AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ပလက္ဝ-ဇိုရမ္ပူကားလမ္းေဖာက္လုပ္ေနေသာ C&C ကုမၸဏီမွ အိႏၵိယႏိုင္ငံသားရွစ္ဦး၊ စကားျပန္ႏွစ္ဦးႏွင့္ လုပ္သားငါးဦးတို႔အား အေၾကာင္းမဲ့ ဖမ္းဆီးေခၚေဆာင္

 

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ပလက္ဝ-ဇိုရမ္ပူကားလမ္းေဖာက္လုပ္ေနေသာ C&C ကုမၸဏီမွ အိႏၵိယႏိုင္ငံသားရွစ္ဦး၊ စကားျပန္ႏွစ္ဦးႏွင့္ လုပ္သားငါးဦးတို႔အား အေၾကာင္းမဲ့ ဖမ္းဆီးေခၚေဆာင္

ေနျပည္ေတာ္  မတ္  ၂၃

ပလက္ဝ-ဇိုရမ္ပူကားလမ္း ေဖာက္လုပ္ေနေသာ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕၏ အေရွ႕ဘက္ ကုလားတန္ျမစ္ကမ္းေပၚရွိ C&C AA ကုမၸဏီဝင္းအတြင္းသို႔ ယေန႔နံနက္ ၁ နာရီခန႔္တြင္ AA အၾကမ္းဖက္ေသာင္း က်န္းသူအင္အား ၄ဝ ဦးခန႔္ ေရာက္ရွိလာၿပီး အိႏၵိယႏိုင္ငံသားရွစ္ဦး၊ စကားျပန္ႏွစ္ဦးႏွင့္ လုပ္သားငါးဦးတို႔အား အေၾကာင္းမဲ့ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သိရွိရ သည္။

ျဖစ္စဥ္မွာ ပလက္ဝ-ဇိုရမ္ပူကားလမ္း ေဖာက္လုပ္ေနေသာ ပလက္ဝၿမိဳ႕၏ အေရွ႕ဘက္ ကုလားတန္ျမစ္ကမ္းေပၚရွိ C&C ကုမၸဏီဝင္းအတြင္းသို႔ ယေန႔နံနက္ ၁ နာရီခန႔္တြင္ AA အၾကမ္းဖက္ ေသာင္းက်န္းသူအင္အား ၄ဝ ဦးခန႔္ေရာက္ရွိလာၿပီး ကုမၸဏီဝန္ထမ္း အိႏၵိယႏိုင္ငံ သားရွစ္ဦး၊ အရပ္သား(စကားျပန္) ႏွစ္ဦး၊ ထမင္းခ်က္သုံးဦး၊ အေထြေထြအကူ လုပ္သားႏွစ္ဦး၊  စုစုေပါင္း ၁၅ ဦးအား အေၾကာင္းမဲ့ ဖမ္းဆီးေခၚေဆာင္သြားၿပီး ကုမၸဏီအေဆာက္အအုံ၏ တံခါးမႀကီး ေလးခ်ပ္ႏွင့္ ျပတင္းေပါက္ေျခာက္ခ်ပ္တို႔ကို ဖ်က္ဆီးသြားခဲ့သည္။

အဆိုပါ ဖမ္းဆီးခံရသူမ်ားအား နံနက္ ၇ နာရီ ၄၅ မိနစ္ခန႔္တြင္ ျပန္လည္ေစလႊတ္ေပးခဲ့ၿပီး ျပန္လည္ေရာက္ရွိလာသူမ်ား၏ ေျပာၾကားခ်က္အရ ယေန႔နံနက္ ၁ နာရီခန႔္တြင္ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား ေရာက္ရွိလာၿပီး ၎တို႔အား အေရွ႕ေတာင္ ဘက္ရွိ ေတာင္ေၾကာေပၚသို႔ မ်က္ႏွာမ်ားအား အဝတ္မ်ားစည္းကာ ေခၚေဆာင္သြားခဲ့ေၾကာင္း၊  ၎တုိ႔အား AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕မ်ားက အစိုးရဌာန ဆိုင္ရာမ်ားအား သတင္း ေပးပို႔ျခင္းရွိ၊ မရွိ ေမးျမန္းၿပီး ၎တို႔တြင္ပါရွိသည့္ တယ္လီဖုန္းမ်ားႏွင့္ ကြန္ပ်ဴတာ မ်ားအား အေသးစိတ္စစ္ေဆးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ ထိုသို႔ စစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ ေနစဥ္ တပ္မေတာ္စစ္ေၾကာင္းမ်ား၏ ေဝဟင္မွ နယ္ေျမလုံၿခဳံေရး ၾကည့္ရႈစစ္ေဆးမႈမ်ားအား ေတြ႕ရွိသျဖင့္ ၎တုိ႔အား  ျပန္လည္ေစလႊတ္ေပးကာ ၎တို႔အဖြဲ႕တြင္ပါရွိသည့္ ေငြက်ပ္ သိန္း ၁ဝဝ ေက်ာ္ႏွင့္ လက္ဝတ္ရတနာမ်ား အပါအဝင္ ပစၥည္းအခ်ိဳ႕အား အတင္းအဓမၼ ယူေဆာင္ ထြက္ေျပးသြားေၾကာင္း သိရသည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား အေနျဖင့္ ပလက္ဝတံတားစီမံကိန္းႏွင့္ ပလက္ဝ-ဇိုရမ္ပူ လမ္းစီမံကိန္းမ်ား ပ်က္ျပားေစရန္ ရည္႐ြယ္၍ ၂ဝ၁၉ ခုႏွစ္၊ မတ္လႏွင့္ ႏိုဝင္ဘာလတို႔တြင္ ေခ်ာင္းေျမာင္းပစ္ခတ္ ဖ်က္ဆီးျခင္း၊ ႏိုဝင္ဘာ ၄ ရက္တြင္ EPI ကုမၸဏီႏွင့္ RPP ကုမၸဏီမွ အိႏၵိယႏိုင္ငံသား ငါးဦးအပါအဝင္ စုစုေပါင္း ၁ဝ ဦးအား ဖမ္းဆီးေခၚေဆာင္သြားျခင္း၊ ဒီဇင္ဘာ ၁ ရက္တြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ တင္းမ ေက်း႐ြာအနီး ပင္လယ္မင္းသမီးဇက္ေရ ယာဥ္အား လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ကာ ဇက္ေရယာဥ္ႏွင့္အတူ လိုက္ပါလာသည့္ ေရယာဥ္အမႈထမ္းမ်ားအား ဖမ္းဆီးစစ္ေဆးၿပီး ၎တို႔၏ အသုံးအေဆာင္ပစၥည္းမ်ား သိမ္း ဆည္းယူေဆာင္ ျခင္းမ်ားျပဳလုပ္ခဲ့ၿပီး ယခုထပ္မံ၍ ပလက္ဝတံတားစီမံကိန္းႏွင့္ ပလက္ဝ-ဇိုရမ္ပူကား လမ္းစီမံကိန္းတို႔တြင္ လမ္းေဖာက္လုပ္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ေနေသာ C&C ကုမၸဏီမွ ဝန္ထမ္းမ်ားကို ဖမ္းဆီးစစ္ေဆးၿပီး အသုံးအေဆာင္ပစၥည္းမ်ား၊ ေငြေၾကးႏွင့္ လက္ဝတ္ရတနာမ်ား ယူေဆာင္သြားျခင္း ျဖစ္သည္။

အဆိုပါေနရာတစ္ဝိုက္အား တပ္မေတာ္စစ္ေၾကာင္းမ်ားက လိုအပ္သည့္လုံၿခဳံေရး လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

AA အကြမ်းဖက်သောင်းကျန်းသူများက ပလက်ဝ-ဇိုရမ်ပူကားလမ်းဖောက်လုပ်နေသော C&C ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသားရှစ်ဦး၊ စကားပြန်နှစ်ဦးနှင့် လုပ်သားငါးဦးတို့အား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်  မတ်  ၂၃

ပလက်ဝ-ဇိုရမ်ပူကားလမ်း ဖောက်လုပ်နေသော ချင်းပြည်နယ်၊ ပလက်ဝမြို့၏ အရှေ့ဘက် ကုလားတန်မြစ်ကမ်းပေါ်ရှိ C&C AA ကုမ္ပဏီဝင်းအတွင်းသို့ ယနေ့နံနက် ၁ နာရီခန့်တွင် AA အကြမ်းဖက်သောင်း ကျန်းသူအင်အား ၄ဝ ဦးခန့် ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံသားရှစ်ဦး၊ စကားပြန်နှစ်ဦးနှင့် လုပ်သားငါးဦးတို့အား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ သည်။

ဖြစ်စဉ်မှာ ပလက်ဝ-ဇိုရမ်ပူကားလမ်း ဖောက်လုပ်နေသော ပလက်ဝမြို့၏ အရှေ့ဘက် ကုလားတန်မြစ်ကမ်းပေါ်ရှိ C&C ကုမ္ပဏီဝင်းအတွင်းသို့ ယနေ့နံနက် ၁ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူအင်အား ၄ဝ ဦးခန့်ရောက်ရှိလာပြီး ကုမ္ပဏီဝန်ထမ်း အိန္ဒိယနိုင်ငံ သားရှစ်ဦး၊ အရပ်သား(စကားပြန်) နှစ်ဦး၊ ထမင်းချက်သုံးဦး၊ အထွေထွေအကူ လုပ်သားနှစ်ဦး၊  စုစုပေါင်း ၁၅ ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကုမ္ပဏီအဆောက်အအုံ၏ တံခါးမကြီး လေးချပ်နှင့် ပြတင်းပေါက်ခြောက်ချပ်တို့ကို ဖျက်ဆီးသွားခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူများအား နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ပြန်လည်စေလွှတ်ပေးခဲ့ပြီး ပြန်လည်ရောက်ရှိလာသူများ၏ ပြောကြားချက်အရ ယနေ့နံနက် ၁ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူများ ရောက်ရှိလာပြီး ၎င်းတို့အား အရှေ့တောင် ဘက်ရှိ တောင်ကြောပေါ်သို့ မျက်နှာများအား အဝတ်များစည်းကာ ခေါ်ဆောင်သွားခဲ့ကြောင်း၊  ၎င်းတို့အား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက အစိုးရဌာန ဆိုင်ရာများအား သတင်း ပေးပို့ခြင်းရှိ၊ မရှိ မေးမြန်းပြီး ၎င်းတို့တွင်ပါရှိသည့် တယ်လီဖုန်းများနှင့် ကွန်ပျူတာ များအား အသေးစိတ်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးခြင်းများ ဆောင်ရွက် နေစဉ် တပ်မတော်စစ်ကြောင်းများ၏ ဝေဟင်မှ နယ်မြေလုံခြုံရေး ကြည့်ရှုစစ်ဆေးမှုများအား တွေ့ရှိသဖြင့် ၎င်းတို့အား  ပြန်လည်စေလွှတ်ပေးကာ ၎င်းတို့အဖွဲ့တွင်ပါရှိသည့် ငွေကျပ် သိန်း ၁ဝဝ ကျော်နှင့် လက်ဝတ်ရတနာများ အပါအဝင် ပစ္စည်းအချို့အား အတင်းအဓမ္မ ယူဆောင် ထွက်ပြေးသွားကြောင်း သိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ပလက်ဝတံတားစီမံကိန်းနှင့် ပလက်ဝ-ဇိုရမ်ပူ လမ်းစီမံကိန်းများ ပျက်ပြားစေရန် ရည်ရွယ်၍ ၂ဝ၁၉ ခုနှစ်၊ မတ်လနှင့် နိုဝင်ဘာလတို့တွင် ချောင်းမြောင်းပစ်ခတ် ဖျက်ဆီးခြင်း၊ နိုဝင်ဘာ ၄ ရက်တွင် EPI ကုမ္ပဏီနှင့် RPP ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသား ငါးဦးအပါအဝင် စုစုပေါင်း ၁ဝ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ဒီဇင်ဘာ ၁ ရက်တွင် ကျောက်တော်မြို့နယ်၊ တင်းမ ကျေးရွာအနီး ပင်လယ်မင်းသမီးဇက်ရေ ယာဉ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဇက်ရေယာဉ်နှင့်အတူ လိုက်ပါလာသည့် ရေယာဉ်အမှုထမ်းများအား ဖမ်းဆီးစစ်ဆေးပြီး ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများ သိမ်း ဆည်းယူဆောင် ခြင်းများပြုလုပ်ခဲ့ပြီး ယခုထပ်မံ၍ ပလက်ဝတံတားစီမံကိန်းနှင့် ပလက်ဝ-ဇိုရမ်ပူကား လမ်းစီမံကိန်းတို့တွင် လမ်းဖောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော C&C ကုမ္ပဏီမှ ဝန်ထမ်းများကို ဖမ်းဆီးစစ်ဆေးပြီး အသုံးအဆောင်ပစ္စည်းများ၊ ငွေကြေးနှင့် လက်ဝတ်ရတနာများ ယူဆောင်သွားခြင်း ဖြစ်သည်။

အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News