ေကာင္းခါး ျပည္သူ႔စစ္(ဌာေန) အဖြဲ႕မွ တပ္မေတာ္သို႔ လက္နက္၊ ခဲယမ္းမ်ား ထပ္မံအပ္ႏွံ

 

ေကာင္းခါး ျပည္သူ႔စစ္(ဌာေန) အဖြဲ႕မွ တပ္မေတာ္သို႔ လက္နက္၊ ခဲယမ္းမ်ား ထပ္မံအပ္ႏွံ

ေနျပည္ေတာ္   ဧၿပီ  ၁

၂ဝ၁၈ ခုႏွစ္၊ ၂ဝ၁၉ ခုႏွစ္၊ ၂ဝ၂ဝ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလႏွင့္ မတ္လအတြင္း ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ကြတ္ခိုင္ၿမိဳ႕ နယ္၊ ေကာင္းခါး၊ လြယ္ခမ္ေက်း႐ြာမ်ားႏွင့္ အနီးတစ္ဝိုက္မွ မူးယစ္ေဆးဝါးမ်ား၊ ဆက္စပ္ပစၥည္း အေျမာက္အျမားႏွင့္ တရားမဝင္    လက္နက္၊ ခဲယမ္းမ်ားေဖာ္ထုတ္ ဖမ္းဆီးရမိျခင္း၊  ယင္းႏွင့္ဆက္စပ္၍ ေကာင္းခါးျပည္သူ႔စစ္ (ဌာေန)အဖြဲ႕မွ တပ္မေတာ္သို႔ ၎တို႔ ကိုင္ေဆာင္သည့္   လက္နက္၊ ခဲယမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ား အပ္ႏွံျခင္းသတင္းအား မတ္လ ၂၇ ရက္ေန႔ ျမဝတီ႐ုပ္ျမင္သံၾကားသတင္း၊ မတ္လ ၂၈ ရက္ႏွင့္  ၃၁ ရက္ထုတ္ ျမဝတီသတင္းစာတြင္ သတင္းေဖာ္ျပခဲ့ၿပီး  မတ္လ ၂၈ ရက္ေန႔တြင္ျပဳလုပ္ေသာတပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ သတင္းစာ ရွင္းလင္းပြဲတြင္လည္း ထည့္သြင္း ရွင္းလင္းေဖာ္ျပခဲ့ၿပီးျဖစ္သည္။

မတ္လ ၃၁ ရက္ေန႔ႏွင့္  ယေန႔တို႔တြင္ ေကာင္းခါးျပည္သူ႔စစ္ (ဌာေန)အဖြဲ႕မွ တပ္မေတာ္သို႔ လက္နက္မ်ိဳးစုံ ၄၈ လက္ ထပ္မံ အပ္ႏွံခဲ့သည့္အတြက္ စုစုေပါင္းလက္နက္မ်ိဳးစုံ  ၁၉ဝ၆ လက္၊ က်ည္မ်ိဳးစုံ ၅၁ဝဝ၆၂ ေတာင့္၊ ဗုံးသီး၊ ဒုံးသီးမ်ိဳးစုံ ၂၁၉၇ လုံး၊ လက္ပစ္ဗုံး ၁၁ဝဝ လုံး၊ မိုင္း ၂၉ လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ား အပ္ႏွံခဲ့ၿပီးျဖစ္သည္။

ေကာင္းခါးျပည္သူ႔စစ္(ဌာေန) အဖြဲ႕ဝင္မ်ား၏ စားေရးလိုအပ္ခ်က္မ်ားႏွင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းႏွင့္ တရားဝင္ စီးပြားေရး လုပ္ငန္းမ်ား ဆက္လက္ လုပ္ကိုင္ ႏိုင္ေရးအတြက္ တပ္မေတာ္မွ လိုအပ္သည္မ်ား   ပံ့ပိုးကူညီ ေဆာင္႐ြက္ေပးလ်က္ ရွိေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ကောင်းခါး ပြည်သူ့စစ်(ဌာနေ) အဖွဲ့မှ တပ်မတော်သို့ လက်နက်၊ ခဲယမ်းများ ထပ်မံအပ်နှံ

နေပြည်တော်   ဧပြီ  ၁

၂ဝ၁၈ ခုနှစ်၊ ၂ဝ၁၉ ခုနှစ်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ နယ်၊ ကောင်းခါး၊ လွယ်ခမ်ကျေးရွာများနှင့် အနီးတစ်ဝိုက်မှ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်း အမြောက်အမြားနှင့် တရားမဝင်    လက်နက်၊ ခဲယမ်းများဖော်ထုတ် ဖမ်းဆီးရမိခြင်း၊  ယင်းနှင့်ဆက်စပ်၍ ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့မှ တပ်မတော်သို့ ၎င်းတို့ ကိုင်ဆောင်သည့်   လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ အပ်နှံခြင်းသတင်းအား မတ်လ ၂၇ ရက်နေ့ မြဝတီရုပ်မြင်သံကြားသတင်း၊ မတ်လ ၂၈ ရက်နှင့်  ၃၁ ရက်ထုတ် မြဝတီသတင်းစာတွင် သတင်းဖော်ပြခဲ့ပြီး  မတ်လ ၂၈ ရက်နေ့တွင်ပြုလုပ်သောတပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ သတင်းစာ ရှင်းလင်းပွဲတွင်လည်း ထည့်သွင်း ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်သည်။

မတ်လ ၃၁ ရက်နေ့နှင့်  ယနေ့တို့တွင် ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့မှ တပ်မတော်သို့ လက်နက်မျိုးစုံ ၄၈ လက် ထပ်မံ အပ်နှံခဲ့သည့်အတွက် စုစုပေါင်းလက်နက်မျိုးစုံ  ၁၉ဝ၆ လက်၊ ကျည်မျိုးစုံ ၅၁ဝဝ၆၂ တောင့်၊ ဗုံးသီး၊ ဒုံးသီးမျိုးစုံ ၂၁၉၇ လုံး၊ လက်ပစ်ဗုံး ၁၁ဝဝ လုံး၊ မိုင်း ၂၉ လုံးနှင့် ဆက်စပ်ပစ္စည်းများ အပ်နှံခဲ့ပြီးဖြစ်သည်။

ကောင်းခါးပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ စားရေးလိုအပ်ချက်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် တရားဝင် စီးပွားရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင် နိုင်ရေးအတွက် တပ်မတော်မှ လိုအပ်သည်များ   ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

Recent News