ကြတ္ခိုင္ၿမိဳ႕နယ္၊ ေကာင္းခါးေက်း႐ြာအနီး မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါး ထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ဆက္စပ္ပစၥည္းမ်ားအား သိမ္းဆည္းရမိ

 

ကြတ္ခိုင္ၿမိဳ႕နယ္၊ ေကာင္းခါးေက်း႐ြာအနီး မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါး ထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ဆက္စပ္ပစၥည္းမ်ားအား သိမ္းဆည္းရမိ

ေနျပည္ေတာ္  ဧၿပီ  ၁

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း လုံၿခဳံေရး ေဆာင္႐ြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္  ယေန႔မြန္းတည့္   ၁၂ နာရီခန႔္တြင္ ေကာင္းခါးေက်း႐ြာ၏ အေရွ႕ဘက္ မီတာ ၁၅ဝဝ ခန႔္အကြာရွိ လွ်ိဳအတြင္းမွ အက်ယ္ ၅ ေပ၊ အနက္ ၅ ေပရွိ ေျမက်င္းအတြင္း ဖုံးအုပ္ထားသည့္ 88/1 စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၂၂၄ဝဝဝဝ ျပား၊ WYစာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၈၂ဝဝဝဝ ျပား၊  ယုန္တံဆိပ္ စိတ္ႂကြ႐ူးသြပ္ ေဆးျပား ၄၄ဝဝဝဝ ျပား၊တံဆိပ္မပါေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁ဝ၄၇ဝဝဝဝ ျပား၊ ဘိန္းျဖဴမႈန႔္ ၂ ကီလိုႏွင့္ Ephedrine  အမႈန႔္ ၂၅ ကီလို (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄၈ ဘီလီယံေက်ာ္)တို႔ကို ေတြ႕ရွိသိမ္းဆည္း ရမိခဲ့သည္။

ယေန႔သိမ္းဆည္းရမိ မူးယစ္ေဆးဝါးမ်ားႏွင့္  မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို  ကြတ္ခိုင္ၿမိဳ႕ရွိ   မူးယစ္တပ္ဖြဲ႕စုသို႔  စနစ္တက် လႊဲေျပာင္း အပ္ႏွံသြားမည္ျဖစ္ေၾကာင္းႏွင့္ ေဖေဖာ္ဝါရီ ၂၈ ရက္မွ ယေန႔ထိ အဆိုပါကြတ္ခိုင္ၿမိဳ႕နယ္၊ ေကာင္းခါးေက်း႐ြာႏွင့္ လြယ္ခမ္ေက်း႐ြာအနီးတစ္ဝိုက္မွ ေဖာ္ထုတ္ဖမ္းဆီး ရမိေသာ မူးယစ္ေဆးဝါးႏွင့္ ဆက္စပ္ပစၥည္းမ်ားမွာ တန္ဖိုးအားျဖင့္ စုစုေပါင္း ခန႔္မွန္းေငြက်ပ္ ၃၉၃ ဘီလီယံေက်ာ္ ရွိၿပီျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီး မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ

နေပြည်တော်  ဧပြီ  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်  ယနေ့မွန်းတည့်   ၁၂ နာရီခန့်တွင် ကောင်းခါးကျေးရွာ၏ အရှေ့ဘက် မီတာ ၁၅ဝဝ ခန့်အကွာရှိ လျှိုအတွင်းမှ အကျယ် ၅ ပေ၊ အနက် ၅ ပေရှိ မြေကျင်းအတွင်း ဖုံးအုပ်ထားသည့် 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၂၄ဝဝဝဝ ပြား၊ WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၂ဝဝဝဝ ပြား၊  ယုန်တံဆိပ် စိတ်ကြွရူးသွပ် ဆေးပြား ၄၄ဝဝဝဝ ပြား၊တံဆိပ်မပါသော စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၄၇ဝဝဝဝ ပြား၊ ဘိန်းဖြူမှုန့် ၂ ကီလိုနှင့် Ephedrine  အမှုန့် ၂၅ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈ ဘီလီယံကျော်)တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ယနေ့သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့်  မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို  ကွတ်ခိုင်မြို့ရှိ   မူးယစ်တပ်ဖွဲ့စုသို့  စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၂၈ ရက်မှ ယနေ့ထိ အဆိုပါကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်ကျေးရွာအနီးတစ်ဝိုက်မှ ဖော်ထုတ်ဖမ်းဆီး ရမိသော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများမှာ တန်ဖိုးအားဖြင့် စုစုပေါင်း ခန့်မှန်းငွေကျပ် ၃၉၃ ဘီလီယံကျော် ရှိပြီဖြစ်ကြောင်း သတင်း ရရှိသည်။

  

Recent News