

 


 


 

(Unicode Version)

 

လင်းခေးမြို့နယ်ရှိ ဝမ်ဟတ်ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ 

နေပြည်တော် အောက်တိုဘာ ၁၆ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့ရှိ ဝမ်ဟတ်ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် နှင့်အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်း ခန်းမ၌ သွားရောက်တွေ့ဆုံသည်။ 

တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News