

နေပြည်တော် မတ် ၃၁ 

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၌ တာဝန် ထမ်းဆောင်လျက်ရှိသည့် တာဝန်ရှိသူများနှင့် ကျန်းမာရေး ဝန်ထမ်းများအား ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက် တွေ့ဆုံသည်။ 

 

ဦးစွာ တိုင်းမှူးက ကျန်းမာရေး ဝန်ထမ်းများအား အားပေးစကား ပြောကြားပြီးCOVID-19 ရောဂါနှင့် ပတ်သက်၍ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဆောင်ရွက်နေသည့် အခြေအနေများ၊Quarantine ပြုလုပ်ရန် တပ်မတော်က ကူညီဆောင်ရွက်ထားရှိမှုများအားရှင်းလင်းပြောကြားကာ ၎င်းဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအတွက် Personal Protective Equipment (PPE) ဝတ်စုံ ၁ဝဝ စုံ၊N 95 Mask Cover ၁ဝဝ ခုတို့အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ 

 

ထို့ပြင် ကျန်းမာရေး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာ ကြက်ဥ ၆ဝ လုံး၊ ဒိန်ချဉ် ၆ဝ ဘူး၊ နေပြည်တော်သောက်ရေသန့် ၆ဝ ဘူး၊ ရွှေဖီဦးတီးမစ် ၆ဝ ထုပ်၊ နန်းမြိုင်ကော်ဖီမစ် ၆ဝ ထုပ်တို့ကို တိုင်းစစ်ဌာနချုပ်က စနစ်တကျ ထုပ်ပိုး၍ နေ့စဉ်ပေးပို့ လှူဒါန်းလျက် ရှိကြောင်း သတင်း ရရှိသည်။       

 

(Unicode Version)

 

ဒဂုံမြို့နယ်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာန၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနရှိ ကျန်းမာရေး ဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ် 





Recent News