

နေပြည်တော် မတ် ၃၁ 

  

 

(Unicode Version)

 

ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာရှိ KM Bealthcare Myanmar Co.,Ltd.မှ ခွဲစိတ်ခန်းသုံး ဝတ်စုံများ တပ်မတော် သို့ပေးအပ်လှူဒါန်း 

နေပြည်တော် မတ် ၃၁ 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာရှိ KM Bealthcare Myan-mar Co.,Ltd. (ခွဲစိတ်ခန်းသုံး ကျန်းမာရေး ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီ)မှ တပ်မတော်သားများ အသုံးပြုရန်အတွက် ခွဲစိတ်ခန်းသုံး ဝတ်စုံများ လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ပဲခူးမြို့၊ နယ်မြေခံ တပ်နယ်ခန်းမ၌ ပြုလုပ်သည်။ ထိုသို့လှူဒါန်းရာတွင် KM Bealthcare Myanmar Co.,Ltd. မှ မန်းနေးဂျင်း ဒါရိုက်တာ Mr.Lee Dea Chun က ခွဲစိတ်ခန်းသုံး ဝတ်စုံ(ခေါင်းစွပ်အပါ) ၃ဝဝဝ စုံကို ပေးအပ် လှူဒါန်းရာ နယ်မြေခံတပ်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။ 

 

Recent News