒို့တာဝန်အရေးသုံးပါးဖြစ်ကြောင်း သတိပြုကြစေလိုပါတယ်။ ဒီနေ့ ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးရခက်နေတယ်လို့ပြောနေကြတဲ့ "ခွဲမထွက်ရ"ဆိုတဲ့  ကိစ္စနဲ့ ပတ်သက်ပြီးပြောလိုပါတယ်။ လက်နက်ကိုင် လမ်းစဉ်ကိုစွန့်ပြီး  နိုင်ငံရေး ဆွေးနွေးပွဲတွေပြုလုပ်ရာမှာ အမြဲဦးတည် ထားရမှာက ဒို့တာဝန်အရေးသုံးပါး ဖြစ်ပါတယ်။  ဒါ့ကြောင့် ပြည်ထောင်စုပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲရေးကို ဦးတည်တဲ့ ကိစ္စတွေကို မူလဆွေးနွေးမှုမှာကတည်းက ရှောင်ရှားဖို့လိုမှာဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့ မည်သည့်အစိတ် အပိုင်းကိုမဆို ပြည်ထောင်စုမှ ခွဲထွက်ခြင်းမပြုရလို့လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၁၀ မှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် "ခွဲမထွက်ရ"ဆိုတဲ့ စကားရပ်ဟာ ထာဝရ ငြိမ်းချမ်းရေးအတွက် အမှန်တကယ်လိုအပ်တဲ့ စကားရပ်တစ်ခု၊ အာမခံချက်တစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ယနေ့ ကျင်းပပြုလုပ်နေတဲ့ နှစ်ပတ်လည်နေ့အပါအဝင် ငြိမ်းချမ်းရေး ညီလာခံများဟာ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်က အစပျိုးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ "ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း"ဆိုတဲ့ ဖိတ်ခေါ်ချက်အရ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဆွေးနွေးရာမှာ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာလက်ခံဖို့၊ ခွဲထွက်ရေးကိစ္စမပြောဖို့ ကနဦးသဘောတူပြီးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက် ဆောင်ရွက်ခဲ့တယ်ဆိုတာကို အမှတ်ရကြဖို့လိုပါတယ်။ ဒါ့ကြောင့် "ခွဲမထွက်ရ"ဆိုတဲ့ သဘော တူညီချက်ကို ထည့်သင့်/မထည့်သင့် အငြင်းပွားနေစရာမလိုပါဘူး။ NCA ရဲ့ အခြေခံမူ၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေရဲ့ အခြေခံမူတွေအရ ထည့်ကိုထည့်ရမယ့်သဘော တူညီချက်ဖြစ်ကြောင်း ပြောလိုပါတယ်။ ဥပဒေ၊ စည်းမျဉ်း၊  စည်းကမ်းဆိုတာ"တိုက်တွန်းချက်၊ တားမြစ်ချက်" လို့လည်း အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ ဥပဒေကဲ့သို့ သဘောသက် ရောက်တဲ့  ပြည်ထောင်စုသဘောတူ စာချုပ်မှာလည်း တိုက်တွန်းချက်၊  လုပ်ဆောင် ရမှာတွေကို ဖော်ပြသလို တားမြစ်ချက်တွေ၊ မလုပ် ဆောင်ရမှာတွေ ကိုလည်း ဖော်ပြထားမှ ပြည့်စုံမှာဖြစ်ပါတယ်။ "ခွဲမထွက်ရ" ဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းရခြင်းဟာ အချို့အဖွဲ့ အစည်းများ ပြောနေသလို တိုင်းရင်းသားညီအစ်ကို မောင်နှမများ အပေါ်  မယုံကြည်လို့မဟုတ်ပါဘူး။ ရေရှည်အတွက် အာမခံချက် အပြည့်ရှိစေဖို့၊ ယုံကြည်ချင်လို့၊ တစ်ဦးနဲ့တစ်ဦး သံသယကင်းကင်းနဲ့ ထာဝရငြိမ်းချမ်းရေး လမ်းပေါ်မှာ အတူတကွ လက်တွဲချင်လို့သာ ဖြစ်ကြောင်း ပြောကြားလိုပါ တယ်။

ပြည်ထောင်စုစနစ်၊ သို့မဟုတ် ဖက်ဒရယ်စနစ်ဆိုတာ မတူကွဲပြားတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစု တွေကို စုစည်းထားရာမှာ အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးတဲ့ အယူ အဆ သဘောတရားတစ်ရပ်ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ကို တစ်သမတ်တည်း ပုံသေမှတ်ယူလို့ မရသလို နိုင်ငံအလိုက်ကျင့်သုံးမှုကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူနိုင်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု စနစ်အတွက် ပေါင်းစည်းကြရာမှာလည်း အတူယှဉ်တွဲနေထိုင်သည့် ဖက်ဒရယ်စနစ် (Coming together Federalism)၊ သိမ်းသွင်း နေထိုင်သည့် ဖက်ဒရယ်စနစ် (Putting together Federalism)၊ အတူပေါင်းစည်းနေထိုင်သည့် ဖက်ဒရယ်စနစ် (Holding together Federalism) ဆိုပြီး ရှိကြရာမှာ ကျွန်တော်တို့နိုင်ငံသည် အင်္ဂလိပ်ကိုလိုနီမဖြစ်ခင် ကိုယ့်မင်း၊ ကိုယ့်ချင်းဘဝကည်းက တိုင်းရင်းသားအားလုံး အတူပေါင်းစည်းနေထိုင် တဲ့ ပြည်ထောင်စုစနစ် (Holding together Federalism)ကို ကျင့်သုံးခဲ့တဲ့  မိသားစု နိုင်ငံ တစ်ခုဖြစ်ပါတယ်။ မြန်မာရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်းကို အင်္ဂလိပ်တို့ ဖမ်းဆီး ခေါ်ဆောင်သွားစဉ် မှာ အင်္ဂလိပ် လက်ထဲက သီပေါမင်းကို ပြန်လုမယ်ဆိုပြီး နောက်လိုက် နောက်ပါ ၅၀၀ နဲ့ မန္တလေးဘုရားကြီးကစောင့်ခဲ့တဲ့သူဟာ ရှမ်းစော်ဘွားတစ်ဦးဖြစ်တဲ့ ညောင်ရွှေစော်ဘွားကြီး ဦးစောမောင်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နယ်ချဲ့အင်္ဂလိပ်တွေက ဗမာနဲ့ တိုင်းရင်းသား တွေ ပူးပေါင်းသွားမှာကို  စိုးရိမ်ခဲ့ကြပါတယ်။ မပူးပေါင်းမိအောင်လည်း တိုင်းရင်းသားဒေသတွေနဲ့ မြန်မာပြည်အလယ်ပိုင်းဒေသကို သွေးခွဲ အုပ်ချုပ်နိုင်ရေး ရှမ်းပြည်နယ်များ အက်ဥပဒေ (Shan States Act of 1888)၊ ကချင်တောင်တန်းလူမျိုးစုများ စည်းမျဉ်းဥပဒေ (Khachi Hill Tribes Regulation-1895)၊ ချင်းတောင်တန်း စည်းမျဉ်းဥပဒေ (Chin Hill Regulation-1896)ဆိုပြီး အုပ်ချုပ်မှု စနစ်အမျိုးမျိုး၊ ဥပဒေ အမျိုးမျိုးကျင့်သုံးဆောင်ရွက်ခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်ကနေ ၁၉၃၇ ခုနှစ်အထိ ကျင့်သုံးခဲ့တဲ့ ဒိုင်အာခီ အုပ်ချုပ်ရေးမှာလည်း တိုင်းရင်းသား ဒေသတွေကို ပါဝင်ခွင့်မရစေဘဲ ခွဲခြားအုပ်ချုပ်ရုံတင်မက ဥပဒေပြု ကောင်စီမှာလည်း လူမျိုးရေး ကွဲပြားမှုဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် အထွေထွေ မဲဆန္ဒနယ်မှ ရွေးချယ်သူများ၊ အိန္ဒိယလူမျိုးများမှ ရွေးချယ်သူများ၊ ကရင်အမျိုး သားများမှ ရွေးချယ်သူများ၊ အင်္ဂလိပ်ကပြားများမှ ရွေးချယ်သူများ၊ ဗြိတိသျှလူမျိုးများမှ ရွေးချယ်သူများဆိုပြီး အချိုးခွဲခြားသတ်မှတ် ခဲ့ကြောင်း တွေ့ရပါတယ်။ တောင်တန်း၊ မြေပြန့် သွေးခွဲအုပ်ချုပ်ရုံနဲ့ အားမရဘဲ မြန်မာပြည်မမှာပင် ထပ်မံသွေးခွဲအုပ်ချုပ်တာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ၉၁ ဌာနအုပ်ချုပ်ရေးကို ကျင့်သုံးခဲ့ရာမှာလည်း အထွေထွေ မဲဆန္ဒနယ်၊ ကရင်လူမျိုး မဲဆန္ဒနယ်၊ အိန္ဒိယလူမျိုးမဲဆန္ဒနယ်၊ အင်္ဂလိပ်ကပြားလူမျိုးမဲဆန္ဒနယ်၊ ဥရောပလူမျိုးမဲဆန္ဒနယ်နဲ့ ချစ်တီးအသင်းဆိုပြီး ခွဲခြားသတ်မှတ်ကာ ဥပဒေပြုအောက်လွှတ်တော်မှာ ပါဝင်စေခဲ့ကြောင်း တွေ့ရပါတယ်။ အခြားတိုင်းရင်းသားများ သီးခြား မပါခဲ့ပါဘူး။

ဒီလို သွေးခွဲအုပ်ချုပ်မှုရဲ့ အကျိုးဆက်တွေကြောင့် တိုင်းရင်းသားချင်း၊ လူမျိုးစုချင်းအကြား သွေးကွဲခဲ့ရပြီး တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများအထိ ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအဆိုးရွားဆုံးအချိန်ဟာ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန် ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးကွဲပြားမှု၊  လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသားရေးကွဲပြားမှု၊ အယူဝါဒရေး ကွဲပြားမှုမှတစ်ဆင့် အုပ်ချုပ်တဲ့အစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင် ဆန့်ကျင်ခြင်းမှ ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာက "ရန်ကုန်အစိုးရ"လို့  ခေါ်ရတဲ့အထိ နှိမ့်ချခေါ်ဝေါ်ခံခဲ့ရတာကို သတိပြုမိ ကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ထိ တောက်လောင်နေဆဲဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခရဲ့ ဇာစ်မြစ်နဲ့ စတင်ခဲ့တဲ့အချိန်ကာလအရ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခသည် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များအကြား စတင်ဖြစ်ပွားခဲ့တာမဟုတ်ဘဲ သက်ဆိုင်ရာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ အစိုးရရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်း ပီသစွာ ကာကွယ်ရခြင်းပဲဖြစ်ပါတယ်။ ဒီနေ့အချိန်အခါမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသည် တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင် များအကြား ဖြစ်ပွားနေသော ပဋိပက္ခသာဖြစ်တယ်လို့ တစ်ဖက်သတ် ကောက်ချက်ချနေခြင်းဟာ မသင့်လျော်သော၊ ယုတ္တိမတန်သော ကောက်ချက်သာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ကိုလိုနီလက်ထက်မှာ အစိတ်စိတ် အမြွှာမြွှာ သွေးခွဲအုပ်ချုပ်ခံခဲ့ရပြီးနောက် လွတ်လပ်ရေးမရခင်မှာ ပေါင်းစည်းပြီး အတူတကွလွတ်လပ်ရေးရယူနိုင်ရေး ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ပင်လုံသမိုင်းကို လေ့လာကြည့်ရင် ပင်လုံစာချုပ်ဟာ လွယ်လွယ်ကူကူဖြစ်ပေါ်လာတဲ့ စာချုပ်မဟုတ်ကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။ သွေးထိုးလှုံ့ဆော်မှုတွေ၊ တစ်ဖက်သတ် လိုလားချက်နဲ့ တောင်းဆိုမှုတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပင်လုံညီလာခံက ပြန်ဖို့နဲ့ ပြည်မချည်း သက်သက် လွတ်လပ်ရေးရယူဖို့ အကြံဖြစ်ခဲ့ဖူးပါတယ်။ အပါးတော်မြဲဖြစ်တဲ့ ဗိုလ်ထွန်းလှကို ပြန်ဖို့ အတွက် လေယာဉ်ခေါ်ယူခိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ပြန်မယ်ဆိုတဲ့ သတင်းကြားရတော့ ပင်လုံတစ်ဝိုက်မှာ စုစည်းနေတဲ့ တိုင်းရင်းသား ပြည်သူလူထုနဲ့ ကျောင်းသားတွေက "ရှမ်း-ဗမာ ပူးပေါင်းပါ"၊ "နယ်ချဲ့ အလိုမရှိ"စတဲ့ ကြွေးကြော်သံတွေနဲ့ လှည့်လည် ကြွေးကြော်ခဲ့လို့ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပင်လုံစိတ်ဓာတ် ပင်လုံသဘောတူညီချက်ကို လိုက်နာရန် ဆိုပြီး ပြောလာကြတာကို တွေ့ရပါတယ်။ ပင်လုံစိတ်ဓာတ်ဆိုတာဘာလဲ။  ဘယ်လောက်အခက် အခဲတွေ့ရှိနေပါစေ အတူတကွ ပေါင်းစည်းနေထိုင်ခြင်းလို့ပဲ သဘောပေါက်ပါတယ်။ ပင်လုံစာချုပ်ဟာ နှစ်ပေါင်းများစွာ အတူတကွ ပေါင်းစည်းနေထိုင်ခြင်း (Holding-together) ရှိခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအတွက် စည်းလုံးမှု ပိုမိုကျစ်လျစ်ခိုင်မာစေရေး အသိ အမှတ်ပြုတဲ့ မိမိသဘော ဆန္ဒအလျောက် ထပ်မံပေါင်းစည်းနေထိုင်ခြင်း (Agreement Holding- together) စာချုပ်တစ်ခုလို့ မြင်ပါတယ်။ ပင်လုံစာချုပ်မှာ အပိုဒ် ၉ ပိုဒ်သာ ပါဝင်ပါတယ်။ ဒီစာချုပ်ရဲ့ အပိုဒ်တိုင်း၊ စာကြောင်းတိုင်းမှာ ခွဲထွက်ခြင်းလို့ အဓိပ္ပာယ်သက်ရောက်တဲ့ စကားလုံးတစ်ခုမှ မပါပါဘူး။ ဘယ်လို ပေါင်းစည်းပြီး လွတ်လပ်ရေးရယူမယ်ဆိုတာသာ ပါပါတယ်။ ဒီနေ့ အပြော အများဆုံး၊ ရည်ညွှန်းအခံရဆုံး စာပိုဒ်ကတော့ စာပိုဒ် ၅ ရဲ့ နောက်ဆုံးစာကြောင်းပါပဲ။ အဲဒီစာကြောင်းမှာ "Full autonomy in internal administration for the Frontier  Areas is accepted in principle" "နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူ ညီကြသည်"လို့ ပညာရှင်အချို့က ဘာသာပြန်ထားပါတယ်။ စာချုပ်ပါ "Internal administration""နယ်တွင်းအုပ်ချုပ်ရေး"ဆိုတဲ့ စကားကို သတိပြုမိကြမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်"ကိုယ်ပိုင်အုပ်ချုပ်ရေး" ဖြစ်ပါတယ်။ NCA မှာ  ကျွန်တော်တို့သဘောတူထားတာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် NCA သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတာထက် ပိုမို ကျယ်ပြန့်တယ်လို့ ကျွန်တော်ပြောခဲ့တာဖြစ်တဲ့ အပြင် NCA  သည်သာ  ပြည်ထောင်စုရဲ့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်အတွက် တစ်ခုတည်းသော ထွက်ရပ်လမ်းလို့ တင်စား ပြောဆိုခဲ့တာဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး၊ အာမခံချက် ကို ရယူတဲ့အခါ ဒို့တာဝန်အရေးသုံးပါးလမ်းကြောင်း၊ ခွဲမထွက်ရေး အာမခံချက်တို့က သွေဖည်မသွားဖို့ အထူးလိုအပ်ပါတယ်။

ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက် ကြရာမှာ NCA စာချုပ်ရဲ့ အပိုဒ် ၂၂၊ အပိုဒ်ခွဲ(ဃ)အရ "ပြည်ထောင်စု ညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကို လိုသလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြုလုပ်ရန်" လို့ သဘောတူညီထားပါတယ်။ လုပ်ထုံး လုပ်နည်းနဲ့အညီ ပြုလုပ်ရန် ဆိုတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအတိုင်း ပြုလုပ်သွားရမှာဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုလုပ်နိုင်ပေမယ့် အသစ် ပြန်လည်ရေးဆွဲခြင်းကိုတော့ ခွင့်ပြုမထားကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်နေကြတာဟာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကနေတစ်ဆင့် ထာဝရငြိမ်းချမ်းရေးဆီသို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ငြိမ်းချမ်းရေးထက်အရေးကြီးတာ ဘာမှမရှိဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဆွေးနွေးနေကြတာ တွေဟာ ငြိမ်းချမ်းရေးကို အဓိကဦးတည်ပြီး လက်နက်ကိုင် လမ်းစဉ်ချုပ်ငြိမ်းဖို့ ဖြစ်ပါတယ်။ နိုင်ငံရေး အထုပ်ဖြည်ဖို့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြောင်းပြပြီး မိမိတို့ရဲ့ တစ်ဖက်သတ် လိုလားချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေပါတယ်။ ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တကယ်လိုအပ်တဲ့ အခြေခံဥပဒေပါပြဋ္ဌာန်း ချက်တွေကို ပြင်ဆင်တာ၊ ဖြည့်စွက်တာကို မူအားဖြင့် သဘောတူပါတယ်။ သို့သော် ငြိမ်းချမ်းရေးနဲ့မဆိုင်ဘဲ မိမိတိုရဲ့ နိုင်ငံရေး လိုဘကို ဖြည့်ဆည်းဖို့ NCA လမ်းကြောင်းကို တလွဲ အသုံးချပြီး အခြေခံဥပဒေနဲ့ အခြားဥပဒေများကို ပြင်ဆင်တာ၊ ဖြည့်စွက် တာကိုတော့ သဘောတူညီဖို့ ခက်ခဲမှာဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူလူထုရဲ့ အကျိုးကိုရှေးရှုပြီး ၂၀၁၅ ခုနှစ်အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရဲ့ ဇယား-၂ မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းမှာ အချက် ၃၄ ချက်၊ ဇယား-၅ မှ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခ များမှာ အချက် ၂၀ တို့ကို ပြင်ဆင်ဖြည့်စွက်ပြီး လုပ်ကိုင်ခွင့်တွေ ထပ်မံ တိုးချဲ့ပေးထားတာဟာ လက်တွေ့မျက်မြင်ပဲဖြစ်ပါတယ်။ လိုအပ်ရင် ထပ်မံ ဆွေးနွေးတိုးချဲ့နိုင်ရေး ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ထွက်ပေါ် လာခဲ့တဲ့ အချို့တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားအရ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် တွေမှာ မဲအများစုရရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မဲနဲ့ပဲ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်တွေကို ရွေးကောက်တင်မြှောက်နိုင်ခွင့်ဟာလည်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရမှာ နိုင်ငံရေးအရ ခန့်အပ်ခံရတဲ့ ဝန်ကြီးများရဲ့နောက်မှာ အတွင်း ဝန်များ ခန့်ထားပြီး အုပ်ချုပ်ရေးယန္တရားကို  နိုင်ငံရေးအပြောင်းအလဲ ဖြစ်တိုင်းနှောင့်နှေးရပ်တန့်မှုမဖြစ်အောင် စီမံဆောင်ရွက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုပဲ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာလည်း နိုင်ငံရေးအရ ခန့်အပ်ခံထားရတဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေနဲ့ သီးခြားဖြစ်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor)တွေကို တာဝန်ပေးနိုင်ဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ ဒီစနစ်ကို ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာ အောင်မြင်စွာ ကျင့်သုံးနေတာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့ အလုပ်လုပ်ရတာ၊ နိုင်ငံတော်တာဝန်ကို ရယူရတာဟာ အခက်အခဲရှိတယ်ဆိုတဲ့ အသံတွေ ပိုမိုကြားလာရပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ နိုင်ငံကို အာမခံချက်ပေးထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲဝင်ခြင်းဆိုတာ နိုင်ငံရေးပါတီနဲ့ ကိုယ်စားလှယ်များက မဲဆန္ဒရှင်များကို အာမခံချက် ပေးခြင်း ဖြစ်ပါတယ်။ အခြေခံဥပဒေပါ ကိစ္စရပ်များ အောင်မြင်စွာ ဆောင်ရွက်ဖို့ဆိုရင် လွှတ်တော်နဲ့အစိုးရက ဆောင်ရွက်ပေးရမှာဖြစ်ပါ တယ်။ ယခင် သမ္မတကြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ဒီနိုင်ငံကို ဒီအခြေခံဥပဒေနဲ့ စီမံဆောင်ရွက်သွားတာပဲဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သလို တိုင်းပြည်ရဲ့စီးပွားရေးကိုလည်း အခြေအနေတစ်ခုအထိ တွန်းတင်ပေးနိုင်ခဲ့ ပါတယ်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေး နယ်ပယ်တွေမှာလည်း အောင်မြင်မှုမှတ်တိုင်များကို စိုက်ထူနိုင်ခဲ့ပါတယ်။ လက်ရှိနိုင်ငံတော်အစိုးရဟာလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ  ရွေးကောက်ပွဲဝင်၊ အစိုးရဖွဲ့စည်းပြီး တိုင်းပြည်ကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုရင်၊ အဓိကတာဝန်ရှိတဲ့ (Institution) တွေကလည်း လိုက်နာမှု မရှိဘူးဆိုရင် လက်ရှိအစိုးရဟာ အတိုက်အခံပါတီဘဝကနေ အာဏာရပါတီအဖြစ် ဖြစ်လာစရာ အကြောင်း မရှိဘူးလို့ ယူဆပါတယ်။ အခြေခံဥပဒေမှာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေကို ပိတ်ပင်ထားတာ၊ အတိုက်အခံတွေကို နှိပ်ကွပ်ထားတာ၊ နိုင်ငံသားအခွင့် အရေးတွေကို ချိုးနှိမ်ထားတာ၊ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရတွေဖြစ်တဲ့ တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတာ တွေရှိရင် ထောက်ပြကြဖို့၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ ပြောလိုပါတယ်။ ဒီလိုမဟုတ်ဘဲ နိုင်ငံရေးလက်စားချေလိုမှု (Political Revenge) ဒီမိုကရေစီ အနိုင်ကျင့်မှုမျိုးတွေပြုလုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ဆုတ်ယုတ်သွားမှာဖြစ်ပါ တယ်။ အချို့သော ကမ္ဘာ့နိုင်ငံများမှာ ဖြစ်ပွားနေတဲ့  နိုင်ငံရေးလက်စားချေမှုတွေဟာ သင်ခန်းစာ ယူစရာတွေဖြစ်ပါတယ်။ အလားတူ နိုင်ငံရေးလက်စား ချေလိုမှုနဲ့ တည်ဆဲဥပဒေတွေကို စိတ်ချရတဲ့ အခြေအနေတစ်ခု မရောက်မီဖျက်သိမ်းပစ်တာ၊ အသစ်ပြဋ္ဌာန်းတာတွေကိုလည်း ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအစပျိုးကာလမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အဓိကအရေးကြီး ပါတယ်။ တိုင်းရင်းသားအရေး၊ အမျိုးသားအကျိုးစီးပွားအရေးထက် ပိုအရေးကြီးတာမရှိပါဘူး။ စစ်ရေးနဲ့ နိုင်ငံရေးမှာ မတရားတာမရှိဘူးလို့ ဆိုရိုးစကားရှိပေမယ့်၊ ကျွန်တော့်အနေနဲ့ကတော့ ရိုးသားတဲ့နိုင်ငံရေး၊ တရားမျှတတဲ့ နိုင်ငံရေးကိုသာ လိုချင်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို တောင်းဆိုကြ ရာမှာ ပြည်ထောင်စုအတွင်းရှိ မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်မှာမဆို တိုင်းရင်းသား လူမျိုးစုတစ်စုတည်း သီးသန့်နေထိုင်တာမဟုတ်ဘဲ လူမျိုးပေါင်းစုံ ပေါင်းစည်းနေထိုင်လျက်ရှိတာကို သတိပြုရမှာဖြစ်ပါတယ်။ သာဓက အားဖြင့် ၂၀၁၄ ခုနှစ်၊ လူဦးရေစာရင်းအရ ကချင်ပြည်နယ်မှာ ဆိုရင် လူဦးရေ ၁၆ သိန်းကျော်ရှိပြီး၊ လူဦးရေအချိုးမှာ ဗမာ ၂၉.၂ ရာခိုင်နှုန်း၊ ရှမ်း ၂၃.၆ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၁၈.၉၇ ရာခိုင်နှုန်း၊ လီဆူး ၇ ရာခိုင်နှုန်း၊ ရဝမ် ၅.၅ ရာခိုင်နှုန်း၊ လော်ဝေါ် ၃.၃၃ ရာခိုင်နှုန်း၊ လာချိတ် ၂.၈၉ ရာခိုင်နှုန်း၊ ဇိုက်ဝါး ၁.၅၇ ရာခိုင်နှုန်းနဲ့ ကျန် တိုင်းရင်းသားများ ၈ ရာခိုင်နှုန်းခန့် ရောနှောနေထိုင်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ အဓိကတိုင်းရင်းသားလူမျိုးကြီး ၈ မျိုးလို့ ဆိုပေမယ့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၀ ကျော်ရှိပါတယ်။ ဒီမိုကရေစီဆိုရာမှာ လူအများစုရဲ့ဆန္ဒကို ဥပဒေနဲ့အညီ လိုက်နာ ဆောင်ရွက်ရမှာဖြစ်သလို လူနည်းစုရဲ့ဆန္ဒကိုလည်း လေးစား ရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်လို့ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လူနည်းစု တိုင်းရင်းသားများရဲ့ဆန္ဒ၊ သဘောထားနဲ့ အခွင့်အရေး တွေကိုလည်း ထည့်သွင်းတွက်ချက်ရ မှာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပတ်သက် လို့ကတော့ အားလုံးဟာ NCA ကို လက်မှတ်ရေးထိုးဖို့ လိုအပ်ပါတယ်။  NCA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ တောင်းဆို ချက်အရ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့က NCA ကို လက်နက် သဖွယ် စွဲကိုင် နေတာမဟုတ်ပါဘူး။ NCA ကိုဆုပ်ကိုင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် အကျပ်ကိုင်နေခြင်း လုံးဝမရှိပါကြောင်း ပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ သွားနေရာမှာ "တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း" လုပ်နေလို့ မရဘူး။ အားလုံးက တစ်ပြေးညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု မရပ်စဲဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေခြင်းဟာ အငြင်းပွားမှုကို ပိုမိုဖြစ်စေနိုင်ပါတယ်။ စစ်ရေးဆိုင်ရာစစ်မျက်နှာအပြင် နိုင်ငံရေး ဆိုင်ရာ စစ်မျက်နှာအသစ်တစ်ခု ကိုပါ ထပ်မံဖွင့်လှစ်လိုက်သလိုပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များရဲ့ လက်နက်ကိုင်ပြီး အစိုးရအဆက် ဆက်ကို တောင်းဆိုခဲ့တာဟာ အမျိုးသား တန်းတူရေး၊  ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး တွေပဲဖြစ်ပါတယ်။ ဒါတွေကို NCA မှာ မူအားဖြင့် သဘောတူထားပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ဆွေးနွေး နေကြပြီဖြစ်ပါတယ်။ နိုင်ငံရေး အာဏာရယူလိုရင် တရားဝင်နိုင်ငံရေး ထူထောင်ပြီး ရွေးကောက် ပွဲဝင်၊ စီးပွားရေးလုပ်ချင်ရင် ကုမ္ပဏီထောင်၊ ကိုယ်နိုင်ငံကို ကာကွယ်မယ့် စစ်မှုထမ်းလုပ်ချင်တယ်ဆိုရင် နိုင်ငံတော်ရဲ့ တရားဝင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ထဲကို ဝင်ရောက် ရမှာဖြစ်ပါတယ်။ ဒါတွေကို မျက်ကွယ်ပြုပြီး တစ်ဖက်က ငြိမ်းချမ်းရေးကို အကြောင်းပြကာ လက်နက်စွဲကိုင်လျက် နိုင်ငံရေး တည်ဆောက်နေတာတွေ၊ လက်နက်အင်အား၊ လူအင်အား တည်ဆောက်နေတာတွေ၊ နယ်မြေ တည်ဆောက်နေတာတွေ၊ တိုင်းရင်းသားအချင်းချင်း အနိုင်ကျင့် တာတွေဟာ ပြည်သူ လိုလားတဲ့ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ခြင်း၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဆန့်ကျင်ခြင်း၊  လက်နက်ကိုင်ပြီး  "သူတစ်လူ၊ ငါတစ်မင်း"၊ "နယ်တစ်နယ်၊ ဓားတစ်စင်း"စနစ်ကို တည်ထောင် လိုခြင်းသာ ဖြစ်တယ်လို့ ယူဆရမှာဖြစ်ပြီး ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်နေမှု မှန်သမျှကို နည်းလမ်းပေါင်းစုံသုံးပြီး တားဆီး သွားရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးစဉ်မှာ လက်နက်ကိုင်ပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်နေတာဟာ အခွင့်အရေးတစ်ခုကို ဖိအားပေး ဖန်တီးယူနေသလိုဖြစ် နေပြီး သင့်လျော်မှုမရှိပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးဆဲအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ လိုအပ်ချက်များကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ဆောင်ရွက်ပေး မှာဖြစ်ပါတယ်။ လက်နက်ကိုင်ပြီး လုပ်လို့ရတယ်ဆိုတဲ့ အယူအဆကို ဆင်ခြင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့တပ်မတော် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာ တန်းတူရည်တူ သဘောထားခဲ့ပါတယ်။ အင်အားကောင်းပြီး ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ရတဲ့ KNU အဖွဲ့အပေါ် မှာလည်း တစ်သဘောတည်း၊ အင်အားနည်းပြီး ထိတွေ့တိုက်ပွဲမရှိ သလောက်ဖြစ်တဲ့ CNF နဲ့ ANP တို့လို လက်နက်ကိုင်အဖွဲ့တွေ အပေါ်မှာလည်း တစ်သဘော တည်းထားပြီး NCA စာချုပ်ကို လက်မှတ်ရေးထိုးစေခဲ့တာဖြစ်ပါတယ်။ NCA လက်မှတ်ထိုးပြီးမှ NCA အရေခြုံပြီး နိုင်ငံရေး၊ လက်နက်၊ လူအင်အား၊ နယ်မြေတိုးချဲ့တည် ဆောက်နေတာတွေဟာ တည်ငြိမ်မှုရှိပြီးဖြစ်တဲ့ နယ်မြေတွေနဲ့ တိုင်းရင်းသားတွေအပေါ် အကျိုးယုတ်စေမှာဖြစ်လို့ ရှောင်ရှားဖို့လို အပ်ပါတယ်။ RCSS (SSA) အဖွဲ့ဟာဆိုရင် နိုင်ငံရေးနဲ့လုံခြုံရေး အကြောင်းပြချက် အမျိုးမျိုးနဲ့ ပြောင်းလဲဖွဲ့စည်းလာတဲ့ ဦးခွန်ဆာ ခေါင်းဆောင်တဲ့ (MTA) အဖွဲ့က ၁၉၉၆ ခုနှစ် ဇန်နဝါရီလ  ၅ ရက်နေ့မှာ အစိုးရထံ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာရာကနေ ဇန်နဝါရီလအကုန်မှာ ပြန်လည်ခွဲထွက် တောခိုခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ NCA စာချုပ်ကို သဘောတူလက်မှတ် ရေးထိုးထားပြီး နိုင်ငံရေး၊ လက်နက်အင်အား၊ လူအင်အားတည် ဆောက်မှု၊ သတ်မှတ်ပေးထားတဲ့နယ်မြေထက် အဆများစွာကျော် လွန်ပြီး နယ်မြေတည်ဆောက်မှုတွေ ပြုလုပ်နေလို့ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခများဖြစ်ပွားလျက်ရှိတာကို တွေ့ရ ပါတယ်။ NCA ကို တစ်လွဲအသုံးမချဖို့ပြောလိုပါတယ်။ တစ်လွဲအသုံးချရင် တိုင်းရင်းသား ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးဖို့  တာဝန်ရှိတဲ့ တပ်မတော်အနေနဲ့  လက်ပိုက်ကြည့် နေနိုင်မှာမဟုတ်ကြောင်း အသိပေးလိုပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်များ လှုပ်ရှားသွားလာခွင့်ပြုထားတဲ့ နေရာအတော်များများမှာ ပစ်ခတ်တိုက်ခိုက်မှုမရှိတာ တွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့ပါလဲ။ နှစ်ဖက် တာဝန်ရှိသူများက ထိန်းသိမ်းလိုက်နာကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အေးချမ်းတဲ့ အကျိုးများ ဒေသခံတွေ ခံစားရပြီး သူတို့ဘဝတိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ခွင့်ရကြလို့   ဒီနယ်မြေ တွေဟာ ယခင်ကထက် ပိုမိုတိုးတက်လာတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ သို့ဖြစ်တဲ့အတွက် ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံး လုပ်ဆောင်နိုင် လေလေ ပြည်သူတို့ဘ၀ တိုးတက်လာစေလေဖြစ်ပါ တယ်။ ဒါ့ကြောင့် အချိန်မဆွဲဘဲ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန် လျှောက်လှမ်းဖို့ ပြောလိုပါတယ်။ ပြည်သူတွေကလည်း ထာဝရ ငြိမ်းချမ်းရေးကို အမြန်ရရှိရေး မျှော်လင့်နေပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ကျွန်တော်တို့မဖြစ်မနေ ဖြတ်သန်းရမယ့်အဆင့်တစ်ခုကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းပဲဖြစ်ပါတယ်။ မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးတဲ့နိုင်ငံပဲဖြစ်စေ နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကလက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်၊ တပ်မတော်တစ်ခု (Single Army)သာ ထားရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဥပဒေနှင့်အညီခွင့်ပြုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တွေရရှိရင် လက်နက်ကိုင် လမ်းစဉ်ကို သံယောဇဉ်ဖြတ်တောက်ရမှာ ဖြစ်ပါတယ်။ ကာကွယ်ရေး တာဝန်ကို ဆက်လက်ထမ်းဆောင်ချင်ရင် တပ်မတော်အတွင်း ဝင်ရောက်ရမှာဖြစ်ပါတယ်။ တပ်မတော် အနေနဲ့လည်း သတ်မှတ်စစ်မှုထမ်းစည်းမျဉ်းနဲ့ အရည်အချင်းအလိုက် ရာထူး၊ နေရာတွေပေးသွား မှာဖြစ်ပါတယ်။ ယနေ့ မြန်မာ့တပ်မတော်ဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာ တဲ့ တပ်မတော်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော် သုံးကျိပ်ကနေ စတင်ခဲ့ပြီး ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)ကနေ သန္ဓေ တည်ခဲ့တာဖြစ်ပါတယ်။ ဂျပန်ခေတ်မှာ တပ်မတော်ကို အင်အား လျော့ချခံခဲ့ရပြီး BDA အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် အင်္ဂလိပ်တို့ ဒုတိယအကြိမ်  ပြန်ဝင်လာချိန်မှာ မျိုးချစ်ဗမာ့ တပ်မတော် (PBF)ကို ဖျက်သိမ်းပြီး ၎င်းတို့စစ်ပြေးစဉ် အိန္ဒိယမှာ ဖွဲ့ခဲ့တဲ့ အမည်ခံ(Burma Army) နဲ့ အစားထိုးဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုတစ်ရပ်လုံးက လက်မခံဘဲ နေသူရိန်လူထု အစည်းအဝေး ကြီးမှာ "တပ်မတော်နဲ့ပတ်သက်သောအဆို"ကို တင်သွင်းပြီး တပ်မတော် ဆက်လက် ရပ်တည်ရေး ဆောင်ရွက်ခဲ့ပါတယ်။ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ သာယာဝတီ၊ ဟင်္သာတစတဲ့ မြို့ကြီး တွေမှာလည်း နေသူရိန်လူထု အစည်းအဝေးကြီးက  တင်သွင်းတဲ့အဆို များကို ထောက်ခံပွဲပြုလုပ်ပြီး တစ်ခဲနက်ထောက်ခံခဲ့ကြပါတယ်။ ဒါကြောင့် အင်္ဂလိပ်တို့က မြန်မာ့တပ်မတော်ဖွဲ့စည်းရေး ကန္ဒီစာချုပ်ကို ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ချုပ်ဆိုခဲ့ပါတယ်။ တပ်မတော် (ရေ)၊ တပ်မတော်(လေ) ဖွဲ့စည်းရေးအတွက် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လကျ်ာနှင့် ဂျွန်ဒဗလျူဖရီးမင်းတို့ ချုပ်ဆိုခဲ့တဲ့ လကျ်ာ-ဖရီးမင်း စာချုပ်ကို ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှာ ချုပ်ဆိုနိုင်ခဲ့ ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဗမာ့လေတပ်မတော်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဗမာ့ရေတပ်မတော်ဆိုပြီး ပေါ်ပေါက်လာခဲ့ တာဖြစ်ပါတယ်။ ယနေ့ မြန်မာ့တပ်မတော်က တပ်အစိတ်အပိုင်းအသီးသီးနဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ နိုင်ငံတော်ပြန်တမ်း၊ နိုင်ငံတော်ရဲ့ ဖွဲ့စည်းမိန့်နဲ့ ပေါ်ပေါက် လာတဲ့ တပ်များဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သားများဟာ မိမိဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူ များဖြစ်ပြီး ခွဲတမ်းအနေနဲ့ တာဝန်ထမ်းဆောင်ကြသူများ မဟုတ်ပါဘူး။  တပ်မတော်အရာရှိများဟာ နိုင်ငံတော်ပြန်တမ်းနဲ့ ခန့်အပ် ခံထားရသူများဖြစ်သလို စစ်သည်များဟာလည်း သတ်မှတ် အရည်အချင်း၊ စစ်မှုထမ်းစည်းမျဉ်းတွေနဲ့ ခန့်အပ်ခံထားရသူတွေဖြစ်ပါတယ်။ ဆင့်ကဲအုပ်ချုပ်မှုစနစ်နဲ့ နိုင်ငံတော်အပေါ် သစ္စာခံရသူများ ဖြစ်ပါတယ်။ ဒီဖြစ်တည်မှုတွေ၊ ပြန်တမ်းတွေ၊ စည်းမျဉ်း စည်းကမ်းတွေဟာ စစ်မှုထမ်းအားလုံး လိုက်နာစောင့်ထိန်းရမယ့် အရာတွေပဲ ဖြစ်ပါတယ်။ ပြည်နယ် အလိုက် ကာကွယ်ရေးတပ်များထားရှိရေး၊ အဆင့်ဆင့်တာဝန် ထမ်းဆောင်မှုမရှိဘဲ စစ်မှုထမ်း စည်းမျဉ်းကို ကျော်လွန်ခန့်ထားရေးတို့ဟာ မဖြစ်နိုင်တဲ့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ပြန်ဆွဲ လိုတဲ့ အတွေးအခေါ်များသာဖြစ်ကြောင်း ပြောလိုပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ ဒီမိုကရေစီ စနစ်နဲ့ကိုက်ညီတဲ့ တပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲသွားဖို့ မူအားဖြင့် သဘောတူပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကနဦးဆောင်ရွက်ရမှာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ဟာ NCA စာချုပ်ကို လက်မှတ် ရေးထိုးပြီး လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေးကိစ္စရပ်များကို ဦးစွာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောကြားလိုတာကတော့-

          -        ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံမူများ ချမှတ် ရာမှာ သဘောတူညီပြီးဖြစ်တဲ့ NCA ရဲ့ အခြေခံမူများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ရဲ့ အခြေခံမူ  များကိုရှေးရှုပြီး ဆောင်ရွက်သွားကြပါ။

          -        ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ကြရာမှာ တဒင်္ဂငြိမ်းချမ်းရေး၊ အစိုးရ သက်တမ်းတစ်ခုအတွင်း မှာသာ ရရှိရမည့်ငြိမ်းချမ်းရေးကို ဆောင်ရွက်နေခြင်း မဟုတ်ဘူး ဆိုတာ အထူးသတိပြုပြီး ရေရှည်မျှော်မှန်း ဆောင်ရွက်သွား ကြပါ။

          -        NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့လည်း တိုင်းရင်းသားပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးဆန္ဒကို တန်ဖိုးထားပြီး လက်မှတ်ရေးထိုးသွားကြဖို့နဲ့ လက်မှတ် ရေးထိုးပြီးသား အဖွဲ့များအနေနဲ့လည်း  စိတ်ရင်း စေတနာ မှန်မှန်နဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်း သွားကြဖို့ အကြံပြုပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Recent News