
 


နေပြည်တော်  ဧပြီ  ၁


(Unicode Version)

မော်လမြိုင်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်း၌ COVID-19 ရောဂါ ကြိုတင်ကာကွယ် ကုသရန် ပြင်ဆင်ထားမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဧပြီ  ၁

အသက်ရှူလမ်းကြောင်းဆိုင်ရာ  COVID-19 ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်း၌ ကြိုတင်ပြင်ဆင်ထားရှိမှု၊ သံသယလူနာများအား ခွဲခြားကုသရန် သီးသန့်ဆောင်ထားရှိမှု၊ ဆေးနှင့်ဆေးပစ္စည်းများ ထားရှိမှု၊ စွန့်ပစ်ပစ္စည်းများ ထားရှိရန်နေရာ စသည့် ကြိုတင်ပြင်ဆင်ထားမှုများကို  ယနေ့ နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက  သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

 

Recent News