COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္မႈ လုပ္ငန္းမ်ား ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ေရး လုပ္ငန္းညႇိႏႈိင္း အစည္းအေဝး ျပဳလုပ္

 

COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္မႈ လုပ္ငန္းမ်ား ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ေရး လုပ္ငန္းညႇိႏႈိင္း အစည္းအေဝး ျပဳလုပ္

ေနျပည္ေတာ္  မတ္  ၂၅

COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ မႈလုပ္ငန္းမ်ား  ေအာင္ျမင္စြာေဆာင္႐ြက္ ႏိုင္ေရးအတြက္ လုပ္ငန္းညႇိႏႈိင္း အစည္း အေဝးကို ယေန႔နံနက္ပိုင္းတြင္ ရွမ္းျပည္ နယ္(ေတာင္ပိုင္း)၊ လြိဳင္လင္ခ႐ိုင္၊ လြိဳင္လင္ၿမိဳ႕ရွိ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံး အစည္းအေဝးခန္းမ၌ျပဳလုပ္ရာ  အေရွ႕ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္  တိုင္းမႉး ဗိုလ္ခ်ဳပ္သန္းလႈိင္ႏွင့္အဖြဲ႕ဝင္မ်ား၊  ဌာန ဆိုင္ရာတာဝန္ရွိသူမ်ား  တက္ေရာက္ၾက သည္။

ဦးစြာ တိုင္းမႉးက အဖြင့္အမွာစကား ေျပာၾကားၿပီး ဌာနဆိုင္ရာတာဝန္ရွိသူမ်ား က လက္ရွိျဖစ္ပြားေနသည့္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းမ်ားႏွင့္ လတ္တေလာ အေျခအေနမ်ားကို ေဆြးေႏြးၾကသည္။ ယင္း ေနာက္ တိုင္းမႉး ႏွင့္တာဝန္ရွိသူမ်ားက     လြိဳင္လင္ၿမိဳ႕ႏွင့္ နမ့္စန္ၿမိဳ႕တို႔၌ ကူးစက္ေရာဂါျဖစ္ပြားပါက လူနာ မ်ားအား သီးသန႔္ထားရွိ ကုသႏိုင္ေရးအတြက္ ကုသေဆာင္မ်ားျပင္ဆင္ ထားရွိမႈ မ်ားကို လိုက္လံၾကည့္ရႈခဲ့ၾက ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

COVID-19 ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

နေပြည်တော်  မတ်  ၂၅

COVID-19 ရောဂါကာကွယ်ထိန်းချုပ် မှုလုပ်ငန်းများ  အောင်မြင်စွာဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ  အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့်အဖွဲ့ဝင်များ၊  ဌာန ဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ က လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် လတ်တလော အခြေအနေများကို ဆွေးနွေးကြသည်။ ယင်း နောက် တိုင်းမှူး နှင့်တာဝန်ရှိသူများက     လွိုင်လင်မြို့နှင့် နမ့်စန်မြို့တို့၌ ကူးစက်ရောဂါဖြစ်ပွားပါက လူနာ များအား သီးသန့်ထားရှိ ကုသနိုင်ရေးအတွက် ကုသဆောင်များပြင်ဆင် ထားရှိမှု များကို လိုက်လံကြည့်ရှုခဲ့ကြ ကြောင်း သတင်း ရရှိသည်။

Recent News