ေမာင္ေတာၿမိဳ႕နယ္၊ ခေမာင္းဆိပ္- ေအာင္ဇူ ကားလမ္းေဘး၌ မိုင္းတစ္လုံး ေပါက္ကြဲမႈေၾကာင့္ ေဒသခံျပည္သူႏွစ္ဦး ေသဆုံး၊ သုံးဦးဒဏ္ရာရရွိ

 

ေမာင္ေတာၿမိဳ႕နယ္၊ ခေမာင္းဆိပ္- ေအာင္ဇူ ကားလမ္းေဘး၌ မိုင္းတစ္လုံး ေပါက္ကြဲမႈေၾကာင့္ ေဒသခံျပည္သူႏွစ္ဦး ေသဆုံး၊ သုံးဦးဒဏ္ရာရရွိ

ေနျပည္ေတာ္  မတ္  ၃၀

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ခေမာင္းဆိပ္ေက်း႐ြာႏွင့္  မဂၤလာၫြန႔္ေက်း႐ြာေန ဒိုင္းနက္လူမ်ိဳး ႐ြာသား ၁၂  ဦးသည္  ယေန႔နံနက္  ၈ နာရီခန႔္တြင္ အမဲလိုက္ရန္ ခေမာင္းဆိပ္ေက်း႐ြာမွ ေမာ္ေတာ္ဆိုင္ကယ္ေလးစီးျဖင့္ ထြက္ခြာခဲ့ရာ ခေမာင္းဆိပ္-ေအာင္ဇူကားလမ္းေဘး၌ ေမာ္ေတာ္ဆိုင္ကယ္မ်ားကိုရပ္တန႔္၍ လမ္းေလွ်ာက္သြားစဥ္ လႈိင္သီေခ်ာင္း တံတားႏွင့္ ေပ ၂၀ ခန႔္အကြာသို႔အေရာက္၌ မိုင္းတစ္လုံးေပါက္ကြဲခဲ့သျဖင့္ ႐ြာသားႏွစ္ဦးေသဆုံးၿပီး   သုံးဦးမိုင္းစ ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့သည္။

၎မိုင္းထိလူနာမ်ားသည္ ခေမာင္းဆိပ္ေက်း႐ြာရွိ နယ္ေျမခံတပ္သို႔ေရာက္ရွိလာရာ တပ္မေတာ္သားမ်ားက   လိုအပ္ သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္႐ြက္ေပးၿပီး  ေမာင္ေတာၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈခံယူ ေစခဲ့သည္။ အဆိုပါ ေနရာ တစ္ဝိုက္အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ရွာေဖြစစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ မိုင္း ေပါက္ကြဲသည့္ ေနရာတစ္ဝိုက္၌ အက်ယ္  ၁၀ ေပ၊ အနက္ ၈ ေပခန႔္ရွိ က်င္းတစ္က်င္း၊ အရွည္ေပ ၅၀ ခန႔္ရွိ ဝိုင္ယာ ႀကိဳး တစ္ေခ်ာင္း၊  တံတားေအာက္မွ  က်ည္ခြံ သုံးခု၊ က်ည္တစ္ေတာင့္ႏွင့္ မီးေလာင္ထားေသာ ဆိုင္ကယ္ ေလးစီး တို႔ကို ေတြ႕ရွိရၿပီး နယ္ေျမလုံၿခဳံေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မောင်တောမြို့နယ်၊ ခမောင်းဆိပ်- အောင်ဇူ ကားလမ်းဘေး၌ မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူနှစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရရှိ

နေပြည်တော်  မတ်  ၃၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာနှင့်  မင်္ဂလာညွန့်ကျေးရွာနေ ဒိုင်းနက်လူမျိုး ရွာသား ၁၂  ဦးသည်  ယနေ့နံနက်  ၈ နာရီခန့်တွင် အမဲလိုက်ရန် ခမောင်းဆိပ်ကျေးရွာမှ မော်တော်ဆိုင်ကယ်လေးစီးဖြင့် ထွက်ခွာခဲ့ရာ ခမောင်းဆိပ်-အောင်ဇူကားလမ်းဘေး၌ မော်တော်ဆိုင်ကယ်များကိုရပ်တန့်၍ လမ်းလျှောက်သွားစဉ် လှိုင်သီချောင်း တံတားနှင့် ပေ ၂၀ ခန့်အကွာသို့အရောက်၌ မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရွာသားနှစ်ဦးသေဆုံးပြီး   သုံးဦးမိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

၎င်းမိုင်းထိလူနာများသည် ခမောင်းဆိပ်ကျေးရွာရှိ နယ်မြေခံတပ်သို့ရောက်ရှိလာရာ တပ်မတော်သားများက   လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး  မောင်တောမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူ စေခဲ့သည်။ အဆိုပါ နေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုင်း ပေါက်ကွဲသည့် နေရာတစ်ဝိုက်၌ အကျယ်  ၁၀ ပေ၊ အနက် ၈ ပေခန့်ရှိ ကျင်းတစ်ကျင်း၊ အရှည်ပေ ၅၀ ခန့်ရှိ ဝိုင်ယာ ကြိုး တစ်ချောင်း၊  တံတားအောက်မှ  ကျည်ခွံ သုံးခု၊ ကျည်တစ်တောင့်နှင့် မီးလောင်ထားသော ဆိုင်ကယ် လေးစီး တို့ကို တွေ့ရှိရပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Recent News