ေကာင္းခါးျပည္သူ႔စစ္(ဌာေန)အဖြဲ႕မွ တပ္မေတာ္သို႔လက္နက္၊ ခဲယမ္းမ်ား အပ္ႏွံၿပီးစီးမႈ

ေကာင္းခါးျပည္သူ႔စစ္(ဌာေန)အဖြဲ႕မွ တပ္မေတာ္သို႔လက္နက္၊ ခဲယမ္းမ်ား အပ္ႏွံၿပီးစီးမႈ

ေနျပည္ေတာ္၊ မတ္ - ၃၀

        ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္၀ါရီလ ၂၈ ရက္မွ မတ္လ ၂၆ ရက္အထိ ရွမ္းျပည္နယ္ (ေျမာက္ပုိင္း)၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ လြယ္ခမ္ေက်းရြာႏွင့္ အနီးတစ္၀ုိက္မွ မူးယစ္ ေဆး၀ါးမ်ား၊ ဆက္စပ္ပစၥည္း အေျမာက္အျမားႏွင့္ တရားမ၀င္ လက္နက္၊ ခဲယမ္းမ်ား ေဖာ္ထုတ္ဖမ္းဆီးရမိျခင္း၊ ယင္းႏွင့္ဆက္စပ္၍ ေကာင္းခါးျပည္သူ႕စစ္(ဌာေန)အဖြဲ႕မွ တပ္မေတာ္သုိ႕ ၎တုိ႕ ကုိင္ေဆာင္သည့္ လက္နက္၊ ခဲယမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ား အပ္ႏွံျခင္းသတင္းအား မတ္လ ၂၇ ရက္ေန႕ ျမ၀တီ႐ုပ္ျမင္သံၾကားသတင္း၊ မတ္လ ၂၈ ရက္ထုတ္ ျမ၀တီသတင္းစာတြင္ သတင္းေဖာ္ျပခဲ့ၿပီး၊ မတ္လ ၂၈ ရက္ေန႕တြင္ ျပဳလုပ္ေသာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ သတင္းစာရွင္းလင္းပြဲတြင္ လည္း ထည့္သြင္းရွင္းလင္းေဖာ္ျပခဲ့ၿပီးျဖစ္ပါသည္။

        ထိုသို႔ ေကာင္းခါးျပည္သူ႕စစ္(ဌာေန)အဖြဲ႕မွ တပ္မေတာ္သို႔ လက္နက္၊ခဲယမ္းမ်ား အပ္ႏွံရာ၌ မတ္ ၂၉ ရက္ေန႕တြင္ လက္နက္မ်ဳိးစုံ ၁၂ လက္ ထပ္မံအပ္ႏွံခဲ့သည့္အတြက္ စုစုေပါင္းလက္နက္မ်ဳိးစုံ ၁၈၅၈ လက္၊ က်ည္မ်ဳိးစုံ ၅၀၈၉၃၇ ေတာင့္၊ ဗုံးသီး၊ ဒုံးသီးမ်ဳိးစုံ ၂၁၉၇ လုံး၊ လက္ပစ္ဗုံး ၁၀၉၅ လုံး၊ မုိင္း ၂၉ လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ား အပ္ႏွံၿပီး ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ တပ်မတော်သို့လက်နက်၊ ခဲယမ်းများ အပ်နှံပြီးစီးမှု

နေပြည်တော်၊ မတ် - ၃၀

        ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂၆ ရက်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာနှင့် အနီးတစ်ဝိုက်မှ မူးယစ် ဆေးဝါးများ၊ ဆက်စပ်ပစ္စည်း အမြောက်အမြားနှင့် တရားမဝင် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခြင်း၊ ယင်းနှင့်ဆက်စပ်၍ ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့မှ တပ်မတော်သို့ ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ အပ်နှံခြင်းသတင်းအား မတ်လ ၂၇ ရက်နေ့ မြဝတီရုပ်မြင်သံကြားသတင်း၊ မတ်လ ၂၈ ရက်ထုတ် မြဝတီသတင်းစာတွင် သတင်းဖော်ပြခဲ့ပြီး၊ မတ်လ ၂၈ ရက်နေ့တွင် ပြုလုပ်သော တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် လည်း ထည့်သွင်းရှင်းလင်းဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

        ထိုသို့ ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ တပ်မတော်သို့ လက်နက်၊ ခဲယမ်းများ အပ်နှံရာ၌ မတ် ၂၉ ရက်နေ့တွင် လက်နက်မျိုးစုံ ၁၂ လက် ထပ်မံ အပ်နှံခဲ့သည့်အတွက် စုစုပေါင်းလက်နက်မျိုးစုံ ၁၈၅၈ လက်၊ ကျည်မျိုးစုံ ၅၀၈၉၃၇ တောင့်၊ ဗုံးသီး၊ ဒုံးသီးမျိုးစုံ ၂၁၉၇ လုံး၊ လက်ပစ်ဗုံး ၁၀၉၅ လုံး၊ မိုင်း ၂၉ လုံးနှင့် ဆက်စပ်ပစ္စည်းများ အပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News