ရန္ကုန္ၿမိဳ႕ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ Coronavirus Disease 2019(COVID-19) ေရာဂါႀကိဳတင္ ကာကြယ္ထိန္းခ်ဳပ္ရန္ သီးသန႔္ေစာင့္ၾကည့္ရမည့္သူမ်ားအား လက္ခံ၍ က်န္းမာေရး ေစာင့္ေရွာက္ေပးလ်က္ရွိ 

ရန္ကုန္ၿမိဳ႕ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ Coronavirus Disease 2019(COVID-19) ေရာဂါႀကိဳတင္ ကာကြယ္ထိန္းခ်ဳပ္ရန္ သီးသန႔္ေစာင့္ၾကည့္ရမည့္သူမ်ားအား လက္ခံ၍ က်န္းမာေရး ေစာင့္ေရွာက္ေပးလ်က္ရွိ 

ေနျပည္ေတာ္ မတ္ ၃၁ 

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ Coronavirus Disease 2019(COVID-19)ေရာဂါႀကိဳတင္ ကာကြယ္ထိန္းခ်ဳပ္ရန္ သီးသန႔္ ေစာင့္ၾကည့္ရမည့္သူမ်ားအား လက္ခံ၍ က်န္းမာေရး ေစာင့္ေရွာက္ေပးႏိုင္ရန္ အတြက္ ယေန႔နံနက္ပိုင္းတြင္ အေဆာင္မ်ားအား ေဆးသုတ္ျခင္း၊ ေဆးဖ်န္းျခင္းႏွင့္ သန႔္ရွင္းေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ၿပီး ညေနပိုင္းတြင္ စတင္လက္ခံခဲ့သည္။ ထိုသို႔လက္ခံခဲ့ရာတြင္ ယေန႔ည ၁ဝ နာရီခ်ိန္ထိ တ႐ုတ္ႏိုင္ငံမွ ျပန္လည္ ေရာက္ရွိလာသူ အမ်ိဳးသားေလးဦး၊ အမ်ိဳးသမီး ႏွစ္ဦး၊ ထိုင္းႏိုင္ငံမွ ျပန္လည္ေရာက္ရွိလာသူ အမ်ိဳးသား ၂ဝ ဦး၊ အမ်ိဳးသမီးတစ္ဦး၊ ျမဝတီမွျပန္လည္ေရာက္ရွိလာသူ အမ်ိဳးသား ၁၉ ဦး၊ အမ်ိဳးသမီးတစ္ဦး၊ စုစုေပါင္း ၄၇ ဦး တို႔ကို ယေန႔တြင္ ေစာင့္ၾကည့္လူနာအျဖစ္ လက္ခံခဲ့ၿပီး ၎လူနာမ်ား၏ ေနထိုင္စားေသာက္ေရးႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားအား ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္၊ နယ္ေျမခံေဆးကုသေရး အဖြဲ႕ႏွင့္ တာဝန္ရွိသူမ်ားက ကူညီ ေဆာင္႐ြက္ေပးလ်က္ ရွိသည္။ အဆိုပါစစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ COVID-19 ေရာဂါႀကိဳတင္ ကာကြယ္ထိန္းခ်ဳပ္ ကုသရန္ သီးျခားေစာင့္ၾကည့္ ကုသရမည့္သူ ၂ဝဝဝ ဦး ေနထိုင္ႏိုင္ရန္အတြက္ ျပင္ဆင္ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သတင္း ရရွိသည္။            

(Unicode Version)

 

ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် Coronavirus Disease 2019(COVID-19) ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော် မတ် ၃၁ 

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် Coronavirus Disease 2019(COVID-19)ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့်ရမည့်သူများအား လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရန် အတွက် ယနေ့နံနက်ပိုင်းတွင် အဆောင်များအား ဆေးသုတ်ခြင်း၊ ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းတွင် စတင်လက်ခံခဲ့သည်။ ထိုသို့လက်ခံခဲ့ရာတွင် ယနေ့ည ၁ဝ နာရီချိန်ထိ တရုတ်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ အမျိုးသားလေးဦး၊ အမျိုးသမီး နှစ်ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၂ဝ ဦး၊ အမျိုးသမီးတစ်ဦး၊ မြဝတီမှပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၉ ဦး၊ အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ၄၇ ဦး တို့ကို ယနေ့တွင် စောင့်ကြည့်လူနာအဖြစ် လက်ခံခဲ့ပြီး ၎င်းလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့နှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။ အဆိုပါစစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ် ကုသရန် သီးခြားစောင့်ကြည့် ကုသရမည့်သူ ၂ဝဝဝ ဦး နေထိုင်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။            

Recent News