COVID-19 ေရာဂါကာကြယ္ေရး ပစၥည္းမ်ားႏွင့္ေဆးဝါးမ်ား တပ္မေတာ္က လႉဒါန္း၊ေနျပည္ေတာ္တြင္ ေရာဂါျဖစ္ပြားလာပါက လူနာမ်ားအား လက္ခံ ကုသေပးႏိုင္ရန္ ျပင္ဆင္ ေဆာင္႐ြက္ထား

 

COVID-19 ေရာဂါကာကြယ္ေရး ပစၥည္းမ်ားႏွင့္ေဆးဝါးမ်ား တပ္မေတာ္က လႉဒါန္း၊ေနျပည္ေတာ္တြင္ ေရာဂါျဖစ္ပြားလာပါက လူနာမ်ားအား လက္ခံ ကုသေပးႏိုင္ရန္ ျပင္ဆင္ ေဆာင္႐ြက္ထား

ေနျပည္ေတာ္  မတ္  ၂၃

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၊ ေဆးဝန္ထမ္း ၫႊန္ၾကားေရးမႉး႐ုံးမွ COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာပစၥည္းႏွင့္ ေဆးဝါးမ်ားအား ေနျပည္ေတာ္၊ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနသို႔ ေပးအပ္ လႉဒါန္းျခင္း အခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္  ေနျပည္ေတာ္ရွိ တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္-၁ဝဝဝ)၌ က်င္းပျပဳလုပ္သည္။

အဆိုပါအခမ္းအနားသို႔ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး၊ တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္-၁ဝဝဝ) တပ္မႉး၊ ေနျပည္ေတာ္၊ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရး ဦးစီးဌာနမွ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္   ေဒါက္တာျမတ္ဝဏၰစိုးႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ေနျပည္ေတာ္၊ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရး ဦးစီးဌာနမွ တာဝန္ရွိသူမ်ား က COVID-19 ေရာဂါကာကြယ္ေရးႏွင့္ ပတ္သက္၍ လုပ္ေဆာင္ရမည့္ အေျခအေနမ်ားကို ရွင္းလင္းသ႐ုပ္ျပသၿပီး တာဝန္ရွိသူမ်ားက ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ တက္ေရာက္လာၾကသူမ်ားကို ကာကြယ္ ေရးဆိုင္ရာ ျပဳလုပ္မႈအဆင့္ဆင့္ကို ျပဳလုပ္ ေဆာင္႐ြက္ေပးသည္။

ထို႔ေနာက္ တပ္မေတာ္ေဆး႐ုံႀကီး(ခုတင္- ၁ဝဝဝ) တပ္မႉးက COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာပစၥည္းႏွင့္ ေဆးဝါးမ်ား ေပးအပ္လႉဒါန္းရျခင္း အေၾကာင္းအားရွင္းလင္းေျပာၾကားၿပီး ေဆးဝန္ထမ္းမ်ား အတြက္ ေရာဂါကာကြယ္ေရး ဝတ္စုံ Personal Protective Equi-pment-PPE ၅ဝ စုံ၊ Surgical Mask ၁ဝဝဝ ခု၊ N95 Mask ၂ဝဝ ခု၊ Goggle မ်က္မွန္ ၆ဝ လက္ႏွင့္ ေရာဂါကုသေဆး Chloroquine ေဆးလုံး ၁၂ဝဝဝ လုံးတို႔ အား ေပးအပ္လႉဒါန္းရာ     ေဒါက္တာ ျမတ္ဝဏၰစိုးက လက္ခံရယူၿပီး ေက်းဇူးတင္ စကားျပန္လည္ေျပာၾကားသည္။

အခမ္းအနားအၿပီးတြင္ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက တက္ေရာက္လာၾကသည့္ ေနျပည္ေတာ္၊   ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရး ဦးစီးဌာနမွ တာဝန္ရွိသူမ်ားကို ရင္းရင္း ႏွီးႏွီး လိုက္လံႏႈတ္ဆက္ၿပီး တပ္မေတာ္အေနျဖင့္ တိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမမ်ားအလိုက္ COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ဆိုင္ရာမ်ားတြင္ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေရး စီစဥ္ေဆာင္႐ြက္ ထားရွိမႈႏွင့္ လိုအပ္ပါက ဆက္လက္ကူညီ ေဆာင္႐ြက္ ေပးမည့္ အေျခအေနမ်ားကို ေျပာၾကားသည္။

ထို႔ေနာက္ ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေနျပည္ေတာ္တြင္ COVID-19 ေရာဂါျဖစ္ပြားလာပါက ေရာဂါျဖစ္ပြားေသာ အတည္ျပဳလူနာမ်ားအား လက္ခံ၍ က်န္းမာ ေရးႏွင့္ ေရာဂါႏွိမ္နင္းေရးတပ္တြင္ အထူးၾကပ္မတ္ ကုသေပးႏိုင္ရန္ ႀကိဳတင္ေဆာင္႐ြက္ ထားရွိမႈ အေျခအေနမ်ားကို သြားေရာက္ စစ္ေဆးၾကရာ တာဝန္ရွိသူမ်ားက လိုက္လံ ရွင္းလင္းျပသၾကၿပီး ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီး ခ်ဳပ္(ၾကည္း)က လိုအပ္သည္မ်ား အေသးစိတ္ ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ေပးသည္။

ေနျပည္ေတာ္တြင္ COVID-19 ေရာဂါ ျဖစ္ပြားလာပါက   ေရာဂါျဖစ္ပြားေသာ အတည္ျပဳလူနာမ်ားအား လက္ခံကုသေပးႏိုင္ရန္အတြက္   က်န္းမာေရးႏွင့္ ေရာဂါ ႏွိမ္နင္းေရးတပ္တြင္ ဖြင့္လွစ္ထားရွိမည့္ ေရာဂါကုသေဆာင္ (Designated Hospi-tal) ၌ တာဝန္ထမ္းေဆာင္မည့္ ဆရာဝန္ႏွင့္ က်န္းမာေရး ဝန္ထမ္းမ်ားအတြက္ ပိုးသတ္ခန္း (Disinfection Room) ၊ ေရာဂါကာကြယ္ေရး ဝတ္စုံလဲလွယ္ခန္း (PPE Changing Room) ၊ အေရးေပၚအသက္ရႉစက္မ်ား တပ္ဆင္ထားသည့္ အထူးၾကပ္မတ္ ကုသခန္း (ICU) ၊ အတည္ျပဳလူနာခန္း Patient Room (Confirmed) မ်ား စီမံ ေဆာင္႐ြက္ထားရွိကာ အဆိုပါ ကုသေဆာင္ ၁ ေဆာင္တြင္ ၇၂ ခုတင္ စီစဥ္ေဆာင္ ႐ြက္ထားသည္။  ထို႔ျပင္  ေရာဂါေၾကာင့္ အသက္ရႉရန္ ခက္ခဲ၍ အေရးေပၚ အေျခ အေနျဖစ္ပြားပါက တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း အသက္ရႉစက္မ်ားျဖင့္  အထူးၾကပ္မတ္ကုသႏိုင္ရန္  ၄ ခုတင္ ျပင္ဆင္ ထားေၾကာင္းလည္း သိရွိရသည္။ ေနာက္ထပ္  ၇၂ ခုတင္ဆံ့ ကုသေဆာင္ ၁ ေဆာင္ကိုလည္း ျပင္ဆင္လ်က္ရွိရာ စုစုေပါင္း ၁၄၄ ခုတင္ ဝင္ဆံ့မည္ျဖစ္ၿပီး ၈ ခုတင္ျဖင့္ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း အသက္ရႉစက္မ်ားႏွင့္ အထူးၾကပ္မတ္ ကုသေပးႏိုင္မည္ျဖစ္ေၾကာင္း သိရွိရသည္။

အလားတူ မိတၳီလာၿမိဳ႕တြင္ COVID-19 ေရာဂါျဖစ္ပြားလာပါက ေရာဂါျဖစ္ပြားေသာ အတည္ျပဳလူနာမ်ားအား လက္ခံကုသေပးႏိုင္ရန္အတြက္ နယ္ေျမခံတပ္မ ေတာ္ေဆး႐ုံ (ခုတင္-၅ဝဝ)တြင္ ျပင္ဆင္ထားရွိမႈ အေျခအေနမ်ားကို ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ႏွင့္ အဖြဲ႕ဝင္မ်ားက ယေန႔တြင္    သြားေရာက္ၾကည့္ရႈ စစ္ေဆးၾကသည္။

အဆိုပါ တပ္မေတာ္ေဆး႐ုံ (ခုတင္-၅ဝဝ)တြင္ သံသယရွိလူနာမ်ားကို သီးျခားေစာင့္ ၾကပ္ ကုသႏိုင္ရန္ႏွင့္ COVID-19 ေရာဂါျဖစ္ပြားလာပါက   ေရာဂါျဖစ္ပြားေသာ အတည္ျပဳ လူနာမ်ားအား လက္ခံကုသေပးႏိုင္ရန္အတြက္ အထူးၾကပ္မတ္ ကုသရန္ ၈ ခုတင္၊ ခြဲျခားေစာင့္ၾကည့္ကုသရန္ ၁၉၂ ခုတင္ရွိေၾကာင္း သိရွိရသည္။ ၎အျပင္ COVID-19 ေရာဂါျဖစ္ပြားလာပါက ကာကြယ္၊ ထိန္းခ်ဳပ္၊ကုသေရးမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္ ပါရဂူ။ေဆးမႉး၊ သူနာျပဳ။ကြၽမ္းက်င္အရာရွိ၊ အျခားအဆင့္ သူနာျပဳႏွင့္ အရပ္သားဝန္ထမ္းမ်ား အသင့္ စုဖြဲ႕ထားရွိေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများနှင့်ဆေးဝါးများ တပ်မတော်က လှူဒါန်း၊နေပြည်တော်တွင် ရောဂါဖြစ်ပွားလာပါက လူနာများအား လက်ခံ ကုသပေးနိုင်ရန် ပြင်ဆင် ဆောင်ရွက်ထား

နေပြည်တော်  မတ်  ၂၃

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းနှင့် ဆေးဝါးများအား နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ ပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁ဝဝဝ)၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်ဆေးရုံကြီး (ခုတင်-၁ဝဝဝ) တပ်မှူး၊ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများ က COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် အခြေအနေများကို ရှင်းလင်းသရုပ်ပြသပြီး တာဝန်ရှိသူများက ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တက်ရောက်လာကြသူများကို ကာကွယ် ရေးဆိုင်ရာ ပြုလုပ်မှုအဆင့်ဆင့်ကို ပြုလုပ် ဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ဆေးရုံကြီး(ခုတင်- ၁ဝဝဝ) တပ်မှူးက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်းရခြင်း အကြောင်းအားရှင်းလင်းပြောကြားပြီး ဆေးဝန်ထမ်းများ အတွက် ရောဂါကာကွယ်ရေး ဝတ်စုံ Personal Protective Equi-pment-PPE ၅ဝ စုံ၊ Surgical Mask ၁ဝဝဝ ခု၊ N95 Mask ၂ဝဝ ခု၊ Goggle မျက်မှန် ၆ဝ လက်နှင့် ရောဂါကုသဆေး Chloroquine ဆေးလုံး ၁၂ဝဝဝ လုံးတို့ အား ပေးအပ်လှူဒါန်းရာ     ဒေါက်တာ မြတ်ဝဏ္ဏစိုးက လက်ခံရယူပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

အခမ်းအနားအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တက်ရောက်လာကြသည့် နေပြည်တော်၊   ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများကို ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ပြီး တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုနှင့် လိုအပ်ပါက ဆက်လက်ကူညီ ဆောင်ရွက် ပေးမည့် အခြေအနေများကို ပြောကြားသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် နေပြည်တော်တွင် COVID-19 ရောဂါဖြစ်ပွားလာပါက ရောဂါဖြစ်ပွားသော အတည်ပြုလူနာများအား လက်ခံ၍ ကျန်းမာ ရေးနှင့် ရောဂါနှိမ်နင်းရေးတပ်တွင် အထူးကြပ်မတ် ကုသပေးနိုင်ရန် ကြိုတင်ဆောင်ရွက် ထားရှိမှု အခြေအနေများကို သွားရောက် စစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)က လိုအပ်သည်များ အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

နေပြည်တော်တွင် COVID-19 ရောဂါ ဖြစ်ပွားလာပါက   ရောဂါဖြစ်ပွားသော အတည်ပြုလူနာများအား လက်ခံကုသပေးနိုင်ရန်အတွက်   ကျန်းမာရေးနှင့် ရောဂါ နှိမ်နင်းရေးတပ်တွင် ဖွင့်လှစ်ထားရှိမည့် ရောဂါကုသဆောင် (Designated Hospi-tal) ၌ တာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ပိုးသတ်ခန်း (Disinfection Room) ၊ ရောဂါကာကွယ်ရေး ဝတ်စုံလဲလှယ်ခန်း (PPE Changing Room) ၊ အရေးပေါ်အသက်ရှူစက်များ တပ်ဆင်ထားသည့် အထူးကြပ်မတ် ကုသခန်း (ICU) ၊ အတည်ပြုလူနာခန်း Patient Room (Confirmed) များ စီမံ ဆောင်ရွက်ထားရှိကာ အဆိုပါ ကုသဆောင် ၁ ဆောင်တွင် ၇၂ ခုတင် စီစဉ်ဆောင် ရွက်ထားသည်။  ထို့ပြင်  ရောဂါကြောင့် အသက်ရှူရန် ခက်ခဲ၍ အရေးပေါ် အခြေ အနေဖြစ်ပွားပါက တစ်ချိန်တည်း တစ်ပြိုင်တည်း အသက်ရှူစက်များဖြင့်  အထူးကြပ်မတ်ကုသနိုင်ရန်  ၄ ခုတင် ပြင်ဆင် ထားကြောင်းလည်း သိရှိရသည်။ နောက်ထပ်  ၇၂ ခုတင်ဆံ့ ကုသဆောင် ၁ ဆောင်ကိုလည်း ပြင်ဆင်လျက်ရှိရာ စုစုပေါင်း ၁၄၄ ခုတင် ဝင်ဆံ့မည်ဖြစ်ပြီး ၈ ခုတင်ဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း အသက်ရှူစက်များနှင့် အထူးကြပ်မတ် ကုသပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မိတ္ထီလာမြို့တွင် COVID-19 ရောဂါဖြစ်ပွားလာပါက ရောဂါဖြစ်ပွားသော အတည်ပြုလူနာများအား လက်ခံကုသပေးနိုင်ရန်အတွက် နယ်မြေခံတပ်မ တော်ဆေးရုံ (ခုတင်-၅ဝဝ)တွင် ပြင်ဆင်ထားရှိမှု အခြေအနေများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့ဝင်များက ယနေ့တွင်    သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

အဆိုပါ တပ်မတော်ဆေးရုံ (ခုတင်-၅ဝဝ)တွင် သံသယရှိလူနာများကို သီးခြားစောင့် ကြပ် ကုသနိုင်ရန်နှင့် COVID-19 ရောဂါဖြစ်ပွားလာပါက   ရောဂါဖြစ်ပွားသော အတည်ပြု လူနာများအား လက်ခံကုသပေးနိုင်ရန်အတွက် အထူးကြပ်မတ် ကုသရန် ၈ ခုတင်၊ ခွဲခြားစောင့်ကြည့်ကုသရန် ၁၉၂ ခုတင်ရှိကြောင်း သိရှိရသည်။ ၎င်းအပြင် COVID-19 ရောဂါဖြစ်ပွားလာပါက ကာကွယ်၊ ထိန်းချုပ်၊ကုသရေးများ ဆောင်ရွက်နိုင်ရန်အတွက် ပါရဂူ။ဆေးမှူး၊ သူနာပြု။ကျွမ်းကျင်အရာရှိ၊ အခြားအဆင့် သူနာပြုနှင့် အရပ်သားဝန်ထမ်းများ အသင့် စုဖွဲ့ထားရှိကြောင်း သတင်း ရရှိသည်။

Recent News