COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္ထိန္းခ်ဳပ္ရန္ သီးသန့္ေစာင္႕ၾကည္႕ရမည္႕ သူမ်ားအား ေနျပည္ေတာ္ႏွင္႕ ရန္ကုန္ၿမိဳ႔တုိ႕ရွိ စစ္ေၾကာေရးႏွင္႕တည္းခိုေရး စခန္းမ်ား၌ လက္ခံလ်က္ရွိ 

COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္ထိန္းခ်ဳပ္ရန္ သီးသန့္ေစာင္႕ၾကည္႕ရမည္႕ သူမ်ားအား ေနျပည္ေတာ္ႏွင္႕ ရန္ကုန္ၿမိဳ႔တုိ႕ရွိ စစ္ေၾကာေရးႏွင္႕တည္းခိုေရး စခန္းမ်ား၌ လက္ခံလ်က္ရွိ 

ေနျပည္ေတာ္ ဧၿပီ ၄ 

Coronavirus Disease 2019 (COVID -19)ေရာဂါႀကိဳတင္ ကာကြယ္ထိန္းခ်ဳပ္ရန္ သီးသန႔္ေစာင့္ၾကည့္ရမည့္ သူမ်ားအား ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္ရွိ စစ္ေၾကာေရးႏွင့္တည္းခိုေရးစခန္း၌ လက္ခံ၍ က်န္းမာေရး ေစာင့္ေရွာက္ေပးႏိုင္ရန္အတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ၿပီး မတ္ ၃၁ ရက္ ညေနပိုင္းတြင္ စတင္လက္ခံခဲ့ရာ ဧၿပီ ၃ရက္အထိ စုစုေပါင္း ၁၁၂ ဦးလက္ခံၿပီး သုံးဦးကို အျခားသီးသန႔္ ေစာင့္ၾကည့္သည့္ ေနရာသို႔ လႊဲေျပာင္းခဲ့ကာ ၁ဝ၉ ဦးကို လက္ခံ ထားရွိလ်က္ရွိသည္။ 
ယေန႔တြင္လည္း ဆက္လက္လက္ခံခဲ့ရာ ည ၁ဝ နာရီခ်ိန္အထိ တ႐ုတ္ႏိုင္ငံမွ ျပန္လည္ ေရာက္ရွိလာသူ အမ်ိဳးသား သုံးဦး၊ အမ်ိဳးသမီး ႏွစ္ဦး၊ စုစုေပါင္း ငါးဦး ထပ္မံေရာက္ရွိရာ ေစာင့္ၾကည့္လူနာ စုစုေပါင္း ၁၁၄ ဦးကို လက္ခံခဲ့ၿပီးျဖစ္သည္။ ထိုသို႔ေဆာင္႐ြက္ေနမႈမ်ားကို ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္သက္ပုံႏွင့္ တာဝန္ရွိသူ မ်ားက လိုက္လံၾကည့္ရႈၿပီး လိုအပ္သည္မ်ား ညႇိႏႈိင္းေဆာင္႐ြက္ေပးသည္။ အလားတူ ေနျပည္ေတာ္၊ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္း၌လည္း သီးသန႔္ေစာင့္ၾကည့္ရမည့္ သူမ်ားအား ယေန႔ေန႔လယ္ပိုင္းတြင္ စတင္လက္ခံခဲ့ရာ ည ၉ နာရီအထိတ႐ုတ္ႏိုင္ငံမွ ျပန္လည္ေရာက္ရွိလာသူ အမ်ိဳးသား ၁ဝ ဦး၊ အမ်ိဳးသမီး ႏွစ္ဦး၊ မူဆယ္၊ ေလာက္ကိုင္၊ လြိဳင္ေကာ္၊ လင္းေခး၊တာခ်ီလိတ္၊ ဟိုပန္၊ မိုင္းေယာင္းႏွင့္ ျမဝတီၿမိဳ႕တို႔မွ ျပန္လည္ေရာက္ရွိလာသူ သံဃာ ေတာ္တစ္ပါး၊ အမ်ိဳးသား ၃ဝ ဦး၊ အမ်ိဳးသမီး ၁၃ ဦး၊ စုစုေပါင္း ၅၆ ဦး ေရာက္ရွိခဲ့ၿပီး ဟိုပန္ၿမိဳ႕မွ ျပန္လည္ေရာက္ရွိလာသူ အမ်ိဳးသားတစ္ဦးသည္ ကိုယ္အပူခ်ိန္ ျမင့္တက္လာေသာေၾကာင့္ ေနျပည္ေတာ္၊ ျပည္သူ႔ေဆး႐ုံ(ခုတင္-၁ဝဝဝ)သို႔ လႊဲေျပာင္းေပး အပ္ခဲ့သျဖင့္ စုစုေပါင္း ေစာင့္ၾကည့္လူနာ၅၅ ဦး လက္ခံထားရွိၿပီးျဖစ္သည္။ 

ေစာင့္ၾကည့္လူနာမ်ား၏ ေနထိုင္စား ေသာက္ေရးႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကို ေနျပည္ေတာ္တိုင္း စစ္ဌာန ခ်ဳပ္ႏွင့္ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္တို႔ရွိ နယ္ေျမခံေဆးကုသေရး အဖြဲ႕မ်ားႏွင့္ တာဝန္ရွိသူမ်ားက ကူညီေဆာင္႐ြက္ေပးလ်က္ရွိ ေၾကာင္းႏွင့္ အဆိုပါ ေစာင့္ၾကည့္လူနာမ်ား အားလုံးမွာ က်န္းမာေရး ေကာင္းမြန္လ်က္ရွိေၾကာင္း သိရွိရသည္။ COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္ ထိန္းခ်ဳပ္ကုသေရး အတြက္ သီးျခားေစာင့္ၾကည့္ ကုသႏိုင္ရန္ ရန္ကုန္တိုင္း ေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ ၂ဝဝဝ ဦးႏွင့္ ေနျပည္ေတာ္ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ ၁၅ဝဝဝ ဦး ေနထိုင္ႏိုင္ရန္အတြက္ စီစဥ္ေဆာင္႐ြက္ ထားရွိေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းများ၌ လက်ခံလျက်ရှိ 

နေပြည်တော် ဧပြီ ၄ 

Coronavirus Disease 2019 (COVID -19)ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီး မတ် ၃၁ ရက် ညနေပိုင်းတွင် စတင်လက်ခံခဲ့ရာ ဧပြီ ၃ရက်အထိ စုစုပေါင်း ၁၁၂ ဦးလက်ခံပြီး သုံးဦးကို အခြားသီးသန့် စောင့်ကြည့်သည့် နေရာသို့ လွှဲပြောင်းခဲ့ကာ ၁ဝ၉ ဦးကို လက်ခံ ထားရှိလျက်ရှိသည်။ 
ယနေ့တွင်လည်း ဆက်လက်လက်ခံခဲ့ရာ ည ၁ဝ နာရီချိန်အထိ တရုတ်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ငါးဦး ထပ်မံရောက်ရှိရာ စောင့်ကြည့်လူနာ စုစုပေါင်း ၁၁၄ ဦးကို လက်ခံခဲ့ပြီးဖြစ်သည်။ ထိုသို့ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အလားတူ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌လည်း သီးသန့်စောင့်ကြည့်ရမည့် သူများအား ယနေ့နေ့လယ်ပိုင်းတွင် စတင်လက်ခံခဲ့ရာ ည ၉ နာရီအထိတရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁ဝ ဦး၊ အမျိုးသမီး နှစ်ဦး၊ မူဆယ်၊ လောက်ကိုင်၊ လွိုင်ကော်၊ လင်းခေး၊တာချီလိတ်၊ ဟိုပန်၊ မိုင်းယောင်းနှင့် မြဝတီမြို့တို့မှ ပြန်လည်ရောက်ရှိလာသူ သံဃာ တော်တစ်ပါး၊ အမျိုးသား ၃ဝ ဦး၊ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၅၆ ဦး ရောက်ရှိခဲ့ပြီး ဟိုပန်မြို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသားတစ်ဦးသည် ကိုယ်အပူချိန် မြင့်တက်လာသောကြောင့် နေပြည်တော်၊ ပြည်သူ့ဆေးရုံ(ခုတင်-၁ဝဝဝ)သို့ လွှဲပြောင်းပေး အပ်ခဲ့သဖြင့် စုစုပေါင်း စောင့်ကြည့်လူနာ၅၅ ဦး လက်ခံထားရှိပြီးဖြစ်သည်။ 

စောင့်ကြည့်လူနာများ၏ နေထိုင်စား သောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို နေပြည်တော်တိုင်း စစ်ဌာန ချုပ်နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တို့ရှိ နယ်မြေခံဆေးကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့် အဆိုပါ စောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး အတွက် သီးခြားစောင့်ကြည့် ကုသနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ၂ဝဝဝ ဦးနှင့် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ၁၅ဝဝဝ ဦး နေထိုင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

Recent News