

နေပြည်တော် မတ် ၂၇ 


 

(Unicode Version)

 

     (၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့အား ဂုဏ်ပြုသော အားဖြင့် တပ်မတော်စိန်ရတုနှစ်တံဆိပ် ချီးမြှင့် အပ်နှင်း 

နေပြည်တော် မတ် ၂၇ 

မြန်မာ့တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် အစဉ်ဆောင်ရွက်ခဲ့ရာ (၇၅)နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပြီး ယနေ့ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ 

အဆိုပါ(၇၅)နှစ်တိုင်တိုင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက်ဆောင်ရွက်ခဲ့သော တပ်မတော် ၏ထူးခြားပြောင်မြောက်သည့် စွမ်းဆောင်နိုင်မှုများနှင့် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုမှတ် တမ်းတင်သောအားဖြင့် တပ်မတော်တွင် စစ်မှုထမ်းသက်(၂၅)နှစ်နှင့်အထက် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိ၍ တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့သောစစ်မှုထမ်းများအား နိုင်ငံတော်သမ္မတရုံး၏ ၅-၃-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၂/၂၀၂၀ ဖြင့်ထုတ်ပြန်ခဲ့သည့် တပ်မတော်စိန်ရတုနှစ်တံဆိပ်ချီးမြှင့် အပ်နှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်ပါ အရည်အချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသူ အရာရှိ (၁၂၄၉)ဦး၊ စစ်သည် (၄၂၁၆၇)ဦး၊ စုစုပေါင်း (၄၃၄၁၆) ဦးအားနိုင်ငံတော်သမ္မတရုံး၏ ၂၇-၃-၂၀၂၀ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၅၁/၂၀၂၀ ဖြင့် တပ်မတော်စိန်ရတုနှစ်တံဆိပ်အား ချီးမြှင့်အပ်နှင်း လိုက်ခြင်းဖြစ် ကြောင်းသတင်းရရှိသည်။                

Recent News