COVID-19 ေရာဂါႀကိဳတင္ကာကြယ္ရန္ ျပည္ပမွ ဝင္ေရာက္လာသူမ်ားအား ေစာင့္ၾကည့္ စစ္ေဆးလ်က္ရွိသည့္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားႏွင့္တာဝန္ရွိသူမ်ားအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက အသုံးအေဆာင္ ပစၥည္းမ်ား လႉဒါန္း

 

COVID-19 ေရာဂါႀကိဳတင္ကာကြယ္ရန္ ျပည္ပမွ ဝင္ေရာက္လာသူမ်ားအား ေစာင့္ၾကည့္ စစ္ေဆးလ်က္ရွိသည့္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားႏွင့္တာဝန္ရွိသူမ်ားအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက အသုံးအေဆာင္ ပစၥည္းမ်ား လႉဒါန္း

ေနျပည္ေတာ္   ဧၿပီ   ၁

COVID-19 ေရာဂါႀကိဳတင္ ကာကြယ္ထိန္းခ်ဳပ္ ကုသႏိုင္ေရးအတြက္  တစ္ဖက္ႏိုင္ငံမွ ျမန္မာႏိုင္ငံ အတြင္းသို႔ ျပန္လည္ ဝင္ေရာက္လာၾကမည့္ သူမ်ားအား ေစာင့္ၾကည့္ စစ္ေဆးလ်က္ရွိသည့္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားႏွင့္ တာဝန္ရွိသူမ်ားအတြက္ တပ္မေတာ္(ၾကည္း၊ေရ၊ ေလ) မိသားစုမ်ားမွ လႉဒါန္းသည့္ အသုံးအေဆာင္ ပစၥည္းမ်ား ေပးအပ္လႉဒါန္းျခင္းကို ယေန႔မြန္းလြဲပိုင္းတြင္ ျမဝတီၿမိဳ႕ရွိ ေ႐ႊျမဝတီေစ်း၌ ျပဳလုပ္သည္။

ဦးစြာ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္၊ သကၤန္းညီေနာင္ တပ္နယ္မွ တာဝန္ရွိသူမ်ားက တပ္မေတာ္(ၾကည္း၊ ေရ၊ေလ) မိသားစုမ်ားမွ လႉဒါန္းေသာ တပ္မေတာ္စက္႐ုံထုတ္ ေခါင္းအုံး အလုံး ၁ဝဝဝ၊ ေခါင္းအုံးစြပ္အလုံး ၁ဝဝဝ၊ စစ္ျခင္ေထာင္အလုံး ၁ဝဝဝ၊ ေစာင္က်ားအထည္၁ဝဝဝ ႏွင့္  အိပ္ရာခင္းအထည္  ၁ဝဝဝ တို႔ကို ေပးအပ္လႉဒါန္းရာ   ျမဝတီခ႐ိုင္ ေစာင့္ၾကည့္ေရး လုပ္ငန္းေကာ္မတီ ဥကၠ႒ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးႏွင့္ တာဝန္ရွိသူမ်ားက လက္ခံ ရယူခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

COVID-19 ရောဂါကြိုတင်ကာကွယ်ရန် ပြည်ပမှ ဝင်ရောက်လာသူများအား စောင့်ကြည့် စစ်ဆေးလျက်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တာဝန်ရှိသူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက အသုံးအဆောင် ပစ္စည်းများ လှူဒါန်း

နေပြည်တော်   ဧပြီ   ၁

COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက်  တစ်ဖက်နိုင်ငံမှ မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြမည့် သူများအား စောင့်ကြည့် စစ်ဆေးလျက်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တာဝန်ရှိသူများအတွက် တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် မြဝတီမြို့ရှိ ရွှေမြဝတီဈေး၌ ပြုလုပ်သည်။

ဦးစွာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ သင်္ကန်းညီနောင် တပ်နယ်မှ တာဝန်ရှိသူများက တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများမှ လှူဒါန်းသော တပ်မတော်စက်ရုံထုတ် ခေါင်းအုံး အလုံး ၁ဝဝဝ၊ ခေါင်းအုံးစွပ်အလုံး ၁ဝဝဝ၊ စစ်ခြင်ထောင်အလုံး ၁ဝဝဝ၊ စောင်ကျားအထည်၁ဝဝဝ နှင့်  အိပ်ရာခင်းအထည်  ၁ဝဝဝ တို့ကို ပေးအပ်လှူဒါန်းရာ   မြဝတီခရိုင် စောင့်ကြည့်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။

Recent News