မုိင္းဆတ္ၿမိဳ႔နယ္၊ ပံုတ(၁)ႏွင္႕ ခါၾကာေဒေက်းရြာတုိ႔ရွိ မီးေဘးသင္႕ျပည္သူမ်ားအား ဆန္ႏွင္႕စားေသာက္ဖြယ္ရာမ်ား ေပးအပ္ 

မုိင္းဆတ္ၿမိဳ႔နယ္၊ ပံုတ(၁)ႏွင္႕ ခါၾကာေဒေက်းရြာတုိ႔ရွိ မီးေဘးသင္႕ျပည္သူမ်ားအား ဆန္ႏွင္႕စားေသာက္ဖြယ္ရာမ်ား ေပးအပ္ 

ေနျပည္ေတာ္ ဧၿပီ ၄ 

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊မိုင္းတြမ္း ေတာင္ေပၚေက်း႐ြာအုပ္စု၊ ပုံတ(၁)ေက်း႐ြာႏွင့္ ခါၾကာေဒေက်း႐ြာတို႔၌ ဧၿပီ ၂ ရက္ မြန္းလြဲ ၂ နာရီခန႔္တြင္ ေတာမီးေလာင္ကြၽမ္းရာမွတစ္ဆင့္ ေက်း႐ြာမ်ားရွိ ေနအိမ္မ်ားသို႔ မီးကူးစက္ ေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး မီးေလာင္မႈေၾကာင့္ ေနအိမ္ ၃၆ လုံး၊ စာသင္ေက်ာင္းတစ္ေက်ာင္း၊ ဆန္စက္ သုံးလုံး၊ လက္တြန္းထြန္စက္ ငါးလုံးႏွင့္ လယ္ယာသုံး ပစၥည္းမ်ား မီးေလာင္ ဆုံးရႈံးခဲ့ေၾကာင္း သိရွိရသည္။ 

အဆိုပါေက်း႐ြာမ်ားရွိ မီးေဘးသင့္ျပည္သူမ်ားအား ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္၊ နယ္ေျမခံ တပ္မေတာ္သားမ်ားက သြားေရာက္ေတြ႕ဆုံ၍ မီးေဘးသင့္ျပည္သူမ်ား အတြက္ အိမ္ေထာင္စုတစ္စုလွ်င္ ဆန္ ၃၂ ျပည္၊ ဆီ သုံးပိႆာ၊ ဆား တစ္ပိႆာ၊ ေကာ္ဖီမစ္အထုပ္ ၃ဝ ပါ အထုပ္ တစ္ထုပ္ႏွင့္ ေခါက္ဆြဲေျခာက္ တစ္ဖာတို႔ကို ေပးအပ္လႉဒါန္းၿပီး ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။ ထို႔ျပင္ ေက်း႐ြာမ်ားရွိ ေဒသခံျပည္သူမ်ားအား COVID-19 ေရာဂါႏွင့္ ပတ္သက္၍ က်န္းမာေရး စစ္ေဆးျခင္း၊ အပူခ်ိန္တိုင္းတာေပးျခင္း၊ လက္ကမ္းစာေစာင္ ျဖန႔္ေဝေပးျခင္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

မိုင်းဆတ်မြို့နယ်၊ ပုံတ(၁)နှင့် ခါကြာဒေကျေးရွာတို့ရှိ မီးဘေးသင့်ပြည်သူများအား ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ် 

နေပြည်တော် ဧပြီ ၄ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းတွမ်း တောင်ပေါ်ကျေးရွာအုပ်စု၊ ပုံတ(၁)ကျေးရွာနှင့် ခါကြာဒေကျေးရွာတို့၌ ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် တောမီးလောင်ကျွမ်းရာမှတစ်ဆင့် ကျေးရွာများရှိ နေအိမ်များသို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ် ၃၆ လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ ဆန်စက် သုံးလုံး၊ လက်တွန်းထွန်စက် ငါးလုံးနှင့် လယ်ယာသုံး ပစ္စည်းများ မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါကျေးရွာများရှိ မီးဘေးသင့်ပြည်သူများအား တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက သွားရောက်တွေ့ဆုံ၍ မီးဘေးသင့်ပြည်သူများ အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၃၂ ပြည်၊ ဆီ သုံးပိဿာ၊ ဆား တစ်ပိဿာ၊ ကော်ဖီမစ်အထုပ် ၃ဝ ပါ အထုပ် တစ်ထုပ်နှင့် ခေါက်ဆွဲခြောက် တစ်ဖာတို့ကို ပေးအပ်လှူဒါန်းပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ကျေးရွာများရှိ ဒေသခံပြည်သူများအား COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News