တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင္႕ ဘာသာေရးအသင္းအဖြဲ႔မ်ား၌ ဆြမ္းဆန္ေတာ္မ်ားဆက္ကပ္လွဴဒါန္း၊ COVID-19 ေရာဂါႏွင္႕ပတ္သက္၍ က်န္းမာေရးစစ္ေဆး

 

တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင္႕ ဘာသာေရးအသင္းအဖြဲ႔မ်ား၌ ဆြမ္းဆန္ေတာ္မ်ားဆက္ကပ္လွဴဒါန္း၊ COVID-19 ေရာဂါႏွင္႕ပတ္သက္၍ က်န္းမာေရးစစ္ေဆး

ေနျပည္ေတာ္ ဧၿပီ ၃

COVID-19 ေရာဂါေၾကာင့္ သြားလာမႈ၊ ကန္႔သတ္မႈမ်ားရွိလာ၍ တနသၤာရီတိုင္း ေဒသႀကီးအတြင္းရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ ဘာသာေရးအသင္းအဖြဲ႕မ်ား၌ ဆြမ္းဆန္ေတာ္အခက္အခဲမ်ား မျဖစ္ေပၚေစ ရန္ႏွင့္ COVID-19 ေရာဂါႀကိဳတင္ကာကြယ္ရာတြင္ အေထာက္အကူျဖစ္ေစရန္ အတြက္ ယေန႔နံနက္ပိုင္းတြင္ တနသၤာရီ ၿမိဳ႕နယ္၊ ေညာင္ပင္ကြင္းေက်းရြာရွိ ဓမၼသုခ ေက်ာင္းတိုက္သုိ႔ ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္ေသာင္းထိုက္ ေရႊႏွင့္အဖဲြ႕၀င္မ်ားကသြားေရာက္၍ ေက်ာင္း ထိုင္ဆရာေတာ္အား ဆြမ္းဆန္၊ ဆီႏွင့္ ေဆး၀ါးမ်ား ဆက္ကပ္လွဴဒါန္းၿပီး ေဆးအဖြဲ႕ က သံဃာေတာ္မ်ားအား က်န္းမာေရးစစ္ ေဆးျခင္းႏွင့္ေက်ာင္း တိုက္ပတ္၀န္းက်င္အား ပိုးသတ္ေဆးဖ်န္းျခင္းမ်ား ေဆာင္ရြက္ေပးသည္။

အလားတူ တပ္နယ္အသီးသီးမွေဆး အဖြဲ႕မ်ားက ေလာင္းလံုးၿမိဳ႕၊ ထား၀ယ္ၿမိဳ႕၊ သရက္ေခ်ာင္းၿမိဳ႕၊ ပုေလာၿမိဳ႕၊ ၿမိတ္ၿမိဳ႕ႏွင့္ ေကာ့ေသာင္းၿမိဳ႕တို႔ရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ ခရစ္ယာန္ဘုရားရွိခိုး ေက်ာင္းမ်ား၊ ဗလီမ်ား၊ ေစ်းမ်ား၊ ႐ံုးဌာနမ်ား၊ ၿမိဳ႕နယ္ ရဲစခန္းမ်ားႏွင့္ အက်ဥ္းေထာင္တို႔၌ ပိုးသတ္ ေဆးဖ်န္းျခင္းမ်ား ေဆာင္ရြက္ေပးၿပီး သံဃာေတာ္မ်ား၊ ဘာသာေရးေခါင္းေဆာင္မ်ားႏွင့္ ဘာသာ ေရးအဖြဲ႕၀င္မ်ား၊ ေဒသခံျပည္သူ မ်ားအား က်န္းမာေရးစစ္ေဆးျခင္း၊ အပူခ်ိန္တုိင္းတာျခင္း၊ ဆြမ္းဆန္ေတာ္ႏွင့္လွဴဖြယ္ ပစၥည္းမ်ားလွဴဒါန္းျခင္းတို႔ ေဆာင္ရြက္ေပး ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးအသင်းအဖွဲ့များ၌ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေး

နေပြည်တော် ဧပြီ ၃

COVID-19 ရောဂါကြောင့် သွားလာမှု၊ ကန့်သတ်မှုများရှိလာ၍ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးအသင်းအဖွဲ့များ၌ ဆွမ်းဆန်တော်အခက်အခဲများ မဖြစ်ပေါ်စေ ရန်နှင့် COVID-19 ရောဂါကြိုတင်ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန် အတွက် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီ မြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာရှိ ဓမ္မသုခ ကျောင်းတိုက်သို့ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက် ရွှေနှင့်အဖွဲ့ဝင်များကသွားရောက်၍ ကျောင်း ထိုင်ဆရာတော်အား ဆွမ်းဆန်၊ ဆီနှင့် ဆေးဝါးများ ဆက်ကပ်လှူဒါန်းပြီး ဆေးအဖွဲ့ က သံဃာတော်များအား ကျန်းမာရေးစစ် ဆေးခြင်းနှင့်ကျောင်း တိုက်ပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ တပ်နယ်အသီးသီးမှဆေး အဖွဲ့များက လောင်းလုံးမြို့၊ ထားဝယ်မြို့၊ သရက်ချောင်းမြို့၊ ပုလောမြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းများ၊ ဗလီများ၊ ဈေးများ၊ ရုံးဌာနများ၊ မြို့နယ် ရဲစခန်းများနှင့် အကျဉ်းထောင်တို့၌ ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးပြီး သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာ ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူ များအား ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ဆွမ်းဆန်တော်နှင့်လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်းတို့ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News