လား႐ိႈးၿမိဳ႕ရွိ ဆင္းေရႊလီ ဘိုးဘြားရိပ္သာသို႔ ရာသက္ပန္ ပေဒသာပင္ အလွဴေငြ ေပးအပ္လွဴဒါန္း

 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၅ 

 

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လား႐ိႈးၿမိဳ႕ရွိ ဆင္းေရႊလီဘိုးဘြားရိပ္သာသို႔ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ႏွင့္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားက လွဴဒါန္းသည့္ ရာသက္ပန္ပေဒသာပင္ အလွဴေငြေပးအပ္ပြဲကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါဘိုးဘြားရိပ္သာ၌ ျပဳလုပ္သည္။

 

 ဦးစြာ ဆင္းေရႊလီ ဘိုးဘြားရိပ္သာ ေစာင့္ေရွာက္ေရးေကာ္မတီ ဥကၠ႒က ရိပ္သာသမိုင္းေၾကာင္းႏွင့္ ရည္ရြယ္ခ်က္မ်ားကို ရွင္းလင္းေျပာၾကားသည္။ထို႔ေနာက္ တိုင္းမွဴး ဗုိလ္ခ်ဳပ္ေအာင္ေဇာ္ေအးႏွင့္ အဖြဲ႕ဝင္မ်ားက ဘိုးဘြား ရိပ္သာအတြက္ ရာသက္ပန္ပေဒသာပင္ အလွဴေငြအျဖစ္ ေငြက်ပ္သိန္း ၅ဝ ကို ေပးအပ္လွဴဒါန္းရာ ေကာ္မတီဥကၠ႒က လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္သည္။ 

 

ဆက္လက္၍ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ လား႐ိႈးၿမိဳ႕ရွိ အေရွ႕ခါး႐ိုး ပရိယတိၱစာသင္တိုက္၊ သာသနာ(၂၅ဝဝ) ပရိယတိၱစာသင္တိုက္၊ ရန္ေအာင္ျမင္ ပရိယတိၱစာသင္တိုက္ႏွင့္ သီရိမဂၤလာမန္ဆူရွမ္းေက်ာင္း ပရိယတိၱ စာသင္တိုက္ မ်ားသို႔ သြားေရာက္၍ သံဃာေတာ္မ်ားအား သကၤန္းႏွင့္ အလွဴေငြမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

လားရှိုးမြို့ရှိ ဆင်းရွှေလီ ဘိုးဘွားရိပ်သာသို့ ရာသက်ပန် ပဒေသာပင် အလှူငွေ ပေးအပ်လှူဒါန်း 

နေပြည်တော် အောက်တိုဘာ ၁၅ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဆင်းရွှေလီဘိုးဘွားရိပ်သာသို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ရာသက်ပန်ပဒေသာပင် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘိုးဘွားရိပ်သာ၌ ပြုလုပ်သည်။ 

ဦးစွာ ဆင်းရွှေလီ ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌက ရိပ်သာသမိုင်းကြောင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့ဝင်များက ဘိုးဘွား ရိပ်သာအတွက် ရာသက်ပန်ပဒေသာပင် အလှူငွေအဖြစ် ငွေကျပ်သိန်း ၅ဝ ကို ပေးအပ်လှူဒါန်းရာ ကော်မတီဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ 

ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ အရှေ့ခါးရိုး ပရိယတ္တိစာသင်တိုက်၊ သာသနာ(၂၅ဝဝ) ပရိယတ္တိစာသင်တိုက်၊ ရန်အောင်မြင် ပရိယတ္တိစာသင်တိုက်နှင့် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း ပရိယတ္တိ စာသင်တိုက် များသို့ သွားရောက်၍ သံဃာတော်များအား သင်္ကန်းနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News