ပလက္၀ၿမိဳ႕နယ္၊ ထရြန္အိုင္ေက်းရြာမွ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ ဆက္ႏြယ္သူ ၂ ဦးအား ဖမ္းဆီးရမိ

 

ပလက္၀ၿမိဳ႕နယ္၊ ထရြန္အိုင္ေက်းရြာမွ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ ဆက္ႏြယ္သူ ၂ ဦးအား ဖမ္းဆီးရမိ

ေနျပည္ေတာ္  ဧၿပီ  ၄

ရခိုင္ျပည္နယ္၊ေက်ာက္ေတာ္ၿမဳိ႕နယ္၊ သရက္အုပ္ေက်းရြာအတြင္း AA အၾကမ္းဖက္ ေသာင္းက်န္း သူမ်ားက ေဒသခံရြာသူ၊ရြာသားမ်ားအသြင္ျဖင့္ ေနထိုင္ၿပီး ဆက္ေၾကးေကာက္ခံျခင္း၊ လူသစ္ စုေဆာင္းျခင္းမ်ား ျပဳလုပ္ေနသည့္ ဦးေအာင္စံလွ၊ အသက္ ၅၆ ႏွစ္(ဘ) ဦးသာလွေအာင္ အပါအ၀င္ AA အၾကမ္းဖက္ေသာင္းက်န္းသူ ၃ ဦးတို႔အား AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား စုပုံထားသည့္ရိကၡာမ်ား၊ ေဆး၀ါးမ်ား၊ NGO အဖြဲ႕အစည္းမ်ားမွ စစ္ေဘးေရွာင္စခန္းသို႔ ေထာက္ပံ့ သည့္ ရိကၡာပစၥည္းမ်ားႏွင့္ မိုင္းေထာင္ေဖာက္ခြဲရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီး ရမိသည့္သတင္းအား ဧၿပီ ၃ ရက္တြင္ သတင္းထုတ္ျပန္ခဲ့ပါသည္။

အလားတူပင္ ပလက္၀ၿမဳိ႕နယ္၊ ထရြန္အိုင္ေက်းရြာမွ AA အၾကမ္းဖက္ ေသာင္းက်န္း သူမ်ားႏွင့္ ပတ္သက္ဆက္ႏြယ္သူမ်ားျဖစ္ေသာ ေအာင္သိန္းမင္း၊ အသက္ ၃၉ ႏွစ္(ဘ) ဦးသာျဖဴေအာင္ ထရြန္အိုင္ေက်းရြာေနသူႏွင့္ မမိုးစႏၵာ(ခ)ဗိုလ္မေခ်၊ အသက္ ၂၁ ႏွစ္(ဘ) ဦးေမာင္လတ္၊ ေက်ာက္တန္းေက်းရြာေနသူတို႔ ၂ ဦးအား သက္ေသအေထာက္အထားမ်ားႏွင့္အတူ ထပ္မံ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရွိရသည္။

ေအာင္သိန္းမင္းသည္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႔အတြက္ ၂၀၁၄ ခုႏွစ္မွစတင္၍ ရိကၡာ တာ၀န္ခံအျဖစ္ေဆာင္ရြက္ခဲ့သူျဖစ္ျပီး မိုးစႏၵာ(ခ) ဗိုလ္မေခ် သည္ ေနရပ္ျဖစ္ေသာ ေက်ာက္တန္း ေက်းရြာတြင္ရြာခန္႔ ရခိုင္စာသင္ဆရာမ အျဖစ္လုပ္ကိုင္ခဲ့ရာမွ ထရြန္အိုင္ေက်းရြာသို႕ ၂၀၂၀ ျပည့္ႏွစ္ မတ္လဆန္းပိုင္းတြင္ ရြာသူအသြင္ျဖင့္ ေရာက္ရွိ ေနထိုင္ခဲ့ကာ တပ္မေတာ္ စစ္ေၾကာင္း တစ္ခုမွ စစ္သည္တစ္ဦးအား သမီးရည္းစားအဆင့္သို႕ ေရာက္ေအာင္ ျဖားေယာင္း ေဆြးေဆာင္ ၿပီးေနာက္  AA အၾကမ္းဖက္အဖြဲ႔သို႔ ၀င္ေရာက္ရန္ႏွင့္ စစ္ေၾကာင္း၏သတင္းမ်ား ႀကိဳတင္ရရွိရန္ စည္းရံုးခဲ့ေၾကာင္း သိရွိရသည္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္စစ္ေၾကာင္းအသီးသီးသို႔လည္း အဆိုပါ ျဖစ္စဥ္မ်ိဳး လုပ္ႀကံစည္း ရံုးရန္ ႀကိဳတင္သတင္းရရွိသျဖင့္ သတင္းျဖန္႔ေ၀ထားမႈအရ လည္းေကာင္း၊ စည္းရံုးခံရသည့္ စစ္သည္ကလည္း သစၥာရွိစြာ အျဖစ္မွန္ကို အထက္ဌာနသို႕ တင္ျပခဲဲ့သျဖင့္လည္းေကာင္း  မုိးစႏၵာ(ခ)ဗိုလ္မေခ်အား ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

(Unicode Version)

ပလက်ဝမြို့နယ်၊ ထရွန်အိုင်ကျေးရွာမှ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွယ်သူ ၂ ဦးအား ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၄

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာအတွင်း AA အကြမ်းဖက် သောင်းကျန်း သူများက ဒေသခံရွာသူ၊ရွာသားများအသွင်ဖြင့် နေထိုင်ပြီး ဆက်ကြေးကောက်ခံခြင်း၊ လူသစ် စုဆောင်းခြင်းများ ပြုလုပ်နေသည့် ဦးအောင်စံလှ၊ အသက် ၅၆ နှစ်(ဘ) ဦးသာလှအောင် အပါအဝင် AA အကြမ်းဖက်သောင်းကျန်းသူ ၃ ဦးတို့အား AA အကြမ်းဖက် သောင်းကျန်းသူများ စုပုံထားသည့်ရိက္ခာများ၊ ဆေးဝါးများ၊ NGO အဖွဲ့အစည်းများမှ စစ်ဘေးရှောင်စခန်းသို့ ထောက်ပံ့ သည့် ရိက္ခာပစ္စည်းများနှင့် မိုင်းထောင်ဖောက်ခွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိသည့်သတင်းအား ဧပြီ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

အလားတူပင် ပလက်ဝမြို့နယ်၊ ထရွန်အိုင်ကျေးရွာမှ AA အကြမ်းဖက် သောင်းကျန်း သူများနှင့် ပတ်သက်ဆက်နွယ်သူများဖြစ်သော အောင်သိန်းမင်း၊ အသက် ၃၉ နှစ်(ဘ) ဦးသာဖြူအောင် ထရွန်အိုင်ကျေးရွာနေသူနှင့် မမိုးစန္ဒာ(ခ)ဗိုလ်မချေ၊ အသက် ၂၁ နှစ်(ဘ) ဦးမောင်လတ်၊ ကျောက်တန်းကျေးရွာနေသူတို့ ၂ ဦးအား သက်သေအထောက်အထားများနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အောင်သိန်းမင်းသည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အတွက် ၂၀၁၄ ခုနှစ်မှစတင်၍ ရိက္ခာ တာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီး မိုးစန္ဒာ(ခ) ဗိုလ်မချေ သည် နေရပ်ဖြစ်သော ကျောက်တန်း ကျေးရွာတွင်ရွာခန့် ရခိုင်စာသင်ဆရာမ အဖြစ်လုပ်ကိုင်ခဲ့ရာမှ ထရွန်အိုင်ကျေးရွာသို့ ၂၀၂၀ ပြည့်နှစ် မတ်လဆန်းပိုင်းတွင် ရွာသူအသွင်ဖြင့် ရောက်ရှိ နေထိုင်ခဲ့ကာ တပ်မတော် စစ်ကြောင်း တစ်ခုမှ စစ်သည်တစ်ဦးအား သမီးရည်းစားအဆင့်သို့ ရောက်အောင် ဖြားယောင်း ဆွေးဆောင် ပြီးနောက်  AA အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ရန်နှင့် စစ်ကြောင်း၏သတင်းများ ကြိုတင်ရရှိရန် စည်းရုံးခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်စစ်ကြောင်းအသီးသီးသို့လည်း အဆိုပါ ဖြစ်စဉ်မျိုး လုပ်ကြံစည်း ရုံးရန် ကြိုတင်သတင်းရရှိသဖြင့် သတင်းဖြန့်ဝေထားမှုအရ လည်းကောင်း၊ စည်းရုံးခံရသည့် စစ်သည်ကလည်း သစ္စာရှိစွာ အဖြစ်မှန်ကို အထက်ဌာနသို့ တင်ပြခဲ့သဖြင့်လည်းကောင်း  မိုးစန္ဒာ(ခ)ဗိုလ်မချေအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Recent News