COVID-19 ေရာဂါကာကြယ္ေရး အေထာက္အကူ ျဖစ္ေစရန္အတြက္ က်န္းမာေရး စစ္ေဆးေပးျခင္း၊ ပိုးသတ္ေဆးဖ်န္းျခင္းမ်ား ေဆာင္ရြက္ 

COVID-19 ေရာဂါကာကြယ္ေရး အေထာက္အကူ ျဖစ္ေစရန္အတြက္ က်န္းမာေရး စစ္ေဆးေပးျခင္း၊ ပိုးသတ္ေဆးဖ်န္းျခင္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဧၿပီ ၄ 

အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ Coronavirus Disease 2019(COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအတြက္ တပ္မေတာ္ အေနျဖင့္ တစ္တပ္တစ္အား ပါဝင္ကူညီ ေဆာင္႐ြက္လ်က္ရွိၿပီး ဘာသာေရး အေဆာက္အအုံမ်ား အပါအဝင္ အမ်ားျပည္သူ အသုံးျပဳလ်က္ရွိေသာ ေနရာမ်ားကို ပိုးသတ္ေဆးဖ်န္းေပးျခင္းမ်ား ေဆာင္႐ြက္ေပးလ်က္ ရွိသည္။ 

ထိုသို႔ ေဆာင္႐ြက္ေပးလ်က္ရွိရာ ယေန႔တြင္ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္အေနျဖင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပုဗၺသီရိၿမိဳ႕နယ္ႏွင့္ ပ်ဥ္းမနားၿမိဳ႕နယ္တို႔၌ လည္းေကာင္း၊ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္အေနျဖင့္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၌ လည္းေကာင္း၊ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ အေနျဖင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕၊ တန႔္ယန္းၿမိဳ႕၊ နမၼတူၿမိဳ႕၊ မန္တုံၿမိဳ႕ႏွင့္ ေလာက္ကိုင္ၿမိဳ႕တို႔၌ လည္းေကာင္း၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္အေနျဖင့္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕၊ ေအးသာယာၿမိဳ႕၊ ေညာင္ေ႐ႊၿမိဳ႕၊ ေ႐ႊေညာင္ၿမိဳ႕၊ ဟိုပုံးၿမိဳ႕၊ ေအာင္ပန္းၿမိဳ႕၊ ဟဲဟိုးၿမိဳ႕၊ ပင္ေလာင္းၿမိဳ႕၊ တီက်စ္ၿမိဳ႕၊ ရပ္ေစာက္ၿမိဳ႕၊ ကေလာၿမိဳ႕၊ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕၊ လြိဳင္လင္ေလးၿမိဳ႕၊ ဒီးေမာ့ဆိုၿမိဳ႕၊ ဖားေဆာင္းၿမိဳ႕၊ ဖ႐ူဆိုၿမိဳ႕ႏွင့္ ေဘာလခဲၿမိဳ႕တို႔၌ လည္းေကာင္း၊ အေရွ႕အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္အေနျဖင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ခိုလမ္ၿမိဳ႕၊ လြိဳင္လင္ၿမိဳ႕၊ မိုးနဲၿမိဳ႕၊ နမ့္စန္ၿမိဳ႕၊ လင္းေခးၿမိဳ႕၊ မိုင္းပန္ၿမိဳ႕၊ လဲခ်ားၿမိဳ႕၊ မိုင္းေနာင္ၿမိဳ႕ႏွင့္ ကြန္ဟိန္းၿမိဳ႕တို႔၌ လည္းေကာင္း၊ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္အေနျဖင့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕ႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔၌ လည္းေကာင္း၊ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္အေနျဖင့္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ႏွင့္ ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕တို႔၌ လည္းေကာင္း၊ ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္အေနျဖင့္ တနသၤာရီတိုင္း ေဒသႀကီး၊ ၿမိတ္ၿမိဳ႕၊ ထားဝယ္ၿမိဳ႕၊ ပုေလာၿမိဳ႕၊ တနသၤာရီၿမိဳ႕ႏွင့္ ဘုတ္ျပင္းၿမိဳ႕တို႔၌ လည္းေကာင္း၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ အေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေမွာ္ဘီၿမိဳ႕နယ္၊ လွည္းကူးၿမိဳ႕နယ္၊ တိုက္ႀကီးၿမိဳ႕နယ္ႏွင့္ ဒလၿမိဳ႕နယ္တို႔၌ လည္းေကာင္း၊ အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္အေနျဖင့္ ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕၊ ငသိုင္းေခ်ာင္းၿမိဳ႕၊ ေရၾကည္ၿမိဳ႕ႏွင့္ က်ဳံေပ်ာ္ၿမိဳ႕တို႔၌ လည္းေကာင္း၊ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္အေနျဖင့္ စစ္ကိုင္းတိုင္း ေဒသႀကီး၊ မုံ႐ြာၿမိဳ႕၊ ေ႐ႊဘိုၿမိဳ႕၊ ကေလးၿမိဳ႕၊ ဟုမၼလင္းၿမိဳ႕၊ မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕၊ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕တို႔၌ လည္းေကာင္း၊ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ အေနျဖင့္ မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕၊ ျပင္ဦးလြင္ၿမိဳ႕၊ သပိတ္က်င္းၿမိဳ႕၊ ေက်ာက္ဆည္ၿမိဳ႕၊ မိတၳီလာၿမိဳ႕၊ မတၱရာၿမိဳ႕ႏွင့္ မေကြးတိုင္းေဒသႀကီး၊ ပဒါန္းၿမိဳ႕တို႔၌ လည္းေကာင္း၊ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္အေနျဖင့္ ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ ျဖဴးၿမိဳ႕၊ အုတ္တြင္းၿမိဳ႕၊ ပဲခူးၿမိဳ႕၊ ျပည္ၿမိဳ႕၊ ပန္းေတာင္းၿမိဳ႕ႏွင့္ ဇီးကုန္းၿမိဳ႕တို႔၌ လည္းေကာင္း ေဆးအဖြဲ႕မ်ားက ဆရာေတာ္ႀကီးမ်ား၊ သံဃာေတာ္မ်ား၊ သာသနာႏြယ္ဝင္သီလရွင္မ်ား၊ ဘာသာေရးေခါင္းေဆာင္မ်ားႏွင့္ ဘာသာေရး အဖြဲ႕ဝင္မ်ား၊ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ား၊ ေဒသခံျပည္သူမ်ား၊ မသန္စြမ္းသူမ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ားကို COVID-19 ေရာဂါႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးေပးျခင္း၊ အပူခ်ိန္ တိုင္းတာေပးျခင္း၊ က်န္းမာေရး အသိပညာေပးျခင္း၊ စနစ္တက် လက္ေဆးသ႐ုပ္ျပျခင္း၊ Mask အသုံးျပဳနည္း သ႐ုပ္ျပသျခင္းမ်ားကို ေဆာင္႐ြက္ေပးၾကသည္။ 

ထိုသို႔ ေဆာင္႐ြက္ေနမႈမ်ားႏွင့္ COVID-19 ေရာဂါႀကိဳတင္ ကာကြယ္ထိန္းခ်ဳပ္ေရးတို႔အတြက္ ျပင္ဆင္ေဆာင္႐ြက္ထားမႈမ်ားကို တိုင္းစစ္ဌာနခ်ဳပ္ အသီးသီးမွ တိုင္းမႉးမ်ားႏွင့္ တာဝန္ရွိသူမ်ားက လိုက္လံၾကည့္ရႈၾကၿပီး အေထာက္အကူျပဳ ေဆးဝါးမ်ား၊ ေရမလို လက္သန႔္ေဆးရည္မ်ား၊ ႏွာေခါင္းစည္းမ်ားႏွင့္ ဆန္၊ ဆီႏွင့္ စားေသာက္ဖြယ္ရာမ်ားကို ဆက္ကပ္ေပးအပ္ လႉဒါန္းၾကသည္။ ထို႔ျပင္ ေဆးအဖြဲ႕မ်ားက ေစတီပုထိုးမ်ား၊ ဘာသာေရး အေဆာက္အအုံမ်ား၊ ေဆး႐ုံမ်ား၊ ဌာနဆိုင္ရာ႐ုံးမ်ား၊ ရိပ္သာမ်ား၊ စာသင္ေက်ာင္းမ်ား၊ အမ်ားျပည္သူ အသုံးျပဳလ်က္ ရွိသည့္ေနရာတို႔ကို ပိုးသတ္ေဆးဖ်န္းျခင္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version) 

COVID-19 ရောဂါကာကွယ်ရေး အထောက်အကူ ဖြစ်စေရန်အတွက် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက် 

နေပြည်တော် ဧပြီ ၄ 

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တပ်မတော် အနေဖြင့် တစ်တပ်တစ်အား ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိပြီး ဘာသာရေး အဆောက်အအုံများ အပါအဝင် အများပြည်သူ အသုံးပြုလျက်ရှိသော နေရာများကို ပိုးသတ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ တန့်ယန်းမြို့၊ နမ္မတူမြို့၊ မန်တုံမြို့နှင့် လောက်ကိုင်မြို့တို့၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ညောင်ရွှေမြို့၊ ရွှေညောင်မြို့၊ ဟိုပုံးမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ပင်လောင်းမြို့၊ တီကျစ်မြို့၊ ရပ်စောက်မြို့၊ ကလောမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်လင်လေးမြို့၊ ဒီးမော့ဆိုမြို့၊ ဖားဆောင်းမြို့၊ ဖရူဆိုမြို့နှင့် ဘောလခဲမြို့တို့၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လွိုင်လင်မြို့၊ မိုးနဲမြို့၊ နမ့်စန်မြို့၊ လင်းခေးမြို့၊ မိုင်းပန်မြို့၊ လဲချားမြို့၊ မိုင်းနောင်မြို့နှင့် ကွန်ဟိန်းမြို့တို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တို့၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ ထားဝယ်မြို့၊ ပုလောမြို့၊ တနင်္သာရီမြို့နှင့် ဘုတ်ပြင်းမြို့တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ဒလမြို့နယ်တို့၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ငသိုင်းချောင်းမြို့၊ ရေကြည်မြို့နှင့် ကျုံပျော်မြို့တို့၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ရွှေဘိုမြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ချင်းပြည်နယ်၊ ဟားခါးမြို့တို့၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ သပိတ်ကျင်းမြို့၊ ကျောက်ဆည်မြို့၊ မိတ္ထီလာမြို့၊ မတ္တရာမြို့နှင့် မကွေးတိုင်းဒေသကြီး၊ ပဒါန်းမြို့တို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဖြူးမြို့၊ အုတ်တွင်းမြို့၊ ပဲခူးမြို့၊ ပြည်မြို့၊ ပန်းတောင်းမြို့နှင့် ဇီးကုန်းမြို့တို့၌ လည်းကောင်း ဆေးအဖွဲ့များက ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများ၊ မသန်စွမ်းသူများနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးသရုပ်ပြခြင်း၊ Mask အသုံးပြုနည်း သရုပ်ပြသခြင်းများကို ဆောင်ရွက်ပေးကြသည်။ 

ထိုသို့ ဆောင်ရွက်နေမှုများနှင့် COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပြီး အထောက်အကူပြု ဆေးဝါးများ၊ ရေမလို လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်းများနှင့် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ဆက်ကပ်ပေးအပ် လှူဒါန်းကြသည်။ ထို့ပြင် ဆေးအဖွဲ့များက စေတီပုထိုးများ၊ ဘာသာရေး အဆောက်အအုံများ၊ ဆေးရုံများ၊ ဌာနဆိုင်ရာရုံးများ၊ ရိပ်သာများ၊ စာသင်ကျောင်းများ၊ အများပြည်သူ အသုံးပြုလျက် ရှိသည့်နေရာတို့ကို ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။  

Recent News