လွည္းကူးၿမိဳ႕နယ္ရွိ ျပည္သူက်န္းမာေရးကြင္းဆင္းသင္တန္းဌာနႏွင့္ ဓမၼဒူတေဆကိႏၵာရာမ ေက်ာင္းတိုက္တို႔၌ ပိုးသတ္ေဆးဖ်န္းျခင္းမ်ားေဆာင္႐ြက္

လွည္းကူးၿမိဳ႕နယ္ရွိ ျပည္သူက်န္းမာေရးကြင္းဆင္းသင္တန္းဌာနႏွင့္  ဓမၼဒူတေဆကိႏၵာရာမ ေက်ာင္းတိုက္တို႔၌ ပိုးသတ္ေဆးဖ်န္းျခင္းမ်ားေဆာင္႐ြက္

ေနျပည္ေတာ္ မတ္ ၂၅

ျပည္ပႏိုင္ငံမ်ားမွ ျပန္လည္ေရာက္ရွိလာ သည့္ ျမန္မာႏိုင္ငံသားမ်ားအား   Quarantine  ေဆာင္႐ြက္ရာတြင္ေနထိုင္ခဲ့သည့္ ရန္ကုန္ တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္၊ က်န္းမာ ေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာန၊ ျပည္သူ႔ က်န္းမာေရး ကြင္းဆင္းသင္တန္းဌာနရွိ အိပ္ေဆာင္မ်ား အတြင္း/အျပင္ႏွင့္ ပတ္ဝန္းက်င္ ေနရာမ်ား၊ ေရခ်ိဳးခန္း၊ အိမ္သာမ်ား၊ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့သည့္ အမ်ိဳးသား တစ္ဦးေနထိုင္ခဲ့ေသာ အိပ္ေဆာင္ အတြင္း/အျပင္ႏွင့္ ပတ္ဝန္းက်င္ေနရာမ်ား၌ COVID-19 ေရာဂါကူးစက္ျပန႔္ပြားျခင္းမ်ား မျဖစ္ေပၚ ေစေရးအတြက္ ယေန႔နံနက္ပိုင္း တြင္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၊ ေမွာ္ဘီတပ္နယ္ နယ္ေျမခံ ေဆးတပ္ရင္းမွ ပါရဂူမ်ားပါဝင္ေသာ အဖြဲ႕က ပိုးသတ္ေဆးဖ်န္းျခင္းမ်ားေဆာင္ ႐ြက္ေပးသည္။

ဆက္လက္ၿပီး အဆိုပါေဆးတပ္ရင္းမွ ပါရဂူမ်ားပါဝင္ေသာအဖြဲ႕က ျပည္ပႏိုင္ငံမ်ားမွ ျပန္လည္ ေရာက္ရွိလာသည့္ ျမန္မာႏိုင္ငံသား မ်ား COVID-19 Quarantine ေဆာင္႐ြက္ လ်က္ရွိသည့္ ေမွာ္ဘီၿမိဳ႕နယ္၊ ေအာက္ဝါးနက္ ေခ်ာင္းေက်း႐ြာရွိ ဓမၼဒူတေဆကိႏၵာရာမ ေက်ာင္းတိုက္ရွိ ၎တို႔၏ အိပ္ေဆာင္မ်ား၊ ေရခ်ိဳးခန္း၊ အိမ္သာမ်ား၊ အဆိုပါ ေက်ာင္းတိုက္အတြင္း/အျပင္ႏွင့္ ပတ္ဝန္းက်င္ေနရာ မ်ားအား ယေန႔ေန႔လယ္ပိုင္းတြင္ ပိုးသတ္ ေဆးဖ်န္းျခင္းမ်ား ေဆာင္႐ြက္ ေပးသည္။

ထို႔ျပင္ အဆိုပါေဆးတပ္ရင္းမွ ပါရဂူမ်ားပါဝင္ေသာအဖြဲ႕သည္ ဓမၼဒူတေဆကိႏၵာရာမ ေက်ာင္းတိုက္၌ ပိုးသတ္ေဆးဖ်န္းျခင္းမ်ား ကို ေန႔စဥ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

လှည်းကူးမြို့နယ်ရှိ ပြည်သူကျန်းမာရေးကွင်းဆင်းသင်တန်းဌာနနှင့်  ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်တို့၌ ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်

နေပြည်တော် မတ် ၂၅

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ သည့် မြန်မာနိုင်ငံသားများအား   Quarantine  ဆောင်ရွက်ရာတွင်နေထိုင်ခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေး ကွင်းဆင်းသင်တန်းဌာနရှိ အိပ်ဆောင်များ အတွင်း/အပြင်နှင့် ပတ်ဝန်းကျင် နေရာများ၊ ရေချိုးခန်း၊ အိမ်သာများ၊ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် အမျိုးသား တစ်ဦးနေထိုင်ခဲ့သော အိပ်ဆောင် အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်နေရာများ၌ COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းများ မဖြစ်ပေါ် စေရေးအတွက် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ် နယ်မြေခံ ဆေးတပ်ရင်းမှ ပါရဂူများပါဝင်သော အဖွဲ့က ပိုးသတ်ဆေးဖျန်းခြင်းများဆောင် ရွက်ပေးသည်။

ဆက်လက်ပြီး အဆိုပါဆေးတပ်ရင်းမှ ပါရဂူများပါဝင်သောအဖွဲ့က ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား များ COVID-19 Quarantine ဆောင်ရွက် လျက်ရှိသည့် မှော်ဘီမြို့နယ်၊ အောက်ဝါးနက် ချောင်းကျေးရွာရှိ ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်ရှိ ၎င်းတို့၏ အိပ်ဆောင်များ၊ ရေချိုးခန်း၊ အိမ်သာများ၊ အဆိုပါ ကျောင်းတိုက်အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်နေရာ များအား ယနေ့နေ့လယ်ပိုင်းတွင် ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက် ပေးသည်။

ထို့ပြင် အဆိုပါဆေးတပ်ရင်းမှ ပါရဂူများပါဝင်သောအဖွဲ့သည် ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်၌ ပိုးသတ်ဆေးဖျန်းခြင်းများ ကို နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News