ဘုတ္ျပင္းၿမိဳွ႕ရွိ ျပည္သူ့ေဆး႐ံု၌ တာဝန္ထမ္းေဆာင္ေနေသာ က်န္းမာေရး ဝန္ထမ္းမ်ားအား စားေသာက္ ဖြယ္ရာမ်ား ေပးအပ္ 

ဘုတ္ျပင္းၿမိဳွ႕ရွိ ျပည္သူ့ေဆး႐ံု၌ တာဝန္ထမ္းေဆာင္ေနေသာ က်န္းမာေရး ဝန္ထမ္းမ်ားအား စားေသာက္ ဖြယ္ရာမ်ား ေပးအပ္ 
ေနျပည္ေတာ္ မတ္ ၃၁ 
တနသၤာရီတိုင္းေဒသႀကီး၊ ဘုတ္ျပင္းၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံ၌ တာဝန္ထမ္းေဆာင္ေနေသာ က်န္းမာေရး ဝန္ထမ္းမ်ားအား ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ေသာင္းထိုက္ေ႐ႊ ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ ေတြ႕ဆုံ၍ COVID-19 ေရာဂါ ကာကြယ္ေရးႏွင့္ ပတ္သက္၍ ေဆာင္႐ြက္ရမည့္ အေျခအေနမ်ားအား ေမးျမန္းေဆြးေႏြးၿပီး တပ္မေတာ္က ကူညီေဆာင္႐ြက္ေပးႏိုင္မည့္ အေျခအေနမ်ားအား ေျပာၾကားသည္။ ထို႔ေနာက္ က်န္းမာေရး ဝန္ထမ္းမ်ားအား အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ ရာမ်ား ေပးအပ္သည္။ ဘုတ္ျပင္းၿမိဳ႕နယ္အတြင္း COVID-19 ေရာဂါျဖစ္ပြားမႈ မရွိေၾကာင္း၊ Home Quarantine ၁ဝ၄ ဦးႏွင့္ Facility Quarantine ၁၂ ဦးရွိေၾကာင္းႏွင့္ ၎တို႔၏ က်န္းမာေရး အေျခအေန ေကာင္းမြန္ လ်က္ရွိေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version)

 ဘုတ်ပြင်းမြိုှ့ရှိ ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများအား စားသောက် ဖွယ်ရာများ ပေးအပ် 

နေပြည်တော် မတ် ၃၁ 
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ရှိ ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ နှင့် အဖွဲ့ဝင်များက သွားရောက် တွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အခြေအနေများအား မေးမြန်းဆွေးနွေးပြီး တပ်မတော်က ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ပြောကြားသည်။ ထို့နောက် ကျန်းမာရေး ဝန်ထမ်းများအား အားပေးစကားပြောကြားပြီး စားသောက်ဖွယ် ရာများ ပေးအပ်သည်။ ဘုတ်ပြင်းမြို့နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု မရှိကြောင်း၊ Home Quarantine ၁ဝ၄ ဦးနှင့် Facility Quarantine ၁၂ ဦးရှိကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေး အခြေအနေ ကောင်းမွန် လျက်ရှိကြောင်း သတင်း ရရှိသည်။ 

Recent News