လံၿုခံဳေရးတာ၀န္ထမ္းေဆာင္ေနသည့္တပ္ဖ႔ြဲ၀င္မ်ား၏ေနရာအား မိုင္းေထာင္ရန္ ခ်ဥ္းကပ္လာေသာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအား ပစ္ခတ္ဖမ္းဆီး

လုံၿခဳံေရးတာဝန္ထမ္းေဆာင္ေနသည့္တပ္ဖ့ြဲဝင္မ်ား၏ေနရာအား မိုင္းေထာင္ရန္ ခ်ဥ္းကပ္လာေသာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအား ပစ္ခတ္ဖမ္းဆီး

မွာေနျပည္ေတာ္ မတ္ ၂၅

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္အတြင္း လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္ဖြဲ႕ဝင္မ်ား သည္ ရာေမာင္တံတား၏အေရွ႕ေတာင္ဘက္ မီတာ ၃၀၀၀ ခန႔္အကြာ၌အေျချပဳစဥ္ ယေန႔ည ၆ နာရီ ၁၅ မိနစ္ခန႔္တြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူ ၃ ဦးက ခ်ဥ္းကပ္လာသျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့သည္။

အဆိုပါေနရာအား အေသးစိတ္စစ္ေဆးရာ အရပ္ဝတ္ဝတ္ဆင္ထားသည့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူ အေလာင္း ၃ ေလာင္းအား မိုင္းေထာင္ရာတြင္ အသုံးျပဳသည့္ ႏွစ္ပင္လိမ္ ဝိုင္ယာႀကိဳး ၃ ကိုက္ခန႔္၊ လက္ကိုင္ဖုန္း ၂ လုံး၊ လြယ္အိတ္ ၁ လုံး၊ ဖုန္းမွတ္တမ္းစာအုပ္ ၁ အုပ္ႏွင့္ အသုံး အေဆာင္ပစၥည္းမ်ားကို သိမ္းဆည္းရမိခဲ့သည္။

သိမ္းဆည္းရမိဖုန္းမ်ားအတြင္းမွ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအခ်င္းခ်င္း ဆက္သြယ္ေျပာ ဆိုထားသည့္ မွတ္တမ္းမ်ား၊ မဟုတ္မမွန္ဝါဒျဖန႔္ခ်ိသည့္ ဗီဒီယိုဖိုင္မ်ား ႏွင့္ လက္နက္ႀကီးက်ည္က် ေရာက္ေပါက္ကြဲ မႈမ်ားကို ႐ိုက္ကူးထားသည့္ ဗီဒီယိုဖိုင္မ်ား အား စစ္ေဆးေတြ႕ရွိခဲ့သည္။

အဆိုပါေနရာတစ္ဝိုက္အား တပ္မေတာ္ စစ္ေၾကာင္းမ်ားက လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့်တပ်ဖ့ွဲဝင်များ၏နေရာအား မိုင်းထောင်ရန် ချဉ်းကပ်လာသော AA အကြမ်းဖက်သောင်းကျန်းသူများအား ပစ်ခတ်ဖမ်းဆီး

မှာနေပြည်တော် မတ် ၂၅

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ သည် ရာမောင်တံတား၏အရှေ့တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ၌အခြေပြုစဉ် ယနေ့ည ၆ နာရီ ၁၅ မိနစ်ခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၃ ဦးက ချဉ်းကပ်လာသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

အဆိုပါနေရာအား အသေးစိတ်စစ်ဆေးရာ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူ အလောင်း ၃ လောင်းအား မိုင်းထောင်ရာတွင် အသုံးပြုသည့် နှစ်ပင်လိမ် ဝိုင်ယာကြိုး ၃ ကိုက်ခန့်၊ လက်ကိုင်ဖုန်း ၂ လုံး၊ လွယ်အိတ် ၁ လုံး၊ ဖုန်းမှတ်တမ်းစာအုပ် ၁ အုပ်နှင့် အသုံး အဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိဖုန်းများအတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူများအချင်းချင်း ဆက်သွယ်ပြော ဆိုထားသည့် မှတ်တမ်းများ၊ မဟုတ်မမှန်ဝါဒဖြန့်ချိသည့် ဗီဒီယိုဖိုင်များ နှင့် လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲ မှုများကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များ အား စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါနေရာတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Recent News