
 


နေပြည်တော် မတ် ၈




(Unicode Version)

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ JMC ဆိုင်ရာပြခန်း ဖွင့် လှစ်

နေပြည်တော် မတ် ၈

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ JMC ဆိုင်ရာ ပြခန်း ဖွင့်ပွဲ ကို မတ် ၇ ရက်ညနေပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ရှိ ပအိုဝ်းအမျိုးသား ဘက်စုံ ဖွံ့ဖြိုးရေးကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဥက္ကဋ္ဌ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် (JMC-S) အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြ သည်။

ဦးစွာ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဥက္ကဋ္ဌ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်တို့က ပြခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် တိုင်းမှူးများက တက်ရောက်လာကြသူများ နှင့်အတူ JMC ဆိုင်ရာ ပြခန်းအား လေ့လာကြည့်ရှု ခဲ့ကြ ကြောင်း သတင်း ရရှိသည်။

Recent News