ေတာင္ႀကီးၿမိဳ႕နယ္၊ ေနာင္ဗုတ္ေက်း႐ြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္႐ြက္

 

ေတာင္ႀကီးၿမိဳ႕နယ္၊ ေနာင္ဗုတ္ေက်း႐ြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္႐ြက္

ေနျပည္ေတာ္  မတ္  ၂၄

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီး ၿမိဳ႕နယ္၊ ထီေဖာင္းေက်း႐ြာအုပ္စု၊ ေနာင္ဗုတ္ ေက်း႐ြာႏွင့္  ပတ္ဝန္းက်င္ ေက်း႐ြာမ်ားမွ ေဒသခံတိုင္းရင္းသားျပည္သူမ်ားအား ယေန႔ နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က  အဆိုပါ ေက်း႐ြာရွိ   အေျခခံပညာမူလတန္းလြန္ ေက်ာင္း၌    က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ေဒသခံ တိုင္းရင္းသားျပည္သူ ၁၇၂ ဦးကို အ႐ိုး/ အေၾကာ ေရာဂါ၊ ခြဲစိတ္ ကုသမႈဆိုင္ရာ ေရာဂါ၊ ကေလးေရာဂါ၊ သြား ႏွင့္ခံတြင္းေရာဂါ၊ ေသြးတိုးေရာဂါ၊ လိပ္ေခါင္း ေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသ ေပးျခင္းမ်ား ေဆာင္႐ြက္ေပးၿပီး ေဆး႐ုံ တက္ေရာက္ကုသရန္ လိုအပ္သူ တစ္ဦးကို ေတာင္ႀကီးၿမိဳ႕ရွိ တပ္မေတာ္ ေဆး႐ုံသို႔ တက္ ေရာက္ကုသႏိုင္ေရး စီစဥ္ ေဆာင္႐ြက္ေပးခဲ့ ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တောင်ကြီးမြို့နယ်၊ နောင်ဗုတ်ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်  မတ်  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ နောင်ဗုတ် ကျေးရွာနှင့်  ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က  အဆိုပါ ကျေးရွာရှိ   အခြေခံပညာမူလတန်းလွန် ကျောင်း၌    ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁၇၂ ဦးကို အရိုး/ အကြော ရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ သွား နှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ လိပ်ခေါင်း ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ တစ်ဦးကို တောင်ကြီးမြို့ရှိ တပ်မတော် ဆေးရုံသို့ တက် ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

Recent News