ဆြမ္းဆန္အခက္အခဲရွိေနသည့္ သီလရွင္စာသင္တိုက္မ်ားအား အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္၊မိသားစုမ်ားက ဆြမ္းဆန္ႏွင့္လႉဖြယ္ပစၥည္းမ်ားလႉဒါန္း

ဆြမ္းဆန္အခက္အခဲရွိေနသည့္ သီလရွင္စာသင္တိုက္မ်ားအား အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္၊မိသားစုမ်ားက ဆြမ္းဆန္ႏွင့္လႉဖြယ္ပစၥည္းမ်ားလႉဒါန္း

ေနျပည္ေတာ္ ဧၿပီ ၃

မႏၲေလးၿမိဳ႕ေပၚရွိ သီလရွင္စာသင္တိုက္မ်ားအား အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားက ဆြမ္းဆန္ႏွင့္လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းျခင္းကို ယေန႔နံနက္ပိုင္းတြင္ မႏၲေလးၿမိဳ႕၊ နန္းၿမိဳ႕တြင္း နန္းဦးဆုေတာင္းျပည့္ဘုရားရွိ ရန္ေအာင္ျမင္ဓမၼာ႐ုံ၌ျပဳလုပ္ရာ သဒၶမၼပါလေက်ာင္းမွ သီလရွင္ဆရာႀကီး ေဒၚကုလဉာဏီ အမႉးျပဳေသာ သီလရွင္စာသင္တိုက္ငါးတိုက္မွ သီလရွင္ဆရာႀကီး မ်ားႂကြေရာက္ၾကၿပီး တိုင္းမႉး ဗိုလ္ခ်ဳပ္ေက်ာ္စြာလင္း ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။
ဦးစြာ တာဝန္ရွိသူတစ္ဦးက ယခုကာလတြင္ျဖစ္ေပၚ လ်က္ရွိေသာ COVID-19 ေရာဂါေၾကာင့္ သြားလာမႈ ကန႔္သတ္ခ်က္မ်ားရွိလာ၍ သီလရွင္စာသင္တိုက္မ်ား တြင္ ဆြမ္းဆန္ႏွင့္လႉဖြယ္ပစၥည္းမ်ား အခက္အခဲျဖစ္ေပၚေနမႈကို အဆင္ေျပေစရန္ရည္႐ြယ္၍ လႉဒါန္းရျခင္းျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။ ထို႔ေနာက္ တိုင္းမႉးက သာသနာႏြယ္ဝင္သီလရွင္ဆရာႀကီး ေဒၚကုလဉာဏီအား သီလရွင္စာသင္တိုက္ငါးတိုက္ရွိ သီလရွင္ ၃၅၈ ပါးအတြက္ ဆြမ္းဆန္ေတာ္ ၃၀ အိတ္၊ ကုလားပဲႏွင့္ COVID-19 ေရာဂါကာကြယ္ေရး အေထာက္အကူျပဳပစၥည္းမ်ားျဖစ္သည့္ Face Mask ၊ ကာေဘာ္လစ္ဆပ္ျပာ၊ တပ္မေတာ္ ထုတ္သန႔္စင္အဝတ္ ေလွ်ာ္ဆပ္ျပာရည္တို႔ကို ဆက္ကပ္လႉဒါန္းသည္။

ထို႔ျပင္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ေဆးအဖြဲ႕ မ်ားက မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ျပင္ဦးလြင္ၿမိဳ႕၊ မေကြးၿမိဳ႕၊ ၿမိဳ႕သစ္ၿမိဳ႕၊ မိတၳီလာၿမိဳ႕၊ သပိတ္က်င္းၿမိဳ႕ႏွင့္ ရမည္းသင္းၿမိဳ႕တို႔ရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ ခရစ္ယာန္ဘုရားရွိခိုးေက်ာင္းမ်ား၊ အစၥလာမ္ဘုရားရွိခိုး ေက်ာင္းမ်ား၊ ဟိႏၵဴဘုရားေက်ာင္းမ်ား၊ စစ္မႈထမ္း ေဟာင္းအိမ္ရာမ်ား၊ အေျခခံပညာေက်ာင္းမ်ား၊ တိုက္ နယ္ေဆး႐ုံမ်ားႏွင့္ ေဈးတို႔၌ ပိုးသတ္ေဆးဖ်န္းျခင္းမ်ား ေဆာင္႐ြက္ေပးၿပီး သံဃာေတာ္မ်ား၊ ဘာသာေရးေခါင္း ေဆာင္မ်ားႏွင့္ ဘာသာေရးအဖြဲ႕ဝင္မ်ား၊ စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ား၊ ေဒသခံျပည္သူမ်ားကို COVID-19 ေရာဂါႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးေပးျခင္း၊ အပူခ်ိန္တိုင္းတာေပးျခင္း၊ က်န္းမာေရးအသိပညာေပးျခင္း၊ စနစ္တက် လက္ေဆးသ႐ုပ္ျပျခင္း၊ Surgical Disposable Mask အသုံးျပဳနည္းသ႐ုပ္ျပသျခင္းမ်ား ေဆာင္႐ြက္ေပးခဲ့ ေၾကာင္းသတင္းရရွိသည္။

(Unicode Version)

ဆွမ်းဆန်အခက်အခဲရှိနေသည့် သီလရှင်စာသင်တိုက်များအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊မိသားစုများက ဆွမ်းဆန်နှင့်လှူဖွယ်ပစ္စည်းများလှူဒါန်း

နေပြည်တော် ဧပြီ ၃

မန္တလေးမြို့ပေါ်ရှိ သီလရှင်စာသင်တိုက်များအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ဆွမ်းဆန်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ နန်းမြို့တွင်း နန်းဦးဆုတောင်းပြည့်ဘုရားရှိ ရန်အောင်မြင်ဓမ္မာရုံ၌ပြုလုပ်ရာ သဒ္ဓမ္မပါလကျောင်းမှ သီလရှင်ဆရာကြီး ဒေါ်ကုလဉာဏီ အမှူးပြုသော သီလရှင်စာသင်တိုက်ငါးတိုက်မှ သီလရှင်ဆရာကြီး များကြွရောက်ကြပြီး တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်း နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူတစ်ဦးက ယခုကာလတွင်ဖြစ်ပေါ် လျက်ရှိသော COVID-19 ရောဂါကြောင့် သွားလာမှု ကန့်သတ်ချက်များရှိလာ၍ သီလရှင်စာသင်တိုက်များ တွင် ဆွမ်းဆန်နှင့်လှူဖွယ်ပစ္စည်းများ အခက်အခဲဖြစ်ပေါ်နေမှုကို အဆင်ပြေစေရန်ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက သာသနာနွယ်ဝင်သီလရှင်ဆရာကြီး ဒေါ်ကုလဉာဏီအား သီလရှင်စာသင်တိုက်ငါးတိုက်ရှိ သီလရှင် ၃၅၈ ပါးအတွက် ဆွမ်းဆန်တော် ၃၀ အိတ်၊ ကုလားပဲနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Face Mask ၊ ကာဘော်လစ်ဆပ်ပြာ၊ တပ်မတော် ထုတ်သန့်စင်အဝတ် လျှော်ဆပ်ပြာရည်တို့ကို ဆက်ကပ်လှူဒါန်းသည်။

ထို့ပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆေးအဖွဲ့ များက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြင်ဦးလွင်မြို့၊ မကွေးမြို့၊ မြို့သစ်မြို့၊ မိတ္ထီလာမြို့၊ သပိတ်ကျင်းမြို့နှင့် ရမည်းသင်းမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ အစ္စလာမ်ဘုရားရှိခိုး ကျောင်းများ၊ ဟိန္ဒူဘုရားကျောင်းများ၊ စစ်မှုထမ်း ဟောင်းအိမ်ရာများ၊ အခြေခံပညာကျောင်းများ၊ တိုက် နယ်ဆေးရုံများနှင့် ဈေးတို့၌ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးပြီး သံဃာတော်များ၊ ဘာသာရေးခေါင်း ဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးသရုပ်ပြခြင်း၊ Surgical Disposable Mask အသုံးပြုနည်းသရုပ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်းသတင်းရရှိသည်။

 

Recent News