သံဃာေတာ္မ်ားအား COVID-19 ေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပးေဟာေျပာ၊ လက္သန႔္ေဆးရည္ ဘူးမ်ား ဆက္လက္လႉဒါန္း

 

သံဃာေတာ္မ်ားအား COVID-19 ေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပးေဟာေျပာ၊ လက္သန႔္ေဆးရည္ ဘူးမ်ား ဆက္လက္လႉဒါန္း

ေနျပည္ေတာ္  မတ္  ၂၄

COVID-19 ေရာဂါႏွင့္ပတ္သက္၍ က်န္းမာေရးဗဟုသုတရရွိၿပီး ေရာဂါႀကိဳတင္ ကာကြယ္ျခင္းမ်ားျပဳလုပ္ႏိုင္ေစရန္ ရန္ကုန္ တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ ရွစ္မိုင္ မစိုးရိမ္ေ႐ႊက်င္တိုက္သစ္မွ စာခ်၊ စာသင္ သံဃာေတာ္မ်ားအား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္   နယ္ေျမခံေဆး တပ္ရင္းမွ ပါရဂူမ်ားပါဝင္ေသာအဖြဲ႕က COVID-19 ေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပးေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္႐ြက္ေပးသည္။

အဆိုပါေဟာေျပာပြဲသို႔ ေက်ာင္းတိုက္၏ ပဓာနနာယက ဆရာေတာ္ ဂနၳ၀ါစက ပ႑ိတ သာသနဓဇ ဓမၼာစရိယ မဟာဓမၼာ စရိယ ဘဒၵႏၲအမ ေတာဘာသအမႉးျပဳေသာ စာခ်၊ စာသင္သံဃာေတာ္မ်ား ႂကြေရာက္ ေတာ္မူၾကၿပီး   ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္၊ ရန္ကုန္တပ္နယ္မွ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ေဟာေျပာပြဲအၿပီးတြင္ ရန္ကုန္တပ္နယ္မွ တာဝန္ရွိသူမ်ားက ေက်ာင္းတိုက္ဆရာ ေတာ္အား ဖူးေျမာ္၍ လက္သန႔္ ေဆးရည္ ဘူးမ်ား ဆက္ကပ္ လႉဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

သံဃာတော်များအား COVID-19 ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေးဟောပြော၊ လက်သန့်ဆေးရည် ဘူးများ ဆက်လက်လှူဒါန်း

နေပြည်တော်  မတ်  ၂၄

COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဗဟုသုတရရှိပြီး ရောဂါကြိုတင် ကာကွယ်ခြင်းများပြုလုပ်နိုင်စေရန် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရှစ်မိုင် မစိုးရိမ်ရွှေကျင်တိုက်သစ်မှ စာချ၊ စာသင် သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်   နယ်မြေခံဆေး တပ်ရင်းမှ ပါရဂူများပါဝင်သောအဖွဲ့က COVID-19 ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် ဂန္ထဝါစက ပဏ္ဍိတ သာသနဓဇ ဓမ္မာစရိယ မဟာဓမ္မာ စရိယ ဘဒ္ဒန္တအမ တောဘာသအမှူးပြုသော စာချ၊ စာသင်သံဃာတော်များ ကြွရောက် တော်မူကြပြီး   ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဟောပြောပွဲအပြီးတွင် ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများက ကျောင်းတိုက်ဆရာ တော်အား ဖူးမြော်၍ လက်သန့် ဆေးရည် ဘူးများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News