ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ဆြစ္ဇာလန္ႏိုင္ငံ၊ ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ ၫိႇႏိႈင္းေရး အရာရွိႀကီးအား လက္ခံေတြ႕ဆုံ

 

ေနျပည္ေတာ္၊ ေအာက္တိုဘာ - ၁၈

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းသည္ ဆြစ္ဇာလန္ႏိုင္ငံ၊ ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ ညိႇႏိႈင္းေရး အရာရွိႀကီး Dr. Julian Thomas Hottinger အား ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

ေတြ႕ဆုံပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ ၾကၿပီး ဆြစ္ဇာလန္ႏိုင္ငံ၊ ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ ညိႇႏိႈင္းေရးအရာရွိႀကီးႏွင့္အတူ တာ၀န္ရွိသူတို႔ တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ လြန္ခဲ့သည့္ရက္ပိုင္းက က်င္းပျပဳလုပ္ခဲ့သည့္ NCA  (၃)ႏွစ္ျပည့္ အခမ္းအနား၌ ႏိုင္ငံေတာ္အစိုးရႏွင့္ NCA  လက္မွတ္ေရးထိုးထားသည့္ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္း မ်ားမွ ေခါင္းေဆာင္မ်ား သီးသန္႔အစည္းအေ၀း၏ အေတြ႕အႀကံဳမ်ား၊ ရလဒ္မ်ားႏွင့္ ဆက္လက္ လုပ္ေဆာင္သြားမည့္အေျခအေနမ်ား၊ ထာ၀ရ ၿငိမ္းခ်မ္းေရးရရွိေအာင္ ဆက္လက္လုပ္ေဆာင္ သြားမည့္အေျခအေနမ်ားႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဆိုင္ရာ အခ်က္အလက္မ်ားအား ႏွစ္ဦးႏွစ္ဖက္ ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ အျပန္အလွန္ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းက ဆြစ္ဇာလန္ႏိုင္ငံ၊ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန၊ ညိႇႏိႈင္းေရး အရာရွိႀကီး၊ Dr. Julian Thomas Hottinger အား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ၿပီး တက္ေရာက္လာ ၾကသူမ်ားႏွင့္အတူ စုေပါင္း ဓာတ္ပုံ႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညှိနှိုင်းရေး အရာရှိကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၁၈

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညှိနှိုင်းရေး အရာရှိကြီး Dr. Julian Thomas Hottinger အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညှိနှိုင်းရေးအရာရှိကြီးနှင့်အတူ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် လွန်ခဲ့သည့်ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် NCA  (၃)နှစ်ပြည့် အခမ်းအနား၌ နိုင်ငံတော်အစိုးရနှင့် NCA  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး၏ အတွေ့အကြုံများ၊ ရလဒ်များနှင့် ဆက်လက် လုပ်ဆောင်သွားမည့်အခြေအနေများ၊ ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်လုပ်ဆောင် သွားမည့်အခြေအနေများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အချက်အလက်များအား နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် အပြန်အလှန်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ညှိနှိုင်းရေး အရာရှိကြီး၊ Dr. Julian Thomas Hottinger အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး တက်ရောက်လာ ကြသူများနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News