AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕က မင္းျပားၿမိဳ႕နယ္ရွိ နယ္ေျမခံတန္းျမင့္ ေလ့က်င့္ေရး ေက်ာင္းအား အင္အားသုံး ပစ္ခတ္တိုက္ခိုက္၊ ျပင္းထန္စြာ တန္ျပန္တိုက္ခိုက္မႈေၾကာင့္ အက်အဆုံးမ်ားစြာျဖင့္ ဖ႐ိုဖရဲ ဆုတ္ခြာ ထြက္ေျပး

 

AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕က မင္းျပားၿမိဳ႕နယ္ရွိ နယ္ေျမခံတန္းျမင့္ ေလ့က်င့္ေရး ေက်ာင္းအား အင္အားသုံး ပစ္ခတ္တိုက္ခိုက္၊ ျပင္းထန္စြာ တန္ျပန္တိုက္ခိုက္မႈေၾကာင့္ အက်အဆုံးမ်ားစြာျဖင့္ ဖ႐ိုဖရဲ ဆုတ္ခြာ ထြက္ေျပး

ေနျပည္ေတာ္  မတ္  ၂၃

ယေန႔နံနက္ ၆ နာရီအခ်ိန္ခန႔္မွ ၁၁ နာရီအခ်ိန္ခန႔္အထိ AA အၾကမ္းဖက္ေသာင္းက်န္းသူ အင္အား ၃၀၀ ခန႔္က  မင္းျပားၿမိဳ႕နယ္ နယ္ေျမခံတန္းျမင့္ေလ့က်င့္ေရးေက်ာင္းအား လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္၍ အင္အားသုံး ဝင္ေရာက္ တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူတို႔က အဆိုပါတန္းျမင့္ေလ့က်င့္ေရးေက်ာင္းအား ယေန႔နံနက္ ၆ နာရီအခ်ိန္ခန႔္တြင္ ေနရာ ၅  ေနရာမွ   အလစ္အငိုက္ဝင္ေရာက္တိုက္ခိုက္ရန္ႀကိဳးစားခဲ့ေသာ္လည္း ေက်ာင္းဌာနခ်ဳပ္ အေနျဖင့္ တပ္ပတ္ လည္ခံစစ္ျဖင့္ စနစ္တက် ပစ္ကူ၊ ပစ္အားသုံး တန္ျပန္တိုက္ခိုက္မႈေၾကာင့္ ေသာင္းက်န္းသူတို႔မွာ ထိခိုက္/ က်ဆုံးမႈ မ်ားစြာျဖင့္ ၁၁ နာရီအခ်ိန္ ခန႔္တြင္  အဖြဲ႕မ်ားခြဲ၍  ဖ႐ိုဖရဲဆုတ္ခြာ ထြက္ေျပးသြားခဲ့ရသည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ ေဖေဖာ္ဝါရီလ ၅ ရက္မွ မတ္လ ၁၄ ရက္အထိ မီးဝရွိ တပ္မေတာ္စခန္း ေနရာအား ရက္ေပါင္း ၄၀ ေက်ာ္ၾကာ သာလြန္အင္အားျဖင့္ ဝိုင္းပတ္ပိတ္ဆို႔ ျဖတ္ေတာက္၍ တိုက္ခိုက္ သိမ္းပိုက္ ႏိုင္ရန္ ႀကိဳးစားခဲ့ ေသာ္လည္း တပ္မေတာ္သားမ်ား၏ ရဲဝံ့ စြန႔္စားစြာ အသက္စြန႔္ တိုက္ခိုက္မႈမ်ားႏွင့္ အခ်ိန္မီ ပစ္ကူ၊ စစ္ကူ ေဆာင္႐ြက္မႈေၾကာင့္ မီးဝစခန္းႏွင့္ ပတ္ဝန္းက်င္တစ္ဝိုက္အား သိမ္းပိုက္ႏိုင္ခဲ့ျခင္းမရွိဘဲအက်အဆုံး မ်ားစြာျဖင့္ အထိနာစြာ ဆုတ္ခြာထြက္ေျပး သြားခဲ့ရသည္။ ထို႔ေၾကာင့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားသည္ တိုက္ခိုက္ေရး တပ္မဟုတ္ေသာ    မင္းျပားၿမိဳ႕နယ္ရွိ  နယ္ေျမခံတန္းျမင့္ေလ့က်င့္ေရးေက်ာင္း၊ ဌာနခ်ဳပ္ေနရာကို   အားေပ်ာ့သည့္ ေနရာ တစ္ေနရာဟုယူဆကာ အလစ္အငိုက္ အင္အားသုံး ပစ္ခတ္တိုက္ခိုက္သိမ္းပိုက္ရန္ ႀကံစည္ခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္ အေသးစိတ္မွာ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၁၆ ရက္ေန႔ ေန႔လယ္၂ နာရီအခ်ိန္ခန႔္က အဆိုပါတန္းျမင့္ ေလ့က်င့္ေရး ေက်ာင္း၏ ေလ့က်င့္ေရးႏွင့္ လုံၿခဳံေရး နယ္ေျမအတြင္း သြားလာျခင္း မျပဳရန္ ကန႔္သတ္တားျမစ္ ထားေသာ နယ္ေျမသို႔ ခ်ဲ႐ြာမွ ေမာင္ခင္ဝင္း (ဘ) ဦးေမာင္ေခ်၊  အသက္ ၂၇ ႏွစ္ႏွင့္ ႐ြာသားႏွစ္ဦး ဝင္ေရာက္ခဲ့ရာမွ ေမာင္ခင္ဝင္းမွာ မိုင္းတစ္လုံး နင္းမိေပါက္ကြဲကာ ထိခိုက္ ဒဏ္ရာရသည့္ ျဖစ္စဥ္အား မတ္လ ၁၇ ရက္ ေန႔တြင္  သတင္း ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။

ထိခိုက္ဒဏ္ရာရရွိသူအား တန္းျမင့္ေက်ာင္း တာဝန္ရွိသူမ်ားက လိုအပ္သည္မ်ား ကူညီေဆာင္႐ြက္ေပးခဲ့ၿပီး ေက်း႐ြာ တာဝန္ရွိသူ မ်ားအား တားျမစ္နယ္ေျမအတြင္း မည္သူမွ် ဝင္ေရာက္မႈမရွိေစေရး  ထပ္မံ သတိေပးခဲ့ေၾကာင္း သိရွိ ရသည္။

ထို႔ေနာက္ မတ္လ ၂၁ ရက္ ေန႔လယ္ ၃ နာရီခန႔္တြင္ တန္းျမင့္ေက်ာင္းလုံၿခဳံေရး ကာကင္းစခန္းသို႔ အရပ္ဝတ္ျဖင့္ လူခုနစ္ဦးခန႔္  ခ်ဥ္းကပ္ခဲ့သျဖင့္   သတိေပးေျခာက္လွန႔္  ပစ္ခတ္ခဲ့ၿပီး ၎ေနရာသို႔ အေသးစိတ္ စိစစ္ခဲ့ရာ ေသြးကြက္မ်ားႏွင့္ ဒဏ္ရာရသူ အား ဆြဲေခၚသြားသည့္ ေျခရာလက္ရာမ်ား ႏွင့္ အမ္-၂၂ က်ည္ ၃၆ ေတာင့္ႏွင့္ ဖုန္း ကာဗာ တစ္ခုအား ေတြ႕ရွိခဲ့ရသည္။

ထိုျဖစ္စဥ္ ႏွစ္ခုအျပင္ အျခားသတင္းမ်ား အရ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ဝင္ေရာက္ တိုက္ခိုက္ရန္ စီစဥ္ေနေၾကာင္းလည္း သတင္း ရရွိသျဖင့္ ေက်ာင္းဌာနခ်ဳပ္မွ တာဝန္ရွိသူ အရာရွိ/စစ္သည္ အဆင့္ အတန္း အားလုံးႏွင့္ မိသားစုဝင္မ်ား အားလုံးသည္ လုံၿခဳံေရးကို အထူးဂ႐ုျပဳကာ တိုက္ပြဲ ဝင္အသင့္ တပ္ပတ္လည္ ခံစစ္အား စနစ္ တက် ေဆာင္႐ြက္ခဲ့ၾကသည္။

AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားသည္ တန္းျမင့္ေလ့က်င့္ေရး ေက်ာင္း၏ ပတ္ဝန္းက်င္ ေက်း႐ြာမ်ားျဖစ္ေသာ အိုးဘိုေတာင္၊  ေတာင္ဘုတ္ေက၊  ေမလြန္း၊ ေခ်ာင္းနက္၊ အေဟာင္းေတာင္၊ ၾကာအင္း ေတာင္၊ ကမ္းနီ၊ ခ်ဲ႐ြာေက်း႐ြာ မ်ားမွ တစ္ဆင့္ ျဖန႔္ခြဲစိမ့္ဝင္၍ ေက်ာင္းဌာနခ်ဳပ္အား ေနရာ ငါးေနရာမွ  အင္အားစုမ်ားျဖင့္  ယေန႔ နံနက္ ၆ နာရီခန႔္မွ စတင္၍ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

စတင္ တိုက္ခိုက္ခ်ိန္မွာ နယ္ေျမေဒသ ရာသီဥတု အေျခအေနအရ ေလေၾကာင္းမွ ပစ္ကူေပးႏိုင္ရန္ ျမင္ကြင္း ကန႔္သတ္ခ်က္ ရွိေနခ်ိန္ျဖစ္သည္။   AA အၾကမ္းဖက္ ေသာင္းက်န္းသူတို႔က ေလ့က်င့္ေရးေက်ာင္း၏ ေျမာက္ဘက္ အိုးဘို ေတာင္ ႐ြာအနီး တစ္ဝိုက္မွ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္ၿပီး ေလ့က်င့္ေရးေက်ာင္း၏ အေရွ႕ဘက္၊ ေတာင္ဘက္ႏွင့္ အေနာက္ဘက္တို႔မွ တစ္ၿပိဳင္တည္း အင္အားသုံး တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔တိုက္ခိုက္ ခံရခ်ိန္တြင္ လုံၿခဳံေရး စီမံခ်က္ေရးဆြဲ ထားရွိကာ တိုက္ပြဲဝင္ အသင့္ ခံစစ္ေနရာ ယူထား ၿပီးျဖစ္ေသာေၾကာင့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားမွာ ေရွ႕တိုးႏိုင္ျခင္း မရွိဘဲ မိမိတပ္မ်ား၏ ခံစစ္ပစ္ခတ္မႈ၊ တန္ျပန္ တိုက္စစ္ဆင္မႈ၊ ပစ္ကူပစ္အားမ်ားျဖင့္ ဟန္ခ်က္ညီစြာ ျပင္းျပင္းထန္ထန္ ေခ်မႈန္း တိုက္ခိုက္ျခင္းကို ခံခဲ့ၾက ရသည္။ ေက်ာင္းဌာနခ်ဳပ္သည္ ရန္သူတိုက္ခိုက္ေနေၾကာင္း အထက္ဌာနမ်ားသို႔ အခ်ိန္ႏွင့္ တစ္ေျပးညီ သတင္းပို႔ တင္ျပၿပီး ရန္သူအား ျပင္းထန္စြာ လက္တုံ႔ျပန္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ လိုအပ္ေသာ ေလေၾကာင္း၊ အေျမာက္ ပစ္ကူ၊ ပစ္အားမ်ား၊ စစ္ကူစစ္ေၾကာင္းမ်ားကို အထက္ဌာနမ်ားက ခ်က္ခ်င္းစီမံ ေဆာင္႐ြက္ေပးခဲ့သည္။

စစ္ကူစစ္ေၾကာင္းမ်ား ခ်ီတက္ လာေနစဥ္တြင္ပင္ ေက်ာင္းဌာနခ်ဳပ္ရွိ ေက်ာင္းအုပ္ႀကီးႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစု ဝင္မ်ား ၏ စနစ္တက်ျပင္းထန္စြာ ခံစစ္ဆင္တိုက္ ခိုက္ေခ်မႈန္းျခင္းေၾကာင့္ လည္းေကာင္း၊ ထိေရာက္ေသာ ပစ္ကူ၊ ပစ္အားမ်ားေၾကာင့္ လည္းေကာင္း၊ ေက်ာင္းတြင္ အရန္အျဖစ္ စုဖြဲ႕ထားရွိေသာ တိုက္ပြဲဝင္တပ္မ်ား၏ တန္ျပန္ တိုက္ခိုက္မႈမ်ားေၾကာင့္ လည္းေကာင္း ေသာင္းက်န္းသူမ်ားအေနျဖင့္ ေက်ာင္း၏အေရွ႕ဘက္မွ တိုက္ခိုက္ေသာ အဖြဲ႕သည္ နံနက္ ၉ နာရီခန႔္တြင္လည္းေကာင္း၊ ေက်ာင္း၏ ေတာင္ဘက္ႏွင့္ အေနာက္ဘက္ေနရာ မ်ားမွ တိုက္ခိုက္ေသာ အဖြဲ႕မ်ားသည္ နံနက္ ၁၁ နာရီခန႔္တြင္လည္းေကာင္း ဆုတ္ခြာ ထြက္ေျပးသြားခဲ့ၾကသည္။

ထိုသို႔ ဆုတ္ခြာထြက္ေျပးရာတြင္ ၎င္းတို႔ တိုက္ခိုက္ရာေနရာ အသီးသီး၌ အေလာင္း/ လက္နက္မ်ားက်န္ရွိခဲ့ကာ အင္အား အနည္း ငယ္ခန႔္ျဖင့္ မိမိတပ္မ်ားအား ေႏွာင့္ယွက္ ပစ္ခတ္ၿပီး ထိခိုက္ဒဏ္ရာရသူ အမ်ားအျပားကို ရသေလာက္ ဆြဲေခၚဆုတ္ခြာ ထြက္ေျပး ခဲ့ၾကျခင္းျဖစ္သည္။

ဆုတ္ခြာထြက္ေျပးလ်က္ရွိေသာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ျပန္လည္ စုဖြဲ႕တိုက္ခိုက္ျခင္းမရွိေစရန္အတြက္  ေျမျပင္ စစ္ကူစစ္ေၾကာင္းမ်ားက ထက္ၾကပ္လိုက္ စစ္ဆင္လ်က္ရွိၿပီး ေလေၾကာင္း၊ အေျမာက္ပစ္ကူ၊ ပစ္အားမ်ားျဖင့္ ထိေရာက္စြာ ေခ်မႈန္း သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ယေန႔တန္းျမင့္ေလ့က်င့္ေရး ေက်ာင္းသို႔ ဝင္ေရာက္တိုက္ခိုက္ခဲ့ေသာ AAအၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ အေလာင္း ၁၅ ေလာင္း၊ တ႐ုတ္စက္လက္ တစ္လက္၊ အာပီဂ်ီ တစ္လက္အပါအဝင္ လက္နက္မ်ိဳးစုံ ၁၅ လက္ သိမ္းဆည္း ရမိခဲ့ၿပီး တပ္မေတာ္ မွ အရာရွိ၊ စစ္သည္အခ်ိဳ႕ တိုင္းျပည္အတြက္ အသက္ေပးလႉခဲ့ကာ အခ်ိဳ႕ထိခိုက္ ဒဏ္ရာ ရရွိခဲ့ေၾကာင္းႏွင့္ တပ္မိသားစုဝင္မ်ားအားလုံး ေဘးမသီရန္မခဘဲ လုံၿခဳံစြာျဖင့္ရွိေနေၾကာင္း သိရွိရသည္။

ႏိုင္ငံေတာ္၏ လြတ္လပ္ေရးႏွင့္ အခ်ဳပ္ အျခာအာဏာတည္တံ့ခိုင္ၿမဲေရး၊ တရား ဥပေဒစိုးမိုးေရး၊ ရခိုင္ေဒသ တည္ၿငိမ္ေအး ခ်မ္းေရး အတြက္ အသက္ႏွင့္ ခနၶာကိုေပးဆပ္၍ ရဲဝံ့စြန႔္စားစြာျဖင့္  ေသာင္းက်န္းမႈႏွိမ္ နင္းေရး စစ္ဆင္ေရး ေဆာင္႐ြက္ေနၾကေသာ တပ္မေတာ္သားမ်ား၏စြမ္းရည္ေၾကာင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား သည္ ရခိုင္ျပည္နယ္အတြင္းရွိ တပ္ဌာနခ်ဳပ္မ်ား၊ စခန္းမ်ားအား တိုက္ခိုက္သိမ္းပိုက္ႏိုင္ရန္ အႀကိမ္ႀကိမ္ႀကိဳးစား ခဲ့ေသာ္လည္း   ယခု အခ်ိန္အထိ မည္သည့္တပ္ဌာနခ်ဳပ္၊ စခန္းကိုမွ် သိမ္းပိုက္ႏိုင္ျခင္းမရွိဘဲ ထိခိုက္၊ က်ဆုံး မႈမ်ား စြာျဖင့္ ဆုတ္ခြာထြက္ေျပးခဲ့ရသည္ ခ်ည္းသာျဖစ္သည္။ ၎တို႔၏ ေလ်ာ့နည္း သြားေသာ အင္အားမ်ားကို ျပန္လည္ ျဖည့္ တင္းရန္အတြက္ အ႐ြယ္မေရာက္ေသးသူ ကေလး စစ္သားမ်ားကိုပါ အတင္းအဓမၼ စုေဆာင္း၍ တိုက္ပြဲဝင္ေ စျခင္း၊ တကၠသိုလ္ ဝင္တန္းစာေမးပြဲေျဖ ဆိုၿပီးေသာ ေက်ာင္းသားမ်ားကိုပါ စုေဆာင္းေနျခင္းမ်ားေၾကာင့္ မိဘမ်ားႏွင့္ ေက်ာင္းသား မ်ားမွ ထြက္ေျပး တိမ္းေရွာင္ေနရေၾကာင္း၊ ေဒသခံျပည္သူ မ်ားအေနျဖင့္ မ်ားစြာ ဆင္းရဲဒုကၡႀကဳံေတြ႕

ေနရၿပီး AAအၾကမ္းဖက္ေသာင္းက်န္းသူ မ်ားအား လက္မခံလိုေတာ့ဘဲ ထိတ္လန႔္႐ြံရွာမုန္းတီးလ်က္ရွိၾကေၾကာင္း စိမ္မခ်မ္း ေျမ့ဖြယ္ရာ သတင္းရရွိသည္။   

(Unicode Version)

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မင်းပြားမြို့နယ်ရှိ နယ်မြေခံတန်းမြင့် လေ့ကျင့်ရေး ကျောင်းအား အင်အားသုံး ပစ်ခတ်တိုက်ခိုက်၊ ပြင်းထန်စွာ တန်ပြန်တိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာ ထွက်ပြေး

နေပြည်တော်  မတ်  ၂၃

ယနေ့နံနက် ၆ နာရီအချိန်ခန့်မှ ၁၁ နာရီအချိန်ခန့်အထိ AA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၃၀၀ ခန့်က  မင်းပြားမြို့နယ် နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်၍ အင်အားသုံး ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူတို့က အဆိုပါတန်းမြင့်လေ့ကျင့်ရေးကျောင်းအား ယနေ့နံနက် ၆ နာရီအချိန်ခန့်တွင် နေရာ ၅  နေရာမှ   အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ရန်ကြိုးစားခဲ့သော်လည်း ကျောင်းဌာနချုပ် အနေဖြင့် တပ်ပတ် လည်ခံစစ်ဖြင့် စနစ်တကျ ပစ်ကူ၊ ပစ်အားသုံး တန်ပြန်တိုက်ခိုက်မှုကြောင့် သောင်းကျန်းသူတို့မှာ ထိခိုက်/ ကျဆုံးမှု များစွာဖြင့် ၁၁ နာရီအချိန် ခန့်တွင်  အဖွဲ့များခွဲ၍  ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့ရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများသည် ဖေဖော်ဝါရီလ ၅ ရက်မှ မတ်လ ၁၄ ရက်အထိ မီးဝရှိ တပ်မတော်စခန်း နေရာအား ရက်ပေါင်း ၄၀ ကျော်ကြာ သာလွန်အင်အားဖြင့် ဝိုင်းပတ်ပိတ်ဆို့ ဖြတ်တောက်၍ တိုက်ခိုက် သိမ်းပိုက် နိုင်ရန် ကြိုးစားခဲ့ သော်လည်း တပ်မတော်သားများ၏ ရဲဝံ့ စွန့်စားစွာ အသက်စွန့် တိုက်ခိုက်မှုများနှင့် အချိန်မီ ပစ်ကူ၊ စစ်ကူ ဆောင်ရွက်မှုကြောင့် မီးဝစခန်းနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိဘဲအကျအဆုံး များစွာဖြင့် အထိနာစွာ ဆုတ်ခွာထွက်ပြေး သွားခဲ့ရသည်။ ထို့ကြောင့် AA အကြမ်းဖက် သောင်းကျန်းသူများသည် တိုက်ခိုက်ရေး တပ်မဟုတ်သော    မင်းပြားမြို့နယ်ရှိ  နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ဌာနချုပ်နေရာကို   အားပျော့သည့် နေရာ တစ်နေရာဟုယူဆကာ အလစ်အငိုက် အင်အားသုံး ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ် အသေးစိတ်မှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်နေ့ နေ့လယ်၂ နာရီအချိန်ခန့်က အဆိုပါတန်းမြင့် လေ့ကျင့်ရေး ကျောင်း၏ လေ့ကျင့်ရေးနှင့် လုံခြုံရေး နယ်မြေအတွင်း သွားလာခြင်း မပြုရန် ကန့်သတ်တားမြစ် ထားသော နယ်မြေသို့ ချဲရွာမှ မောင်ခင်ဝင်း (ဘ) ဦးမောင်ချေ၊  အသက် ၂၇ နှစ်နှင့် ရွာသားနှစ်ဦး ဝင်ရောက်ခဲ့ရာမှ မောင်ခင်ဝင်းမှာ မိုင်းတစ်လုံး နင်းမိပေါက်ကွဲကာ ထိခိုက် ဒဏ်ရာရသည့် ဖြစ်စဉ်အား မတ်လ ၁၇ ရက် နေ့တွင်  သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူအား တန်းမြင့်ကျောင်း တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာ တာဝန်ရှိသူ များအား တားမြစ်နယ်မြေအတွင်း မည်သူမျှ ဝင်ရောက်မှုမရှိစေရေး  ထပ်မံ သတိပေးခဲ့ကြောင်း သိရှိ ရသည်။

ထို့နောက် မတ်လ ၂၁ ရက် နေ့လယ် ၃ နာရီခန့်တွင် တန်းမြင့်ကျောင်းလုံခြုံရေး ကာကင်းစခန်းသို့ အရပ်ဝတ်ဖြင့် လူခုနစ်ဦးခန့်  ချဉ်းကပ်ခဲ့သဖြင့်   သတိပေးခြောက်လှန့်  ပစ်ခတ်ခဲ့ပြီး ၎င်းနေရာသို့ အသေးစိတ် စိစစ်ခဲ့ရာ သွေးကွက်များနှင့် ဒဏ်ရာရသူ အား ဆွဲခေါ်သွားသည့် ခြေရာလက်ရာများ နှင့် အမ်-၂၂ ကျည် ၃၆ တောင့်နှင့် ဖုန်း ကာဗာ တစ်ခုအား တွေ့ရှိခဲ့ရသည်။

ထိုဖြစ်စဉ် နှစ်ခုအပြင် အခြားသတင်းများ အရ AA အကြမ်းဖက်သောင်းကျန်းသူများက ဝင်ရောက် တိုက်ခိုက်ရန် စီစဉ်နေကြောင်းလည်း သတင်း ရရှိသဖြင့် ကျောင်းဌာနချုပ်မှ တာဝန်ရှိသူ အရာရှိ/စစ်သည် အဆင့် အတန်း အားလုံးနှင့် မိသားစုဝင်များ အားလုံးသည် လုံခြုံရေးကို အထူးဂရုပြုကာ တိုက်ပွဲ ဝင်အသင့် တပ်ပတ်လည် ခံစစ်အား စနစ် တကျ ဆောင်ရွက်ခဲ့ကြသည်။

AA အကြမ်းဖက် သောင်းကျန်းသူများသည် တန်းမြင့်လေ့ကျင့်ရေး ကျောင်း၏ ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော အိုးဘိုတောင်၊  တောင်ဘုတ်ကေ၊  မေလွန်း၊ ချောင်းနက်၊ အဟောင်းတောင်၊ ကြာအင်း တောင်၊ ကမ်းနီ၊ ချဲရွာကျေးရွာ များမှ တစ်ဆင့် ဖြန့်ခွဲစိမ့်ဝင်၍ ကျောင်းဌာနချုပ်အား နေရာ ငါးနေရာမှ  အင်အားစုများဖြင့်  ယနေ့ နံနက် ၆ နာရီခန့်မှ စတင်၍ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စတင် တိုက်ခိုက်ချိန်မှာ နယ်မြေဒေသ ရာသီဥတု အခြေအနေအရ လေကြောင်းမှ ပစ်ကူပေးနိုင်ရန် မြင်ကွင်း ကန့်သတ်ချက် ရှိနေချိန်ဖြစ်သည်။   AA အကြမ်းဖက် သောင်းကျန်းသူတို့က လေ့ကျင့်ရေးကျောင်း၏ မြောက်ဘက် အိုးဘို တောင် ရွာအနီး တစ်ဝိုက်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး လေ့ကျင့်ရေးကျောင်း၏ အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့မှ တစ်ပြိုင်တည်း အင်အားသုံး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက် ခံရချိန်တွင် လုံခြုံရေး စီမံချက်ရေးဆွဲ ထားရှိကာ တိုက်ပွဲဝင် အသင့် ခံစစ်နေရာ ယူထား ပြီးဖြစ်သောကြောင့် AA အကြမ်းဖက် သောင်းကျန်းသူများမှာ ရှေ့တိုးနိုင်ခြင်း မရှိဘဲ မိမိတပ်များ၏ ခံစစ်ပစ်ခတ်မှု၊ တန်ပြန် တိုက်စစ်ဆင်မှု၊ ပစ်ကူပစ်အားများဖြင့် ဟန်ချက်ညီစွာ ပြင်းပြင်းထန်ထန် ချေမှုန်း တိုက်ခိုက်ခြင်းကို ခံခဲ့ကြ ရသည်။ ကျောင်းဌာနချုပ်သည် ရန်သူတိုက်ခိုက်နေကြောင်း အထက်ဌာနများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပို့ တင်ပြပြီး ရန်သူအား ပြင်းထန်စွာ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လိုအပ်သော လေကြောင်း၊ အမြောက် ပစ်ကူ၊ ပစ်အားများ၊ စစ်ကူစစ်ကြောင်းများကို အထက်ဌာနများက ချက်ချင်းစီမံ ဆောင်ရွက်ပေးခဲ့သည်။

စစ်ကူစစ်ကြောင်းများ ချီတက် လာနေစဉ်တွင်ပင် ကျောင်းဌာနချုပ်ရှိ ကျောင်းအုပ်ကြီးနှင့် အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ ၏ စနစ်တကျပြင်းထန်စွာ ခံစစ်ဆင်တိုက် ခိုက်ချေမှုန်းခြင်းကြောင့် လည်းကောင်း၊ ထိရောက်သော ပစ်ကူ၊ ပစ်အားများကြောင့် လည်းကောင်း၊ ကျောင်းတွင် အရန်အဖြစ် စုဖွဲ့ထားရှိသော တိုက်ပွဲဝင်တပ်များ၏ တန်ပြန် တိုက်ခိုက်မှုများကြောင့် လည်းကောင်း သောင်းကျန်းသူများအနေဖြင့် ကျောင်း၏အရှေ့ဘက်မှ တိုက်ခိုက်သော အဖွဲ့သည် နံနက် ၉ နာရီခန့်တွင်လည်းကောင်း၊ ကျောင်း၏ တောင်ဘက်နှင့် အနောက်ဘက်နေရာ များမှ တိုက်ခိုက်သော အဖွဲ့များသည် နံနက် ၁၁ နာရီခန့်တွင်လည်းကောင်း ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြသည်။

ထိုသို့ ဆုတ်ခွာထွက်ပြေးရာတွင် ၎င်းင်းတို့ တိုက်ခိုက်ရာနေရာ အသီးသီး၌ အလောင်း/ လက်နက်များကျန်ရှိခဲ့ကာ အင်အား အနည်း ငယ်ခန့်ဖြင့် မိမိတပ်များအား နှောင့်ယှက် ပစ်ခတ်ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားကို ရသလောက် ဆွဲခေါ်ဆုတ်ခွာ ထွက်ပြေး ခဲ့ကြခြင်းဖြစ်သည်။

ဆုတ်ခွာထွက်ပြေးလျက်ရှိသော AA အကြမ်းဖက်သောင်းကျန်းသူများ ပြန်လည် စုဖွဲ့တိုက်ခိုက်ခြင်းမရှိစေရန်အတွက်  မြေပြင် စစ်ကူစစ်ကြောင်းများက ထက်ကြပ်လိုက် စစ်ဆင်လျက်ရှိပြီး လေကြောင်း၊ အမြောက်ပစ်ကူ၊ ပစ်အားများဖြင့် ထိရောက်စွာ ချေမှုန်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့တန်းမြင့်လေ့ကျင့်ရေး ကျောင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သော AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အလောင်း ၁၅ လောင်း၊ တရုတ်စက်လက် တစ်လက်၊ အာပီဂျီ တစ်လက်အပါအဝင် လက်နက်မျိုးစုံ ၁၅ လက် သိမ်းဆည်း ရမိခဲ့ပြီး တပ်မတော် မှ အရာရှိ၊ စစ်သည်အချို့ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကာ အချို့ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် တပ်မိသားစုဝင်များအားလုံး ဘေးမသီရန်မခဘဲ လုံခြုံစွာဖြင့်ရှိနေကြောင်း သိရှိရသည်။

နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရခိုင်ဒေသ တည်ငြိမ်အေး ချမ်းရေး အတွက် အသက်နှင့် ခန္ဓာကိုပေးဆပ်၍ ရဲဝံ့စွန့်စားစွာဖြင့်  သောင်းကျန်းမှုနှိမ် နင်းရေး စစ်ဆင်ရေး ဆောင်ရွက်နေကြသော တပ်မတော်သားများ၏စွမ်းရည်ကြောင့် AA အကြမ်းဖက်သောင်းကျန်းသူများ သည် ရခိုင်ပြည်နယ်အတွင်းရှိ တပ်ဌာနချုပ်များ၊ စခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ရန် အကြိမ်ကြိမ်ကြိုးစား ခဲ့သော်လည်း   ယခု အချိန်အထိ မည်သည့်တပ်ဌာနချုပ်၊ စခန်းကိုမျှ သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ထိခိုက်၊ ကျဆုံး မှုများ စွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ရသည် ချည်းသာဖြစ်သည်။ ၎င်းတို့၏ လျော့နည်း သွားသော အင်အားများကို ပြန်လည် ဖြည့် တင်းရန်အတွက် အရွယ်မရောက်သေးသူ ကလေး စစ်သားများကိုပါ အတင်းအဓမ္မ စုဆောင်း၍ တိုက်ပွဲဝင်ေ စခြင်း၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေ ဆိုပြီးသော ကျောင်းသားများကိုပါ စုဆောင်းနေခြင်းများကြောင့် မိဘများနှင့် ကျောင်းသား များမှ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ဒေသခံပြည်သူ များအနေဖြင့် များစွာ ဆင်းရဲဒုက္ခကြုံတွေ့

နေရပြီး AAအကြမ်းဖက်သောင်းကျန်းသူ များအား လက်မခံလိုတော့ဘဲ ထိတ်လန့်ရွံရှာမုန်းတီးလျက်ရှိကြကြောင်း စိမ်မချမ်း မြေ့ဖွယ်ရာ သတင်းရရှိသည်။  

Recent News