ပလက္၀ၿမိဳ႕နယ္၊ ထရြန္အိုင္ ေက်းရြာမွ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ ဆက္ႏြယ္သူ ၂ ဦးအား ဖမ္းဆီးရမိ 

ပလက္၀ၿမိဳ႕နယ္၊ ထရြန္အိုင္ ေက်းရြာမွ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ ဆက္ႏြယ္သူ ၂ ဦးအား ဖမ္းဆီးရမိ 

ေနျပည္ေတာ္ ၊ ဧၿပီ - ၄ 

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ သရက္အုပ္ေက်း႐ြာအတြင္း AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက ေဒသခံ႐ြာသူ၊ ႐ြာသားမ်ား အသြင္ျဖင့္ ေနထိုင္ၿပီး ဆက္ေၾကးေကာက္ခံ ျခင္း၊ လူသစ္စုေဆာင္းျခင္းမ်ား ျပဳလုပ္ေန သည့္ ဦးေအာင္စံလွ၊ အသက္ ၅၆ ႏွစ္(ဘ) ဦးသာလွေအာင္ အပါအဝင္ AA အၾကမ္းဖက္ေသာင္းက်န္းသူ ၃ ဦးတို႔ အား AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား စုပုံထားသည့္ရိကၡာမ်ား၊ ေဆးဝါးမ်ား၊ NGO အဖြဲ႕အစည္းမ်ားမွ စစ္ေဘးေရွာင္ စခန္းသို႔ ေထာက္ပံ့သည့္ ရိကၡာပစၥည္းမ်ားႏွင့္ မိုင္းေထာင္ေဖာက္ခြဲရာတြင္ အသုံးျပဳသည့္ ဆက္စပ္ ပစၥည္းမ်ား ႏွင့္အတူ ဖမ္းဆီး ရမိသည့္ သတင္းအား ဧၿပီ ၃ ရက္တြင္ သတင္းထုတ္ျပန္ခဲ့ပါသည္။ 
အလားတူပင္ ပလက္ဝၿမိဳ႕နယ္၊ ထ႐ြန္အိုင္ေက်း႐ြာမွ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ ဆက္ႏြယ္ သူမ်ား ျဖစ္ေသာ ေအာင္သိန္းမင္း၊ အသက္ ၃၉ ႏွစ္(ဘ) ဦးသာျဖဴေအာင္ ထ႐ြန္အိုင္ ေက်း႐ြာေနသူႏွင့္ မမိုးစႏၵာ (ခ) ဗိုလ္မေခ် ၊ အသက္ ၂၁ ႏွစ္(ဘ) ဦးေမာင္လတ္၊ ေက်ာက္တန္း ေက်း႐ြာေနသူတို႔ ၂ ဦးအား သက္ေသ အေထာက္ အထားမ်ား ႏွင့္အတူ ထပ္မံ ဖမ္းဆီး ရမိခဲ့ေၾကာင္း သိရွိရသည္။ 

ေအာင္သိန္းမင္းသည္ AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕အတြက္ ၂၀၁၄ ခုႏွစ္မွစတင္၍ ရိကၡာတာဝန္ခံ အျဖစ္ ေဆာင္႐ြက္ခဲ့သူျဖစ္ၿပီး မိုးစႏၵာ(ခ) ဗိုလ္မေခ်သည္ ေနရပ္ျဖစ္ေသာ ေက်ာက္တန္းေက်း႐ြာတြင္ ႐ြာခန႔္ ရခိုင္စာသင္ ဆရာမ အျဖစ္ လုပ္ကိုင္ခဲ့ရာမွ ထ႐ြန္အိုင္ ေက်း႐ြာသို႔ ၂၀၂၀ ျပည့္ႏွစ္ မတ္လဆန္းပိုင္းတြင္ ႐ြာသူ အသြင္ျဖင့္ ေရာက္ရွိ ေနထိုင္ခဲ့ကာ တပ္မေတာ္ စစ္ေၾကာင္းတစ္ခုမွ စစ္သည္ တစ္ဦးအား သမီးရည္းစား အဆင့္သို႔ ေရာက္ ေအာင္ ျဖားေယာင္း ေဆြးေဆာင္ၿပီးေနာက္ AA အၾကမ္းဖက္ အဖြဲ႕သို႔ ဝင္ေရာက္ရန္ႏွင့္ စစ္ေၾကာင္း၏ သတင္းမ်ား ႀကိဳတင္ရရွိရန္ စည္း႐ုံးခဲ့ေၾကာင္း သိရွိရသည္။ 

ရခိုင္ျပည္နယ္ အတြင္း တပ္မေတာ္စစ္ေၾကာင္း အသီးသီးသို႔လည္း အဆိုပါ ျဖစ္စဥ္မ်ိဳး လုပ္ႀကံစည္း႐ုံးရန္ ႀကိဳတင္ သတင္း ရရွိသျဖင့္ သတင္းျဖန႔္ေဝ ထားမႈအရ လည္းေကာင္း၊ စည္း႐ုံးခံရသည့္ စစ္သည္ကလည္း သစၥာရွိစြာ အျဖစ္ မွန္ကို အထက္ဌာနသို႔ တင္ျပခဲ့သျဖင့္ လည္းေကာင္း မိုးစႏၵာ(ခ) ဗိုလ္မေခ်အား ဖမ္းဆီး ရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ ဆက္ႏြယ္ေသာ အဆိုပါဖမ္းဆီး ရမိသူႏွစ္ဦးအား တရား ဥပေဒအရ အေရးယူေဆာင္႐ြက္ႏိုင္ေရး သက္ဆိုင္ရာနယ္ေျမ ရဲစခန္းသို႔ လႊဲေျပာင္း အပ္ႏွံခဲ့ေၾကာင္း သတင္းရရွိ သည္။

 

(Unicode Version)

 

ပလက်ဝမြို့နယ်၊ ထရွန်အိုင် ကျေးရွာမှ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွယ်သူ ၂ ဦးအား ဖမ်းဆီးရမိ 

နေပြည်တော် ၊ ဧပြီ - ၄ 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာအတွင်း AA အကြမ်းဖက် သောင်းကျန်းသူများက ဒေသခံရွာသူ၊ ရွာသားများ အသွင်ဖြင့် နေထိုင်ပြီး ဆက်ကြေးကောက်ခံ ခြင်း၊ လူသစ်စုဆောင်းခြင်းများ ပြုလုပ်နေ သည့် ဦးအောင်စံလှ၊ အသက် ၅၆ နှစ်(ဘ) ဦးသာလှအောင် အပါအဝင် AA အကြမ်းဖက်သောင်းကျန်းသူ ၃ ဦးတို့ အား AA အကြမ်းဖက် သောင်းကျန်းသူများ စုပုံထားသည့်ရိက္ခာများ၊ ဆေးဝါးများ၊ NGO အဖွဲ့အစည်းများမှ စစ်ဘေးရှောင် စခန်းသို့ ထောက်ပံ့သည့် ရိက္ခာပစ္စည်းများနှင့် မိုင်းထောင်ဖောက်ခွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ နှင့်အတူ ဖမ်းဆီး ရမိသည့် သတင်းအား ဧပြီ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ 
အလားတူပင် ပလက်ဝမြို့နယ်၊ ထရွန်အိုင်ကျေးရွာမှ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွယ် သူများ ဖြစ်သော အောင်သိန်းမင်း၊ အသက် ၃၉ နှစ်(ဘ) ဦးသာဖြူအောင် ထရွန်အိုင် ကျေးရွာနေသူနှင့် မမိုးစန္ဒာ (ခ) ဗိုလ်မချေ ၊ အသက် ၂၁ နှစ်(ဘ) ဦးမောင်လတ်၊ ကျောက်တန်း ကျေးရွာနေသူတို့ ၂ ဦးအား သက်သေ အထောက် အထားများ နှင့်အတူ ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။ 

အောင်သိန်းမင်းသည် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အတွက် ၂၀၁၄ ခုနှစ်မှစတင်၍ ရိက္ခာတာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး မိုးစန္ဒာ(ခ) ဗိုလ်မချေသည် နေရပ်ဖြစ်သော ကျောက်တန်းကျေးရွာတွင် ရွာခန့် ရခိုင်စာသင် ဆရာမ အဖြစ် လုပ်ကိုင်ခဲ့ရာမှ ထရွန်အိုင် ကျေးရွာသို့ ၂၀၂၀ ပြည့်နှစ် မတ်လဆန်းပိုင်းတွင် ရွာသူ အသွင်ဖြင့် ရောက်ရှိ နေထိုင်ခဲ့ကာ တပ်မတော် စစ်ကြောင်းတစ်ခုမှ စစ်သည် တစ်ဦးအား သမီးရည်းစား အဆင့်သို့ ရောက် အောင် ဖြားယောင်း ဆွေးဆောင်ပြီးနောက် AA အကြမ်းဖက် အဖွဲ့သို့ ဝင်ရောက်ရန်နှင့် စစ်ကြောင်း၏ သတင်းများ ကြိုတင်ရရှိရန် စည်းရုံးခဲ့ကြောင်း သိရှိရသည်။ 

ရခိုင်ပြည်နယ် အတွင်း တပ်မတော်စစ်ကြောင်း အသီးသီးသို့လည်း အဆိုပါ ဖြစ်စဉ်မျိုး လုပ်ကြံစည်းရုံးရန် ကြိုတင် သတင်း ရရှိသဖြင့် သတင်းဖြန့်ဝေ ထားမှုအရ လည်းကောင်း၊ စည်းရုံးခံရသည့် စစ်သည်ကလည်း သစ္စာရှိစွာ အဖြစ် မှန်ကို အထက်ဌာနသို့ တင်ပြခဲ့သဖြင့် လည်းကောင်း မိုးစန္ဒာ(ခ) ဗိုလ်မချေအား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွယ်သော အဆိုပါဖမ်းဆီး ရမိသူနှစ်ဦးအား တရား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိ သည်။

Recent News