(၇၅)ႏွစ္ေျမာက္စိန္ရတုတပ္မေတာ္ေန႔အား ဂုဏ္ျပဳေသာအားျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဂုဏ္ျပဳ ဆု မ်ားခ်ီးျမႇင့္အပ္ႏွင္း 

(၇၅)ႏွစ္ေျမာက္စိန္ရတုတပ္မေတာ္ေန႔အား ဂုဏ္ျပဳေသာအားျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဂုဏ္ျပဳ ဆု မ်ားခ်ီးျမႇင့္အပ္ႏွင္း 

ေနျပည္ေတာ္ မတ္ ၂၇ 

ျမန္မာ့တပ္မေတာ္သည္ ႏုိင္ငံေတာ္ႏွင့္ ႏုိင္ငံသားတုိ႔၏ အက်ဳိးစီးပြားအတြက္ အစဥ္ေဆာင္ရြက္ခဲ့ရာ (၇၅)ႏွစ္တုိင္တုိင္ရွိခဲ့ၿပီျဖစ္ၿပီး ယေန႔ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၇ ရက္ေန႔တြင္(၇၅)ႏွစ္ေျမာက္ စိန္ရတု တပ္မေတာ္ေန႔သို႔ေရာက္ရွိခဲ့ၿပီျဖစ္ပါသည္။ 
(၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔အား ဂုဏ္ျပဳေသာအားျဖင့္ (၇၅)ႏွစ္တာကာလအတြင္း ႏုိင္ငံေတာ္ ႏွင့္တပ္မေတာ္မွေပးအပ္ေသာ အမိန္႔ႏွင့္တာ၀န္မ်ားကို ထူးျခားစြာတာ၀န္ထမ္းေဆာင္ဆဲျဖစ္ေသာ အရာရွိ၊ စစ္သည္မ်ား၊ စစ္သည္အစားခန္႔အရပ္သား၀န္ထမ္းမ်ားႏွင့္ မွီခိုသူရဲေမမ်ား စုစုေပါင္းအင္အား (၅၈၄၈၃)ဦး၊ အဖြဲ႕လိုက္ဆု (၁)ဆုတုိ႔အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဂုဏ္ျပဳဆု (၁၀)မ်ဳိးအား ခ်ီးျမႇင့္ အပ္ႏွင္း လိုက္ပါသည္။ 
အဆုိပါခ်ီးျမႇင့္အပ္ႏွင္းလိုက္သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဂုဏ္ျပဳဆုမ်ားမွာ တပ္မေတာ္ စြမ္းရည္သတိၱဆုိင္ရာဂုဏ္ျပဳဆု (၁၄၈၉)ဦး၊ အမႈထမ္းေကာင္းဆုိင္ရာဂုဏ္ျပဳဆု (၅၆၇၄၆)ဦး၊ အႏုပညာ ဆုိင္ရာဂုဏ္ျပဳဆု တစ္ဦးခ်င္း ၂၆ ဦးႏွင့္ အဖြဲ႕လိုက္တစ္ဆု၊ စာေပဆုိင္ရာဂုဏ္ျပဳဆု ၅၄ ဦး၊ စီးပြားေရးဆုိင္ရာ ဂုဏ္ျပဳဆု ၃၁ ဦး၊ နည္းပညာဆုိင္ရာဂုဏ္ျပဳဆု ၅၈ ဦး၊ က်န္းမာေရးေစာင့္ေရွာက္မႈဆုိင္ရာဂုဏ္ျပဳဆု ေလးဦး၊ အားကစားဆုိင္ရာဂုဏ္ျပဳဆု ၂၉ ဦး၊ သဘာ၀ေဘးအႏၲရာယ္ကာကြယ္တားဆီးေရးႏွင့္ ကယ္ဆယ္ေရး ဆုိင္ရာဂုဏ္ျပဳဆု ၃၆ ဦးႏွင့္ အႀကံေပးပုဂိၢဳလ္မ်ားဆုိင္ရာဂုဏ္ျပဳဆု ၁၀ ဦးတုိ႔ျဖစ္ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

(၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြု ဆု များချီးမြှင့်အပ်နှင်း 

နေပြည်တော် မတ် ၂၇ 

မြန်မာ့တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် အစဉ်ဆောင်ရွက်ခဲ့ရာ (၇၅)နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပြီး ယနေ့ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင်(၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့သို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ 
(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် (၇၅)နှစ်တာကာလအတွင်း နိုင်ငံတော် နှင့်တပ်မတော်မှပေးအပ်သော အမိန့်နှင့်တာဝန်များကို ထူးခြားစွာတာဝန်ထမ်းဆောင်ဆဲဖြစ်သော အရာရှိ၊ စစ်သည်များ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများနှင့် မှီခိုသူရဲမေများ စုစုပေါင်းအင်အား (၅၈၄၈၃)ဦး၊ အဖွဲ့လိုက်ဆု (၁)ဆုတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုဆု (၁၀)မျိုးအား ချီးမြှင့် အပ်နှင်း လိုက်ပါသည်။  
အဆိုပါချီးမြှင့်အပ်နှင်းလိုက်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုဆုများမှာ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ပြုဆု (၁၄၈၉)ဦး၊ အမှုထမ်းကောင်းဆိုင်ရာဂုဏ်ပြုဆု (၅၆၇၄၆)ဦး၊ အနုပညာ ဆိုင်ရာဂုဏ်ပြုဆု တစ်ဦးချင်း ၂၆ ဦးနှင့် အဖွဲ့လိုက်တစ်ဆု၊ စာပေဆိုင်ရာဂုဏ်ပြုဆု ၅၄ ဦး၊ စီးပွားရေးဆိုင်ရာ ဂုဏ်ပြုဆု ၃၁ ဦး၊ နည်းပညာဆိုင်ရာဂုဏ်ပြုဆု ၅၈ ဦး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဂုဏ်ပြုဆု လေးဦး၊ အားကစားဆိုင်ရာဂုဏ်ပြုဆု ၂၉ ဦး၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် ကယ်ဆယ်ရေး ဆိုင်ရာဂုဏ်ပြုဆု ၃၆ ဦးနှင့် အကြံပေးပုဂ္ဂိုလ်များဆိုင်ရာဂုဏ်ပြုဆု ၁၀ ဦးတို့ဖြစ်ကြောင်း သတင်းရရှိသည်။ 

Recent News