(၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ကို ဂုဏ္ျပဳႀကိဳဆိုေသာအားျဖင့္ ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္ ေဆး႐ုံခုတင္(၅၀၀) သို႔ အလႉေငြမ်ားႏွင့္ေဆး႐ုံသုံး ပစၥည္းမ်ား ေပးအပ္လႉဒါန္း

 

(၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ကို ဂုဏ္ျပဳႀကိဳဆိုေသာအားျဖင့္ ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္ ေဆး႐ုံခုတင္(၅၀၀) သို႔ အလႉေငြမ်ားႏွင့္ေဆး႐ုံသုံး ပစၥည္းမ်ား ေပးအပ္လႉဒါန္း

ေနျပည္ေတာ္  မတ္  ၂၅

(၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ကို ဂုဏ္ျပဳႀကိဳဆိုေသာ အားျဖင့္ ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံ ခုတင္(၅၀၀) သို႔ ဒသမ  ညီေနာင္မ်ားအဖြဲ႕ႏွင့္ MGA(Thailand) တို႔မွ အလႉေငြမ်ားႏွင့္ ေဆး႐ုံသုံးပစၥည္းမ်ားေပး အပ္လႉဒါန္း ျခင္းကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါ ေဆး႐ုံ၌ျပဳလုပ္သည္။

ဦးစြာ ဒသမညီေနာင္မ်ားအဖြဲ႕ကိုယ္စား ဗိုလ္ခ်ဳပ္မိုးဟိန္းႏွင့္  MGA(Thailand) အဖြဲ႕ကိုယ္စား သံအမတ္ႀကီး(ၿငိမ္း) ဦးၫြန႔္ ေဆြ တို႔က လႉဒါန္းရျခင္းအေၾကာင္းအား ရွင္းလင္း ေျပာၾကားသည္။ ထို႔ေနာက္ ဒသမညီေနာင္ အဖြဲ႕မွ ေဆးပေဒသာ ပင္အတြက္ အလႉေငြက်ပ္ ၁၀ သိန္း၊ ေဆး႐ုံအတြက္ လိုအပ္သည္မ်ား အသုံးျပဳရန္  အလႉေငြက်ပ္  ၂၁  သိန္း၊  ဓာတ္ခြဲခန္းသုံး ပစၥည္းမ်ား ဝယ္ယူရန္ အလႉေငြက်ပ္  ၁၀သိန္း၊ စုစုေပါင္း ၄၁ သိန္းတို႔ကို လည္းေကာင္း၊ MGA(Thailand) မွ ႏွာေခါင္းစည္း ျေ်ဳ ၁၀၀၀ ခု၊ ေဆး႐ုံသုံး လက္အိတ္အစုံ  တစ္သိန္းႏွင့္ ေဆး႐ုံ အတြက္ လိုအပ္သည္မ်ား အသုံးျပဳရန္ အလႉ ေငြက်ပ္  ၃၄  သိန္းတို႔ကိုလည္းေကာင္း ေပးအပ္လႉဒါန္းၾကရာ   တပ္မေတာ္ ေဆး႐ုံ ခုတင္ (၅၀၀)မွ တပ္မႉး ဗိုလ္မႉးခ်ဳပ္စိန္လင္း ကလက္ခံရယူၿပီး    ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္ကာ  ေက်းဇူးတင္ အမွာစကား ေျပာၾကားခဲ့ေၾကာင္း သတင္းရရွိသည္။   

(Unicode Version)

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံခုတင်(၅၀၀) သို့ အလှူငွေများနှင့်ဆေးရုံသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်  မတ်  ၂၅

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ ခုတင်(၅၀၀) သို့ ဒသမ  ညီနောင်များအဖွဲ့နှင့် MGA(Thailand) တို့မှ အလှူငွေများနှင့် ဆေးရုံသုံးပစ္စည်းများပေး အပ်လှူဒါန်း ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံ၌ပြုလုပ်သည်။

ဦးစွာ ဒသမညီနောင်များအဖွဲ့ကိုယ်စား ဗိုလ်ချုပ်မိုးဟိန်းနှင့်  MGA(Thailand) အဖွဲ့ကိုယ်စား သံအမတ်ကြီး(ငြိမ်း) ဦးညွန့် ဆွေ တို့က လှူဒါန်းရခြင်းအကြောင်းအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဒသမညီနောင် အဖွဲ့မှ ဆေးပဒေသာ ပင်အတွက် အလှူငွေကျပ် ၁၀ သိန်း၊ ဆေးရုံအတွက် လိုအပ်သည်များ အသုံးပြုရန်  အလှူငွေကျပ်  ၂၁  သိန်း၊  ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ဝယ်ယူရန် အလှူငွေကျပ်  ၁၀သိန်း၊ စုစုပေါင်း ၄၁ သိန်းတို့ကို လည်းကောင်း၊ MGA(Thailand) မှ နှာခေါင်းစည်း ြေျု ၁၀၀၀ ခု၊ ဆေးရုံသုံး လက်အိတ်အစုံ  တစ်သိန်းနှင့် ဆေးရုံ အတွက် လိုအပ်သည်များ အသုံးပြုရန် အလှူ ငွေကျပ်  ၃၄  သိန်းတို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ   တပ်မတော် ဆေးရုံ ခုတင် (၅၀၀)မှ တပ်မှူး ဗိုလ်မှူးချုပ်စိန်လင်း ကလက်ခံရယူပြီး    ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ  ကျေးဇူးတင် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News