COVID-19 ေရာဂါ ကာကြယ္ရန္အတြက္ အလႉေငြမ်ား ေပးအပ္လႉဒါန္း

 

COVID-19 ေရာဂါ ကာကြယ္ရန္အတြက္ အလႉေငြမ်ား ေပးအပ္လႉဒါန္း

ေနျပည္ေတာ္  မတ္  ၂၉

COVID-19 ေရာဂါကာကြယ္ရန္အတြက္ အလႉေငြမ်ားေပးအပ္ျခင္းကို ယေန႔နံနက္ပိုင္းတြင္ ရွမ္းျပည္နယ္(ေတာင္ ပိုင္း)၊ လြိဳင္ လင္ၿမိဳ႕၊ အေထြေထြေရာဂါကုေဆး႐ုံႀကီး ခန္းမ၌ျပဳလုပ္ရာ အေရွ႕အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ သန္းလႈိင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ေဆး႐ုံမွ တာဝန္ရွိသူမ်ား၊ ဌာန ဆိုင္ရာ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တိုင္းမႉးက COVID-19 ေရာဂါ ကာကြယ္ႏိုင္ရန္အတြက္ အလႉေငြေပးအပ္ ရျခင္းအေၾကာင္း အမွာစကား ေျပာၾကားသည္။ ထို႔ေနာက္ တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ လႉဒါန္းသည့္အလႉေငြမ်ားအား တိုင္းမႉးက ေပးအပ္ လႉဒါန္းရာ ေဆး႐ုံအုပ္ႀကီးက လက္ခံရယူသည္။

ဆက္လက္၍ အလႉရွင္မ်ားက COVID-19 ေရာဂါ ကာကြယ္ရန္အတြက္ အေထာက္အကူျပဳ ပစၥည္းမ်ား ေပးအပ္ လႉဒါန္းရာ တာဝန္ရွိသူမ်ားက လက္ခံရယူၿပီး ေဆး႐ုံအုပ္ႀကီးမွ ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားသည္။

ယင္းေနာက္ တိုင္းမႉးႏွင့္ အဖြဲ႕ဝင္မ်ားသည္ လြိဳင္လင္ၿမိဳ႕၊ ကူးစက္ ေရာဂါျဖစ္ပြားပါက လူနာမ်ားအား သီးသန႔္ထား ရွိကုသ ႏိုင္ရန္အတြက္ ကုသေဆာင္မ်ားျပင္ဆင္ထားရွိမႈႏွင့္ ေစာင့္ၾကည့္ လူနာမ်ားအား သြားေရာက္ၾကည့္ရႈ အားေပး ကာ လိုအပ္သည္မ်ား ညႇိႏႈိင္း ေဆာင္႐ြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)  

COVID-19 ရောဂါ ကာကွယ်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်  မတ်  ၂၉

COVID-19 ရောဂါကာကွယ်ရန်အတွက် အလှူငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင် ပိုင်း)၊ လွိုင် လင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး ခန်းမ၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဆေးရုံမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက COVID-19 ရောဂါ ကာကွယ်နိုင်ရန်အတွက် အလှူငွေပေးအပ် ရခြင်းအကြောင်း အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များမှ လှူဒါန်းသည့်အလှူငွေများအား တိုင်းမှူးက ပေးအပ် လှူဒါန်းရာ ဆေးရုံအုပ်ကြီးက လက်ခံရယူသည်။

ဆက်လက်၍ အလှူရှင်များက COVID-19 ရောဂါ ကာကွယ်ရန်အတွက် အထောက်အကူပြု ပစ္စည်းများ ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဆေးရုံအုပ်ကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် လွိုင်လင်မြို့၊ ကူးစက် ရောဂါဖြစ်ပွားပါက လူနာများအား သီးသန့်ထား ရှိကုသ နိုင်ရန်အတွက် ကုသဆောင်များပြင်ဆင်ထားရှိမှုနှင့် စောင့်ကြည့် လူနာများအား သွားရောက်ကြည့်ရှု အားပေး ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။  

Recent News