Coronavirus Disease 2019 (COVID-19) ေရာဂါႀကိဳတင္ ကာကြယ္ထိန္းခ်ဳပ္ရန္ သီးသန႔္ေစာင့္ၾကည့္ရမည့္ သူမ်ားအား ရန္ကုန္ၿမိဳ႕ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ ဆက္လက္လက္ခံ၍ က်န္းမာေရး ေစာင့္ေရွာက္မႈေပး၊ ေနျပည္ေတာ္ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရး စခန္း၌လည္း

 

Coronavirus Disease 2019 (COVID-19) ေရာဂါႀကိဳတင္ ကာကြယ္ထိန္းခ်ဳပ္ရန္ သီးသန႔္ေစာင့္ၾကည့္ရမည့္ သူမ်ားအား ရန္ကုန္ၿမိဳ႕ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ ဆက္လက္လက္ခံ၍ က်န္းမာေရး ေစာင့္ေရွာက္မႈေပး၊ ေနျပည္ေတာ္ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရး စခန္း၌လည္း

ေနျပည္ေတာ္  ဧၿပီ ၁

Coronavirus   Disease  2019 (COVID-19)ေရာဂါႀကိဳတင္ ကာကြယ္ထိန္းခ်ဳပ္ရန္  သီးသန႔္ေစာင့္ၾကည့္ရမည့္သူမ်ားအား ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္း၌ လက္ခံ၍  က်န္းမာေရး ေစာင့္ေရွာက္ေပးႏိုင္ရန္ အတြက္   ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ၿပီး မတ္ ၃၁ ရက္ ညေနပိုင္းတြင္ စတင္လက္ခံခဲ့ရာ စုစုေပါင္း ၄၇ ဦး လက္ခံၿပီးျဖစ္သည္။

ယေန႔တြင္လည္း ထိုင္းႏိုင္ငံမွ ျပန္လည္ ေရာက္ရွိလာသူ အမ်ိဳးသား ငါးဦး၊ အမ်ိဳးသမီး ေလးဦး၊ ျမဝတီ၊ ဘားအံ၊ ေကာ့ေသာင္း၊မူဆယ္၊ လားရႈိး စသည့္ နယ္စပ္မ်ားမွ ျပန္လည္ေရာက္ရွိလာသူ အမ်ိဳးသား ၂၇ ဦး၊ အမ်ိဳးသမီး ရွစ္ဦး၊ တ႐ုတ္ႏိုင္ငံမွ ျပန္လည္ ေရာက္ရွိလာသူ အမ်ိဳးသမီး ႏွစ္ဦး၊ စုစုေပါင္း ၄၆ ဦးတို႔ကို ေစာင့္ၾကည့္လူနာအျဖစ္ ထပ္မံလက္ခံခဲ့ရာ  ေစာင့္ၾကည့္လူနာ စုစုေပါင္း ၉၃ ဦး လက္ခံၿပီးျဖစ္ၿပီး ၎လူနာမ်ား၏ ေနထိုင္စားေသာက္ေရးႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကို ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္၊ နယ္ေျမခံ ေဆးကုသေရးအဖြဲ႕ႏွင့္ တာဝန္ရွိသူမ်ားက ကူညီေဆာင္႐ြက္ေပးလ်က္ရွိသည္။ အဆိုပါစစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ COVID-19ေရာဂါ ႀကိဳတင္ကာကြယ္ ထိန္းခ်ဳပ္ကုသရန္ သီးျခား ေစာင့္ၾကည့္ ကုသရမည့္သူ ၂ဝဝဝ ဦး ေနထိုင္ႏိုင္ရန္အတြက္   ျပင္ဆင္ ေဆာင္႐ြက္ထားရွိေၾကာင္း သိရွိရသည္။

အလားတူ COVID-19 ေရာဂါႏွင့္ ပတ္သက္၍ သီးသန႔္ ေစာင့္ၾကည့္ရမည့္သူမ်ားအား ေနျပည္ေတာ္ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္း၌ လက္ခံ၍ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးႏိုင္ရန္ ယေန႔ညေနပိုင္းတြင္ အဝင္ဆိုင္းဘုတ္၊ ေစာင့္ၾကည့္လူစာရင္းလက္ခံေနရာ၊ ထမင္းေပးေဝမည့္ေနရာ၊ စားခ်က္ေဆာင္၊ အိပ္ေဆာင္ အတြင္း/အျပင္၊ ေရခ်ိဳးခန္းႏွင့္ အိမ္သာတို႔ကို သန႔္ရွင္းေရး ေဆာင္႐ြက္ျခင္းႏွင့္ ေဆးဖ်န္းျခင္းမ်ား  ေဆာင္႐ြက္ၾကသည္။

ေနျပည္ေတာ္ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ COVID-19 ေရာဂါႀကိဳတင္ ကာကြယ္ထိန္းခ်ဳပ္ ကုသရန္ သီးျခားေစာင့္ၾကည့္ ကုသရမည့္သူ  ၁၅ဝဝဝ ဦး ေနထိုင္ႏိုင္ရန္   ျပင္ဆင္ေဆာင္႐ြက္ ထားရွိၿပီးေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္၊  နယ္ေျမခံ ေဆးကုသေရး အဖြဲ႕ႏွင့္  တာဝန္ရွိသူမ်ားက က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဆက်လက်လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုပေး၊ နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌လည်း

နေပြည်တော်  ဧပြီ ၁

Coronavirus   Disease  2019 (COVID-19)ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန်  သီးသန့်စောင့်ကြည့်ရမည့်သူများအား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ လက်ခံ၍  ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရန် အတွက်   ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီး မတ် ၃၁ ရက် ညနေပိုင်းတွင် စတင်လက်ခံခဲ့ရာ စုစုပေါင်း ၄၇ ဦး လက်ခံပြီးဖြစ်သည်။

ယနေ့တွင်လည်း ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦး၊ မြဝတီ၊ ဘားအံ၊ ကော့သောင်း၊မူဆယ်၊ လားရှိုး စသည့် နယ်စပ်များမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ရှစ်ဦး၊ တရုတ်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၄၆ ဦးတို့ကို စောင့်ကြည့်လူနာအဖြစ် ထပ်မံလက်ခံခဲ့ရာ  စောင့်ကြည့်လူနာ စုစုပေါင်း ၉၃ ဦး လက်ခံပြီးဖြစ်ပြီး ၎င်းလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါစစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် COVID-19ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရန် သီးခြား စောင့်ကြည့် ကုသရမည့်သူ ၂ဝဝဝ ဦး နေထိုင်နိုင်ရန်အတွက်   ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

အလားတူ COVID-19 ရောဂါနှင့် ပတ်သက်၍ သီးသန့် စောင့်ကြည့်ရမည့်သူများအား နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ယနေ့ညနေပိုင်းတွင် အဝင်ဆိုင်းဘုတ်၊ စောင့်ကြည့်လူစာရင်းလက်ခံနေရာ၊ ထမင်းပေးဝေမည့်နေရာ၊ စားချက်ဆောင်၊ အိပ်ဆောင် အတွင်း/အပြင်၊ ရေချိုးခန်းနှင့် အိမ်သာတို့ကို သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဆေးဖျန်းခြင်းများ  ဆောင်ရွက်ကြသည်။

နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ် ကုသရန် သီးခြားစောင့်ကြည့် ကုသရမည့်သူ  ၁၅ဝဝဝ ဦး နေထိုင်နိုင်ရန်   ပြင်ဆင်ဆောင်ရွက် ထားရှိပြီးနေပြည်တော်တိုင်း စစ်ဌာနချုပ်၊  နယ်မြေခံ ဆေးကုသရေး အဖွဲ့နှင့်  တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 

Recent News