အက္ဖ္-၇ ေလယာဥ္ႏွစ္စင္း ေလ့က်င့္ပ်ံသန္းစဥ္ ပ်က္က်မႈျဖစ္စဥ္တြင္ က်ဆံုးသြားသည္႕ ေလယာဥ္မွဴးမ်ား၏ မိသားစုဝင္မ်ားႏွင့္ ေလယာဥ္အစိတ္အပိုင္း ထိမွန္ျခင္းေၾကာင့္ ေသဆံုး၊ ဒဏ္ရာရရွိခဲ့သည့္ ကေလးငယ္ႏွစ္ဦး၏ မိဘမ်ားထံသို႔ ေထာက္ပ့ံေငြမ်ား ေပးအပ္

 

 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၆ 

 

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕နယ္၊ သနပ္ပင္စုေက်းရြာအနီးႏွင့္ မင္းဘူးၿမိဳ႕ေတာင္ဘက္ ဆားဗြက္ေခ်ာင္း တံတားအနီးတို႔တြင္ ယေန႔နံနက္ပိုင္းက မေကြးေလတပ္ စခန္းဌာနခ်ဳပ္မွ ေလ့က်င့္ပ်ံသန္းလ်က္ရွိေသာ အက္ဖ္-၇ ေလယာဥ္ႏွစ္စင္း ရာသီဥတုဆိုးရြားမႈ ေၾကာင့္ ပ်က္က်မႈ ျဖစ္ပြားခဲ့သည္။ 

 

အဆိုပါျဖစ္စဥ္တြင္ ေလယာဥ္မွဴးႏွစ္ဦး က်ဆံုးခဲ့ၿပီး ေလယာဥ္အပိုင္းအစမ်ား ထိမွန္ ျခင္းေၾကာင့္ မင္းဘူးၿမိဳ႕ေန ဦးဖိုးျဖဴ၏ သမီး မသြယ္ဇင္ၿငိမ္းႏွင့္ ဦးေအာင္ဟန္၏သား ေမာင္ဟိန္းထက္ေအာင္တို႔တြင္ ဒဏ္ရာမ်ား ရရွိကာ မင္းဘူးၿမိဳ႕ ျပည္သူ႔ေဆး႐ံုသို႔ ပို႔ေဆာင္ ေဆးကုသမႈ ခံယူေစခဲ့ရာ မသြယ္ဇင္ၿငိမ္းမွာ နံနက္ ၈ နာရီ မိနစ္ ၄ဝ ခန္႔တြင္ ေသဆံုး သြားခဲ့သည္။

 

 

 ျဖစ္စဥ္တြင္ ပါဝင္သြားေသာ ေလယာဥ္မွဴးႏွစ္ဦး၏ မိသားစုမ်ား၊ မသြယ္ဇင္ၿငိမ္း၏ မိဘမ်ားႏွင့္  ေမာင္ဟိန္းထက္ေအာင္တို႔၏ မိဘမ်ားထံသို႔ ယေန႔ေန႔လယ္ပိုင္းတြင္ အလယ္ ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္း၊ မေကြးတိုင္းေဒသႀကီး၊ လံုၿခံဳ ေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး မင္းဦးတို႔က သြားေရာက္အားေပးစကား ေျပာၾကားၿပီး ေထာက္ပံ့ေငြမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။    

 

(Unicode Version)

 

အက်ဖ်-၇ လေယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျမှုဖြစ်စဉ်တွင် ကျဆုံးသွားသည့် လေယာဉ်မှူးများ၏ မိသားစုဝင်များနှင့် လေယာဉ်အစိတ်အပိုင်း ထိမှန်ခြင်းကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်နှစ်ဦး၏ မိဘများထံသို့ ထောက်ပံ့ငွေများ ပေးအပ် 

နေပြည်တော် အောက်တိုဘာ ၁၆ 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ သနပ်ပင်စုကျေးရွာအနီးနှင့် မင်းဘူးမြို့တောင်ဘက် ဆားဗွက်ချောင်း တံတားအနီးတို့တွင် ယနေ့နံနက်ပိုင်းက မကွေးလေတပ် စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းလျက်ရှိသော အက်ဖ်-၇ လေယာဉ်နှစ်စင်း ရာသီဥတုဆိုးရွားမှု ကြောင့် ပျက်ကျမှု ဖြစ်ပွားခဲ့သည်။ 

အဆိုပါဖြစ်စဉ်တွင် လေယာဉ်မှူးနှစ်ဦး ကျဆုံးခဲ့ပြီး လေယာဉ်အပိုင်းအစများ ထိမှန် ခြင်းကြောင့် မင်းဘူးမြို့နေ ဦးဖိုးဖြူ၏ သမီး မသွယ်ဇင်ငြိမ်းနှင့် ဦးအောင်ဟန်၏သား မောင်ဟိန်းထက်အောင်တို့တွင် ဒဏ်ရာများ ရရှိကာ မင်းဘူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေခဲ့ရာ မသွယ်ဇင်ငြိမ်းမှာ နံနက် ၈ နာရီ မိနစ် ၄ဝ ခန့်တွင် သေဆုံး သွားခဲ့သည်။ 

ဖြစ်စဉ်တွင် ပါဝင်သွားသော လေယာဉ်မှူးနှစ်ဦး၏ မိသားစုများ၊ မသွယ်ဇင်ငြိမ်း၏ မိဘများနှင့် မောင်ဟိန်းထက်အောင်တို့၏ မိဘများထံသို့ ယနေ့နေ့လယ်ပိုင်းတွင် အလယ် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း၊ မကွေးတိုင်းဒေသကြီး၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးတို့က သွားရောက်အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။    

Recent News