AA အၾကမ္းဖက္ ေသာင္းက်န္းသူ အဖြဲ႕မ်ား ထံသို႔ ရိကၡာ ပို႔ေဆာင္သည့္ စက္ေလွတစ္စင္း ဖမ္းဆီးရမိ

 

AA အၾကမ္းဖက္ ေသာင္းက်န္းသူ အဖြဲ႕မ်ား ထံသို႔ ရိကၡာ ပို႔ေဆာင္သည့္ စက္ေလွတစ္စင္း ဖမ္းဆီးရမိ

ေနျပည္ေတာ္  မတ္  ၂၉

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ အတြင္း   လုံၿခဳံေရး ေဆာင္႐ြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ မတ္ ၂၂ ရက္ နံနက္ ၉နာရီခြဲခန႔္တြင္ ကုလားတန္ျမစ္ေၾကာင္း အတိုင္း မာလာေက်း႐ြာဘက္မွ ဒတ္ျဖဴ ေက်း႐ြာဘက္သို႔    ေမာင္းႏွင္ လာေသာ မသကၤာဖြယ္ စက္ေလွတစ္စင္းကို ေတြ႕ရွိရ သျဖင့္ စစ္ေဆးရန္ သြားေရာက္ခဲ့ရာ စက္ ေလွသည္ အေနာက္သို႔ ေမာင္းႏွင္ ထြက္ေျပး သြားခဲ့ၿပီး ရပ္တန႔္ရန္ေျပာဆိုခဲ့ေသာ္လည္း ဆက္လက္ေမာင္းႏွင္ ထြက္ေျပး သြားေသာ ေၾကာင့္ လက္နက္ငယ္ျဖင့္ ေျခာက္လွန႔္ ပစ္ခတ္ခဲ့ရာ တင္းမေက်း႐ြာ၏ ေတာင္ဘက္ မီတာ ၅၀၀၀ ခန႔္အကြာ၌ ရပ္တန႔္သြားခဲ့သည္။ အဆိုပါစက္ေလွအား စစ္ေဆးစဥ္ ဦးမဲတုတ္ရွည္(ဘ)ဦးေမာင္ျဖဴ၊ ဦးသန္းထြန္း ေမာင္(ဘ)ဦးမဲတုတ္ရွည္၊ ဦးသန္းေ႐ႊေမာင္ (ဘ)ဦးလွစံေမာင္ႏွင့္ ေဒၚမရွည္(ဘ)ဦးစိုး လွေမာင္တို႔ေလးဦးအား မသကၤာဖြယ္  အရက္ ၅ ဂါလန္ဆံ့ ၁၃ ပုံး၊ ဒီဇယ္ ၅ ဂါလန္ဆံ့ တစ္ပုံး၊ ထင္း ၅ ေပခန႔္ ၁၂၀ေခ်ာင္း၊ ဆား ၁၀ ပိႆာ ခန႔္တို႔ ႏွင့္အတူ ထိန္းသိမ္း ရမိခဲ့သည္။

ထိန္းသိမ္း ရမိသူမ်ားအား ေက်ာက္ေတာ္ ၿမိဳ႕ရွိ နယ္ေျမခံတပ္သို႔ မတ္ ၂၄ ရက္တြင္ ပို႔ေဆာင္၍ အေသးစိတ္ စစ္ေဆးခဲ့ရာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ မာလာေက်း႐ြာ (ရခိုင္)ႏွင့္  မာလာ ေက်း႐ြာ(ၿမိဳ)၊  ဒတ္ျဖဴ ေက်း႐ြာမ်ားသို႔ ၂၀၁၉ ခုႏွစ္၊ ေအာက္တို ဘာလႏွင့္ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလတို႔ တြင္ လာေရာက္ ခဲ့ၿပီး ေက်း႐ြာသူ၊ ေက်း႐ြာ သားမ်ားအား  စုစည္း၍  အစည္းအေဝး ျပဳလုပ္ကာ ဆက္ေၾကးေငြမ်ားႏွင့္ ရိကၡာမ်ား ေပးေဆာင္ရန္  ေျပာၾကားၿပီး ဦးသန္း ေ႐ႊေမာင္အား ၎ဆက္ေၾကးေငြႏွင့္ ရိကၡာမ်ားကို စုစည္း ပို႔ေဆာင္ရန္ႏွင့္ AA အၾကမ္း ဖက္ေသာင္းက်န္းသူမ်ား လိုအပ္သည့္ စားနပ္ ရိကၡာ မ်ားကိုပါ ပို႔ေဆာင္ရန္    ေစခိုင္းခဲ့ ေၾကာင္း၊ ထို႔ေၾကာင့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားထံသို႔  လိုအပ္သည့္ ရိကၡာ ႏွင့္ ပစၥည္းမ်ား ပို႔ေဆာင္စဥ္ ယခုကဲ့သို႔ ဖမ္းဆီး ခံရျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အထကၸါ AA အၾကမ္းဖက္ေသာင္း က်န္းသူမ်ားႏွင့္ ပတ္သက္ဆက္ႏႊယ္သူ ဦးသန္းေ႐ႊေမာင္ႏွင့္ မသကၤာဖြယ္သူ သုံးဦးကို အေသးစိတ္ ထပ္မံစစ္ေဆးရန္ ထိန္းသိမ္း ထားစဥ္ ဦးသန္းေ႐ႊေမာင္သည္ မတ္ ၂၈ ရက္ နံနက္ ၂ နာရီခြဲခန႔္တြင္ အေဆာက္အအုံ နံရံအား မိမိကိုယ္မိမိ ဦးေခါင္းေနာက္ ေစ့ျဖင့္ ၁၅ ခ်က္ခန႔္ေဆာင့္ခဲ့ၿပီး  နံနက္ ၆ နာရီခြဲခန႔္တြင္ ႐ုတ္တရက္ အသက္ရႉသံျပင္းကာ ႐ုန္းကန္ေနသျဖင့္ နယ္ေျမခံေဆး တပ္မွ ေဆးမႉးႏွင့္ တာဝန္ရွိသူမ်ားက လိုအပ္ ေသာ ေဆးကုသမႈမ်ား ေဆာင္႐ြက္ေပးစဥ္ ႐ုတ္တရက္ ႏွလုံးရပ္တန႔္၍ ေသဆုံးသြား ခဲ့ေၾကာင္းႏွင့္ ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ ဆက္ႏႊယ္သူႏွင့္ မသကၤာဖြယ္သူမ်ား ကို လုပ္ထုံးလုပ္နည္းႏွင့္အညီ ဆက္လက္ ေဆာင္႐ြက္ႏိုင္ေရး သက္ဆိုင္ရာသို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါ ကုလားတန္ျမစ္ေၾကာင္းတစ္ ေလွ်ာက္ရွိ တင္းမ၊ မီးဝ၊ ႏွမဒါ စသည့္ ေက်း႐ြာမ်ားသည္ AA အၾကမ္းဖက္ ေသာင္း က်န္းသူမ်ား၏ အမာခံေက်း႐ြာမ်ားျဖစ္ၿပီး ၎တို႔အဖြဲ႕မ်ား အမ်ားဆုံး လႈပ္ရွားသြားလာ သည့္ ေဒသတစ္ခု ျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္လည္း မၾကာခဏ တိုက္ပြဲမ်ားျဖစ္ပြားသည့္ ေနရာေဒသ တစ္ခု ျဖစ္သည့္ အျပင္ ကုလားတန္ျမစ္ေၾကာင္း အတိုင္းသြားလာသည့္ တပ္မေတာ္မွ ေရယာဥ္မ်ားႏွင့္ အရပ္ဘက္ ေရယာဥ္ မ်ားကို လည္း မၾကာခဏ ေႏွာင့္ယွက္ပစ္ခတ္ တိုက္ခိုက္သည့္   ေနရာေဒသတစ္ခုျဖစ္သည္။

ထို႔ျပင္ ၎တို႔ ေကာက္ခံထားသည့္ ဆက္ေၾကးေငြႏွင့္ ရိကၡာ ပစၥည္းမ်ားကို ပို႔ေဆာင္လ်က္ရွိသည့္ လမ္းေၾကာင္း တစ္ခုျဖစ္ၿပီး  ေဖေဖာ္ဝါရီလ ၂၆ ရက္တြင္ အရက္ပုံးမ်ား၊ ဆန္အိတ္မ်ားႏွင့္ ေဆးပစၥည္းမ်ား သယ္ေဆာင္ လာသည့္ စက္ေလွ တစ္စင္းကိုလည္း ဖမ္းဆီး ရမိခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ ထံသို့ ရိက္ခာ ပို့ဆောင်သည့် စက်လှေတစ်စင်း ဖမ်းဆီးရမိ

နေပြည်တော်  မတ်  ၂၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အတွင်း   လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၂၂ ရက် နံနက် ၉နာရီခွဲခန့်တွင် ကုလားတန်မြစ်ကြောင်း အတိုင်း မာလာကျေးရွာဘက်မှ ဒတ်ဖြူ ကျေးရွာဘက်သို့    မောင်းနှင် လာသော မသင်္ကာဖွယ် စက်လှေတစ်စင်းကို တွေ့ရှိရ သဖြင့် စစ်ဆေးရန် သွားရောက်ခဲ့ရာ စက် လှေသည် အနောက်သို့ မောင်းနှင် ထွက်ပြေး သွားခဲ့ပြီး ရပ်တန့်ရန်ပြောဆိုခဲ့သော်လည်း ဆက်လက်မောင်းနှင် ထွက်ပြေး သွားသော ကြောင့် လက်နက်ငယ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ တင်းမကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ၌ ရပ်တန့်သွားခဲ့သည်။ အဆိုပါစက်လှေအား စစ်ဆေးစဉ် ဦးမဲတုတ်ရှည်(ဘ)ဦးမောင်ဖြူ၊ ဦးသန်းထွန်း မောင်(ဘ)ဦးမဲတုတ်ရှည်၊ ဦးသန်းရွှေမောင် (ဘ)ဦးလှစံမောင်နှင့် ဒေါ်မရှည်(ဘ)ဦးစိုး လှမောင်တို့လေးဦးအား မသင်္ကာဖွယ်  အရက် ၅ ဂါလန်ဆံ့ ၁၃ ပုံး၊ ဒီဇယ် ၅ ဂါလန်ဆံ့ တစ်ပုံး၊ ထင်း ၅ ပေခန့် ၁၂၀ချောင်း၊ ဆား ၁၀ ပိဿာ ခန့်တို့ နှင့်အတူ ထိန်းသိမ်း ရမိခဲ့သည်။

ထိန်းသိမ်း ရမိသူများအား ကျောက်တော် မြို့ရှိ နယ်မြေခံတပ်သို့ မတ် ၂၄ ရက်တွင် ပို့ဆောင်၍ အသေးစိတ် စစ်ဆေးခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများသည် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာ (ရခိုင်)နှင့်  မာလာ ကျေးရွာ(မြို)၊  ဒတ်ဖြူ ကျေးရွာများသို့ ၂၀၁၉ ခုနှစ်၊ အောက်တို ဘာလနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတို့ တွင် လာရောက် ခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာ သားများအား  စုစည်း၍  အစည်းအဝေး ပြုလုပ်ကာ ဆက်ကြေးငွေများနှင့် ရိကၡာများ ပေးဆောင်ရန်  ပြောကြားပြီး ဦးသန်း ရွှေမောင်အား ၎င်းဆက်ကြေးငွေနှင့် ရိကၡာများကို စုစည်း ပို့ဆောင်ရန်နှင့် AA အကြမ်း ဖက်သောင်းကျန်းသူများ လိုအပ်သည့် စားနပ် ရိကၡာ များကိုပါ ပို့ဆောင်ရန်    စေခိုင်းခဲ့ ကြောင်း၊ ထို့ကြောင့် AA အကြမ်းဖက် သောင်းကျန်းသူများထံသို့  လိုအပ်သည့် ရိကၡာ နှင့် ပစၥည်းများ ပို့ဆောင်စဉ် ယခုကဲ့သို့ ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အထက္ပါ AA အကြမ်းဖက်သောင်း ကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူ ဦးသန်းရွှေမောင်နှင့် မသင်္ကာဖွယ်သူ သုံးဦးကို အသေးစိတ် ထပ်မံစစ်ဆေးရန် ထိန်းသိမ်း ထားစဉ် ဦးသန်းရွှေမောင်သည် မတ် ၂၈ ရက် နံနက် ၂ နာရီခွဲခန့်တွင် အဆောက်အအုံ နံရံအား မိမိကိုယ်မိမိ ဦးခေါင်းနောက် စေ့ဖြင့် ၁၅ ချက်ခန့်ဆောင့်ခဲ့ပြီး  နံနက် ၆ နာရီခွဲခန့်တွင် ရုတ်တရက် အသက်ရှူသံပြင်းကာ ရုန်းကန်နေသဖြင့် နယ်မြေခံဆေး တပ်မှ ဆေးမှူးနှင့် တာဝန်ရှိသူများက လိုအပ် သော ဆေးကုသမှုများ ဆောင်ရွက်ပေးစဉ် ရုတ်တရက် နှလုံးရပ်တန့်၍ သေဆုံးသွား ခဲ့ကြောင်းနှင့် သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွှယ်သူနှင့် မသင်္ကာဖွယ်သူများ ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကုလားတန်မြစ်ကြောင်းတစ် လျှောက်ရှိ တင်းမ၊ မီးဝ၊ နှမဒါ စသည့် ကျေးရွာများသည် AA အကြမ်းဖက် သောင်း ကျန်းသူများ၏ အမာခံကျေးရွာများဖြစ်ပြီး ၎င်းတို့အဖွဲ့များ အများဆုံး လှုပ်ရှားသွားလာ သည့် ဒေသတစ်ခု ဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများနှင့်လည်း မကြာခဏ တိုက်ပွဲများဖြစ်ပွားသည့် နေရာဒေသ တစ်ခု ဖြစ်သည့် အပြင် ကုလားတန်မြစ်ကြောင်း အတိုင်းသွားလာသည့် တပ်မတော်မှ ရေယာဉ်များနှင့် အရပ်ဘက် ရေယာဉ် များကို လည်း မကြာခဏ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်သည့်   နေရာဒေသတစ်ခုဖြစ်သည်။

ထို့ပြင် ၎င်းတို့ ကောက်ခံထားသည့် ဆက်ကြေးငွေနှင့် ရိကၡာ ပစၥည်းများကို ပို့ဆောင်လျက်ရှိသည့် လမ်းကြောင်း တစ်ခုဖြစ်ပြီး  ဖေဖော်ဝါရီလ ၂၆ ရက်တွင် အရက်ပုံးများ၊ ဆန်အိတ်များနှင့် ဆေးပစၥည်းများ သယ်ဆောင် လာသည့် စက်လှေ တစ်စင်းကိုလည်း ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။     

 

   

Recent News