KKO (ခြဲထြက္)အဖြဲ႕မွ ေစာဆန္းေအာင္ ဦးေဆာင္ေသာအဖြဲ႕ လက္နက္/ခဲယမ္းမ်ား ႏွင့္အတူ တရားဥပေဒေဘာင္အတြင္းသို႔၀င္ေရာက္

KKO (ခြဲထြက္)အဖြဲ႕မွ ေစာဆန္းေအာင္ ဦးေဆာင္ေသာအဖြဲ႕ လက္နက္/ခဲယမ္းမ်ား ႏွင့္အတူ တရားဥပေဒေဘာင္အတြင္းသို႔၀င္ေရာက္

ေနျပည္ေတာ္ ၊  မတ္ - ၁၂

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္အတြင္း နယ္ေျမလံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္ဖြဲ႔၀င္မ်ားထံသုိ႔ KKO (ခြဲထြက္)အဖြဲ႕မွ ေစာဆန္းေအာင္ဦးေဆာင္ေသာ အင္အား ၁၃ ဦး သည္ ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္၏ သေဘာထားအမွန္ကို နားလည္သိရွိၿပီး ေအးခ်မ္းစြာ ေနထုိင္လုိေသာေၾကာင့္ ၎တို႔ကိုင္ေဆာင္သည့္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ယေန႕တြင္ ဥပေဒေဘာင္အတြင္းသို႔ ၀င္ေရာက္လာခဲ့သည္။

အဆုိပါ တရားဥပေဒေဘာင္အတြင္း၀င္ေရာက္လာသည့္ KKO (ခြဲထြက္)အဖြဲ႕မွ ေစာဆန္းေအာင္ဦးစီးအဖြဲ႔၏ လက္နက္/ခဲယမ္းမ်ား အပ္ႏွင္းျခင္းကို ယေန႔မြန္းလြဲပိုင္းတြင္ ျမ၀တီၿမိဳ႕နယ္၊ ဆံုဆည္းၿမိဳင္ေက်းရြာခန္းမ၌ ျပဳလုပ္ရာ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ မ်ဳိးမုိးေအာင္ႏွင့္ အဖြဲ႕၀င္မ်ား၊ ျပည္နယ္အစိုးရအဖြဲ႕မွတာ၀န္ရွိသူမ်ား၊ အရာရွိ၊ စစ္သည္မ်ားႏွင့္ KKO (ခြဲထြက္)အဖြဲ႕မွ ေစာဆန္းေအာင္ဦးေဆာင္ေသာ အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက အဖြင့္အမွာစကားေျပာၾကားၿပီး KKO (ခြဲထြက္)အဖြဲ႔ေခါင္းေဆာင္ ေစာဆန္းေအာင္က တရားဥပေဒေဘာင္အတြင္းသို႔ ၀င္ေရာက္လာျခင္းႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားသည္။ ထို႔ေနာက္ KKO (ခြဲထြက္)အဖြဲ႕က ၎တို႔ကိုင္ေဆာင္ေသာ လက္နက္မ်ဳိးစံု ၂၀ လက္၊ က်ည္မ်ဳိးစံု ၄၅၈ ေတာင့္၊ ဗံုးသီး ၁၉ လံုးတို႔ကုိ  တုိင္းမွဴးႏွင့္တာ ၀န္ရွိသူမ်ားထံသို႔ လႊဲေျပာင္းအပ္ႏွံၾကသည္။ ယင္းေနာက္ တရားဥပေဒေဘာင္အတြင္း ၀င္ ေရာက္လာသည့္ KKO (ခြဲထြက္)အဖြဲ႕မွ ေစာဆန္းေအာင္ဦးစီးအဖြဲ႔အား အသံုးအေဆာင္ပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားေပးအပ္ၿပီး တုိင္းမွဴးက ရင္းရင္းႏွီးႏွီးလိုက္လံ ႏႈတ္ဆက္ခဲ့ေၾကာင္း သတင္းရရွိသည္။

( Unicode Version )

KKO (ခွဲထွက်)အဖွဲ့မှ စောဆန်းအောင် ဦးဆောင်သောအဖွဲ့ လက်နက်/ခဲယမ်းများ နှင့်အတူ တရားဥပဒေဘောင်အတွင်းသို့ဝင်ရောက်

နေပြည်တော် ၊  မတ် - ၁၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များထံသို့ KKO (ခွဲထွက်)အဖွဲ့မှ စောဆန်းအောင်ဦးဆောင်သော အင်အား ၁၃ ဦး သည် နိုင်ငံတော်နှင့်တပ်မတော်၏ သဘောထားအမှန်ကို နားလည်သိရှိပြီး အေးချမ်းစွာ နေထိုင်လိုသောကြောင့် ၎င်းတို့ကိုင်ဆောင်သည့် လက်နက်ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

အဆိုပါ တရားဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် KKO (ခွဲထွက်)အဖွဲ့မှ စောဆန်းအောင်ဦးစီးအဖွဲ့၏ လက်နက်/ခဲယမ်းများ အပ်နှင်းခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာခန်းမ၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်များနှင့် KKO (ခွဲထွက်)အဖွဲ့မှ စောဆန်းအောင်ဦးဆောင်သော အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး KKO (ခွဲထွက်)အဖွဲ့ခေါင်းဆောင် စောဆန်းအောင်က တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် KKO (ခွဲထွက်)အဖွဲ့က ၎င်းတို့ကိုင်ဆောင်သော လက်နက်မျိုးစုံ ၂၀ လက်၊ ကျည်မျိုးစုံ ၄၅၈ တောင့်၊ ဗုံးသီး ၁၉ လုံးတို့ကို  တိုင်းမှူးနှင့်တာ ဝန်ရှိသူများထံသို့ လွှဲပြောင်းအပ်နှံကြသည်။ ယင်းနောက် တရားဥပဒေဘောင်အတွင်း ဝင် ရောက်လာသည့် KKO (ခွဲထွက်)အဖွဲ့မှ စောဆန်းအောင်ဦးစီးအဖွဲ့အား အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ပြီး တိုင်းမှူးက ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News