KIA အဖြဲ႕မွေထာင္ထားသည့္ တိုက္မိုင္းတစ္လုံးတိုက္မိ ေပါက္ကြဲခဲ့သျဖင့္ ေဒသခံျပည္သူႏွစ္ဦး မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိ

KIA အဖြဲ႕မွေထာင္ထားသည့္ တိုက္မိုင္းတစ္လုံးတိုက္မိ ေပါက္ကြဲခဲ့သျဖင့္ ေဒသခံျပည္သူႏွစ္ဦး မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိ

ေနျပည္ေတာ္  မတ္  ၃ဝ

ကခ်င္ျပည္နယ္၊ ေဒါ့ဖုန္းယန္ၿမိဳ႕၊ ဒိန္ဂါေက်း႐ြာေန ဦးဘရန္ေရွာင္(ဘ)ဦးမရန္လေဘာက္ႏွင့္ သားျဖစ္သူ ဦးေနာ္ထြဲတို႔ႏွစ္ဦးသည္ မတ္ ၂၉ ရက္ နံနက္ ၈ နာရီခန႔္တြင္ ထင္းေခြရန္ ေက်း႐ြာမွ ထြက္ခြာခဲ့ရာ ေက်း႐ြာ၏ အေရွ႕ေျမာက္ဘက္ ၂ မိုင္ခြဲခန႔္အကြာသို႔ အေရာက္၌ KIA အဖြဲ႕မွေထာင္ထားေသာ တိုက္မိုင္းတစ္လုံးအား ဦးဘရန္ေရွာင္မွ တိုက္မိေပါက္ကြဲခဲ့သျဖင့္ ၎တို႔ႏွစ္ဦးတြင္ မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့သည္။

အဆိုပါ မိုင္းထိလူနာႏွစ္ဦးအား ဗန္းေမာ္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္၍ ေဆးကုသမႈ ခံယူလ်က္ ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

KIA အဖွဲ့မှထောင်ထားသည့် တိုက်မိုင်းတစ်လုံးတိုက်မိ ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူနှစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ

နေပြည်တော်  မတ်  ၃ဝ

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့၊ ဒိန်ဂါကျေးရွာနေ ဦးဘရန်ရှောင်(ဘ)ဦးမရန်လဘောက်နှင့် သားဖြစ်သူ ဦးနော်ထွဲတို့နှစ်ဦးသည် မတ် ၂၉ ရက် နံနက် ၈ နာရီခန့်တွင် ထင်းခွေရန် ကျေးရွာမှ ထွက်ခွာခဲ့ရာ ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာသို့ အရောက်၌ KIA အဖွဲ့မှထောင်ထားသော တိုက်မိုင်းတစ်လုံးအား ဦးဘရန်ရှောင်မှ တိုက်မိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းထိလူနာနှစ်ဦးအား ဗန်းမော်ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

 

Recent News